Home သတင်း NLD ၏ ဆုံးဖြတ်ချက်အ‌ပေါ် ENC ကြိုဆို

NLD ၏ ဆုံးဖြတ်ချက်အ‌ပေါ် ENC ကြိုဆို

1594
နိုဝင်ဘာလ ၂၁ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD)မှ ယခုလ ၁၈ရက်‌နေ့က ပါတီမှတ်ပုံတင်ရန်နှင့် ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ရန် ဆုံးဖြတ် ချက်အ‌ပေါ် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ (Ethnic Nationalities Council-ENC)က ကြိုဆို‌ကြောင်း ယမန်‌နေ့က ‌ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဒေါက်တာ‌ရွှေခါးက “ကျ‌နော်တို့ ကြိုဆိုတယ် ဆိုတာက အခုချိန်မှာ မြန်မာပြည်က အ‌ပြောင်းအလဲ ‌တွေ ‌နောက်ပြန်မဆုတ်ဖို့ရယ်။ အ‌ပြောင်းအလဲက‌နေ ‌နောက်ထပ် ကြီးမားတဲ့ အ‌ပြောင်းအလဲဖြစ်လာဖို့ ယုံကြည်လို့ပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၂၀၁၄ ခုနှစ်တွင် အ‌ရှေ့‌တောင်အာရှနိုင်ငံများအသင်း-အာစီယံ၏ ဥက္ကဌ ဖြစ်လာမည့် မြန်မာနိုင်ငံကိုလည်း ကြိုဆိုသည်ဟု လည်း ENC က ‌ပြောသည်။

တဆက်တည်း၌ပင် လက်ရှိ မြန်မာ့နိုင်ငံ‌ရေးပြဿနာကို ညှိနှိုင်း‌ဆွေး‌နွေးမှုဖြင့် ‌ဖြေရှင်းနိုင်မည်ဟု ယုံကြည်‌ကြောင်း၊ ‌ဒေါ်စုနှင့် သမ္မတ ဦးသိန်းစိန်အကြား ‌တွေ့ဆုံမှုတွင် နားလည်မှုအဆင့်သို့ ‌ရောက်‌စေပြီး အ‌ပေါင်းလက္ခဏာအသွင်‌ဆောင်ကာ NLD အား ပါတီမှတ်ပုံတင်ခြင်းအဆင့် ဦးတည်‌စေခဲ့‌ကြောင်း ENC ၏ ‌ကြေညာချက်တွင် ‌ထောက်ပြထားသည်။

မြန်မာအစိုးရအား အလားတူ ချဉ်းကပ်မှုများ ပြုလုပ်၍ ကချင်‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် စစ်ပွဲများ ချက်ချင်းရပ်ဆိုင်း‌ပေး‌စေ ပြီး တိုင်းရင်းသားအဖွဲ့များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးလုပ်‌ဆောင်လာရန် တိုက်တွန်းထားသကဲ့သို့ အကျဉ်း‌ထောင်အတွင်း ကျန် ရှိ‌နေ‌သေးသည့် နိုင်ငံ‌ရေးအကျဉ်းသားများအားလုံးကိုလည်း ချက်ချင်း လွှတ်‌ပေးရန်လည်း ENC က ‌တောင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ‌ဒေသတွင်းဆိုင်ရာ၊ နိုင်ငံတကာနှင့်ဆိုင်‌သော လူမျိုးစု ပဋိပက္ခများ၊ လူသားနှင့် မူးယစ်‌ဆေးဝါး ကုန် ကူးမှုများ၊ HIV/AIDS နှင့် အခြားကူးစက်‌ရောဂါများ အဆုံးသတ်ရန် ကမ္ဘာ့ကုလသမဂ္ဂ-UN၊ ဥ‌ရောပယူနီယံ-EU၊ အ‌မေရိကန်၊ ဂျပန်၊ တရုတ်၊ အိနိ္ဒယ၊ ဘဂင်္လား‌ဒေ့ရှ်၊ အာစီယံကဲ့သို့ နိုင်ငံများက မြန်မာအစိုးရအား ကူညီပံ့‌ပေးရန် လိုအပ်သည်ဟု ENC ၏ ‌ကြေညာချက်၌ ပါရှိသည်။

‌ဒေါက်တာ‌ရွှေခါးက “ဒီကိစ္စဟာ ‌ဒေသတွင်းမှာ‌ကော၊ နိုင်ငံတကာမှာပါ သက်ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ အာစီယံရဲ့ အိမ်ရှင် ဥက္ကဌ ဖြစ်လာ‌တော့မယ်ဆိုရင် အိမ်ရှင်က ဒီကိစ္စ‌တွေကို ‌ဆောင်ရွက်‌နေကြတာဖြစ်တယ်။ မြန်မာအစိုးရလည်း ဥက္ကဌဖြစ်မယ် ဆိုရင် ဒီကိစ္စကို အင်တိုက်အားတိုက် ‌ဆောင်ရွက်ရမှာ ဖြစ်တယ်။”ဟု ရှင်းပြသည်။

တိုင်းရင်းသားလူမျိုးများ‌ကောင်စီ (ENC) သည် ၂၀၀၁ ခုနှစ် ဩဂုတ်လ၌ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် စတင် ဖွဲ့စည်းခဲ့ သည်။ စတင်ဖွဲ့စည်းစဉ်က ENSCC (Ethnic Nationalities Solidarity and Cooperation Committee) နာမည်ဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။