အောက်တိုဘာ ၂ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့တွင် ဒေသခံအစိုးရ ပညာရေးဝန်ထမ်းများကို ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲထည့်ရန် မဲဆွယ်စည်းရုံးမှုများရှိနေကြောင်း အဆိုပါဒေသခံ ပညာရေးဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သူက “အခု ရွေးကောက်ပွဲလည်း နီးလာပြီးလေ။ ဒုံသမိချောင်း အရှေ့ခြမ်း၊ အနောက်ခြမ်းမှာရှိတဲ့ ဒေသတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို ကြံ့ဖွံ့ပါတီဝင်တွေက စာရေးပြီး ခေါ်ယူစည်းဝေးတာတို့်၊ ပြီးတော့ လစာထုတ်ချိန်မှာဆိုရင် တိုက်ရိုက်တော့ မပြောဘူး။ အရိပ်အမြွက်လေးတွေပေါ့။ မဲထည့်ရင် လစာတိုးပေးမယ်ဆိုတာမျိုးတွေ ပြောလာတာ ရှိတယ်။”ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါ ဒေသများတွင် အခြားပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်လှုပ်ရှားခြင်း သိပ်မတွေ့ရသော်လည်း ကြံ့ဖွံ့ပါတီဝင်အနေ ဖြင့် ၎င်းတို့ပါတီ မဲရရှိရေးအတွက် လူထုများကို စည်းရုံးဟောပြောခြင်း၊ ငွေကြေးပေး၍ စည်းရုံးခြင်းများကို ပြီးခဲ့သော စက်တင် ဘာလမှစ၍ ယခုအချိန်ထိ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
ထို့အပြင် ဒေသခံများ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ရိုက်ကူးလုပ်ဆောင်ပေးလျှက်ရှိပြီး ယခင်ကထက် ငွေကြေးကုန်ကျမှု များ စွာ သက်သာသည်ဟုလည်း အဆိုပါပုဂ္ဂိုလ်က ယခုလို ပြောပြသည်။
“အရင်က လူတစ်ယောက် မှတ်ပုံတင်ရိုက်မယ်ဆိုရင် အနည်းဆုံး (၁၀,၀၀၀)ကျပ် ပေးရပေမဲ့ အခုလို ရွေးကောက်ပွဲ နီးလာ တော့ သက်ဆိုင်ရာ အာဏာပိုင်တွေက မှတ်ပုံတင်လုပ်တဲ့သူတစ်ယောက်ကို ၂၀၀ဝကျပ်ပဲ တောင်းပြီး ရိုက်ပေးတော့တယ် လေ။ ဒါမျိုးလေးတွေက သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်စည်းရုံးမှုတစ်မျိုးပဲဆိုတာ ကျောင်းဆရာ၊ ဆရာမတွေကတော့ ရိပ်မိနေကြ တယ်။”ဟု ဆိုသည်။
ယခုလို ရွေးကောက်ပွဲကျင်းပရန် ၁ဝရက်ကျော်သာ လိုတော့သည့်အချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ် တော်အသီးသီးမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကို အောက်တိုဘာလ ၃ဝရက်နေ့တွင် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားခဲ့သည်။