Home သတင်း ၉ဝ ‌ရွေး‌ကောက်ပွဲနိုင် တိုင်းရင်းသားပါတီများ ပါတီမှတ်ပုံတင်‌ရေး မစဉ်းစား‌သေး

၉ဝ ‌ရွေး‌ကောက်ပွဲနိုင် တိုင်းရင်းသားပါတီများ ပါတီမှတ်ပုံတင်‌ရေး မစဉ်းစား‌သေး

1717
နိုဝင်ဘာလ ၂၁ရက်။ (‌ကေအိုင်စီ)

၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိပြီး တရားမဝင်ပါတီအဖြစ် အဖျက်သိမ်းခံထားရသည့် တိုင်းရင်းသား နိုင်ငံ‌ရေးပါတီများမှာ ပါတီမှတ်ပုံတင်‌ရေး/မတင်‌ရေးကိစ္စကို ယ‌နေ့အထိ မစဉ်းစားရ‌သေး‌ကြောင်း ပါတီ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

နိုဝင်ဘာ ၁၈ရက်‌နေ့တွင် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်ပြီး လာမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့‌သော်လည်း တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများက နိုင်ငံ‌ရေးအကျဉ်းသားများ မလွှတ်‌သေး သ‌ရွေ့ ပါတီမှတ်ပုံတင်မည့်ကိစ္စ စဉ်းစားဦးမည်မဟုတ်‌ကြောင်း ‌ပြောဆို‌နေကြသည်။

ရခိုင်ဒီမိုက‌ရေစီအဖွဲ့ချုပ် ‌ခေါင်း‌ဆောင် ဦး‌အေးသာ‌အောင်က “ကျ‌နော်တို့က ‌ထောင်ထဲမှာရှိ‌နေတဲ့ တိုင်းရင်းသား‌ခေါင်း‌ဆောင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား‌တွေ မလွတ်‌သေး‌တော့ ဒီမှတ်ပုံတင်မယ့်ကိစ္စကို စဉ်းစားမှာမဟုတ်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NLD ပါတီအ‌နေနှင့် ပါတီမှတ်ပုံတင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချလိုက်သည့်အ‌ပေါ် သူ့အ‌နေနှင့် ကန့်ကွက်စရာ မရှိ ‌ကြောင်းလည်း ၎င်းက ‌ပြောဆိုသည်။

၁၉၉ဝခုနှစ်က ‌ရွေး‌ကောက်ပွဲဝင် တိုင်းရင်းသားပါတီများဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင် ဒီမိုက‌ရေစီအဖွဲ့ချုပ်(ALD)၊ မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(MNDF)၊ ဇိုမီးအမျိုးသားကွန်ဂရက်(ZNC) စသည့်ပါတီများလည်း ၎င်းတို့၏ပါတီ မှတ်ပုံတင်မည့်ကိစ္စကို စဉ်းစားခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(MNDF) ဥက္ကဋ္ဌ နိုင်‌ငွေသိမ်းက “ပါတီမှတ်ပုံတင် မတင်ဆိုတဲ့ကိစ္စက ကျ‌နော်တို့ မစဉ်းစား ‌သေးဘူး။ ဘာလို့လဲဆို‌တော့ ကျ‌နော်တို့က နိုင်ငံ‌ရေးအကျဉ်းသား လွှတ်‌ပေးဖို့၊ ပြီး‌တော့ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ စတာ‌တွေကို ဖြစ်မ လာ‌သေးဘဲနဲ့ ကျ‌နော်တို့ မှတ်ပုံတင်မှာမဟုတ်ဘူး”ဟု ‌ပြောသည်။

ထိုနည်းတူ ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ် (SNLD) လည်း သူတို့ ‌ခေါင်း‌ဆောင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံ‌ရေး အကျဉ်းသားများ လွှတ်‌ပေးခြင်း မရှိ‌သေးပါက ပါတီမှတ်ပုံတင်မည် မဟုတ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ‌ရွေး‌ကောက်ပွဲမတိုင်ခင် နိုင်ငံ‌ရေးပါတီများ ပါတီမှတ်ပုံတင်ချိန်တွင် မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့သည့် ၁၉၉ဝ ‌ရွေး ‌ကောက်ပွဲတွင် အနိုင်ရရှိထား‌သော NLD ပါတီ အပါအဝင် တိုင်းရင်းသားပါတီအချို့မှာ နိုင်ငံ‌ရေးပါတီအဖြစ်မှ ဖျက်သိမ်းခံထား ရသည်။

NLD ပါတီ အပါအဝင် အဖျက်သိမ်းခံရသည့် နိုင်ငံ‌ရေးပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို အ‌ခြေခံကာ ကျင်းပခဲ့ သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ပါတီမှတ်ပုံတင်ခြင်းမပြုဘဲ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်လာခဲ့ကြသည်။

NLD ပါတီသည် ၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိထားကြသည့် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် စု‌ပေါင်း ဖွဲ့စည်းထား သည့် ပြည်သူ့လွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ (CRPP) အဖွဲ့ဝင်လည်း ဖြစ်သည်။