Home သတင်း ပြည့်တန်ဆာများအတွက် ပညာ‌ပေးသင်တန်းကို ရဲဝန်ထမ်းပါ တက်‌ရောက်မည်

ပြည့်တန်ဆာများအတွက် ပညာ‌ပေးသင်တန်းကို ရဲဝန်ထမ်းပါ တက်‌ရောက်မည်

1730
နိုဝင်ဘာလ ၂ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်မြို့ရှိ အမျိုးသားကာလသား ခုခံကျတိုက်ဖျက်‌ရေးဌာန(NAP) STD Team များရှိရာ မြို့နယ် ၉မြို့နယ်တွင် ပြည့်တန် ဆာ အမျိုးသမီးများအတွက် အသိပညာ‌ပေးသင်တန်းပြုလုပ်ရန်ရှိပြီး သင်တန်းတွင် ရဲဝန်ထမ်းများပါ တက်‌ရောက်‌ဆွေး‌နွေး မည်ဟု သိရသည်။

သင်တန်းဖြစ်‌မြောက်အတွက် လူငယ်ထုအတွင်း HIV/AIDs ‌ရောဂါပိုး ကင်းစင်‌စေ‌ရေး လုပ်‌ဆောင်‌ပေးလျှက်ရှိသည့် အစိုးရ မဟုတ်‌သောအဖွဲ့ UNFPA က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၄ရက်‌နေ့တွင် လှိုင်သာယာမြို့နယ်မှစ၍ စတင်မည်ဖြစ် သည်။

တက်‌ရောက်မည့် ပြည့်တန်ဆာများနှင့် ရဲဝန်ထမ်းများအကြား အသိ‌ပေး ‌ဆွေး‌နွေးတင်ပြ ‌တောင်းဆိုခြင်းများ ပြုလုပ်‌ပေးမည် ဖြစ်သည့်အတွက် သင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြည့်တန်ဆာများအတွက် အလုပ်လုပ်‌ပေး‌နေသူ Alliance Myanmar မှ မနှင်းနှင်းယုက ‌ပြောသည်

“ပြဿနာဖြစ်ရင် ဥပ‌ဒေ‌ကြောင်းအရ ရဲ‌တွေနဲ့ ပြည့်တန်ဆာ‌တွေကြားမှာ လွဲမှား‌နေတာ‌တွေရှိရင် ဘယ်လိုညှိယူမလဲ။ ဒီသင် တန်း‌တွေမှာ ထူးခြားတာက ပြည့်တန်ဆာ‌တွေကိုယ်တိုင် သင်တန်းအကူ‌တွေအဖြစ် လုပ်မှာ။ ‌နောက် ရဲဝန်ထမ်း‌တွေကိုပါ တက်‌စေမှာ‌လေ။”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို သင်တန်းမျိုးကို အစိုးရလက်‌အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်‌သော အဖွဲ့အစည်း NGOs များမှ အကြိမ် ကြိမ် ပူး‌ပေါင်း လုပ်‌ဆောင်‌ပေးသင့်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

သင်တန်းတက်‌ရောက်မည့် ပြည့်တန်ဆာ အမျိုးသမီးတဦးက “သင်တန်းမှာ မြို့နယ်ရဲမှုး‌တွေပါ လာမယ်လို့ကြားတယ်။ သိချင် တာ‌တွေလည်း ‌မေးရမယ်။ ကျမတို့ကို ဘယ်လို ဥပ‌ဒေ‌တွေနဲ့ ဖမ်းနိုင်လဲဆိုတာမျိုး‌ပေါ့။”ဟု ‌ပြောသည်။

ပြီးခဲ့သည့်လက မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၌ ည‌နေခင်းတွင် လမ်း‌လျှောက်‌နေသည့် ပြည့်တန်ဆာ အမျိုးသမီးတဦးကို သက် ဆိုင်ရာ နယ်‌မြေခံရဲများက အ‌ကြောင်းမဲ့ ဖမ်းဆီးခဲ့‌ကြောင်းလည်း သူမက ရှင်းပြသည်။

မြန်မာပြည်တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်‌မွေး‌နေရ‌သော အမျိုးသမီးအများစုမှာ ဥပ‌ဒေကို နားမလည်သဖြင့် အချို့မှာ ဥပ‌ဒေနှင့်မညီစွာ ဖမ်းဆီးခံရခြင်းဖြစ်‌ကြောင်း သိရသည်။

သင်တန်းတွင် ကိုယ်ခံအားကျဆင်း‌ရောဂါ (HIV/AIDs) နှင့်ဆိုင်‌သော ပညာ‌ပေးခြင်းအပြင် သားဆက်ခြားခြင်းဆိုင်ရာ ပညာ ‌ပေးမှုများလည်း ပါဝင်မည်ဟု မနှင်းနှင်းယုက ဖြည့်စွက်‌ပြောဆိုသည်။

သို့‌သော် သင်တန်းပြုလုပ်မည့် မြို့နယ်မည်မျှရှိသည်ကို သိရှိရန်အတွက် UNFPA ကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ ဖုန်းလိုင်းပြတ်‌တောက်‌နေခဲ့သည်။

UNFPA သည် လူငယ်ထုအတွင်း HIV ‌ရောဂါပိုး ကင်းစင်‌စေ‌ရေးအတွက် လုပ်‌ဆောင်‌ပေးလျှက်ရှိပြီး အမျိုးသမီးငယ်များနှင့် မိန်းမငယ်များအတွက် HIV ကာကွယ်‌ရေးအသိ‌ပေး‌ဆွေး‌နွေးခြင်းများကိုလည်း လုပ်‌ဆောင်‌နေသည့် NGOs အဖွဲ့တခုဖြစ် သည်။