Home Authors Posts by KIC News

KIC News

5455 POSTS 0 COMMENTS

ပြည်ပရောက်ကရင်လူငယ်များက သထုံမြို့နယ်ရှိ မူလွန်ကျောင်းဆောက်ရန် သိန်း ၈၀ကျော်လှူဒါန်း

ဧပြီ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး ကလေးများ ပညာမြှင့်မားလာရေး ရည်ရွယ်၍ မွန်ပြည်နယ်၊ သထုံမြို့နယ် ကော့လှိုင်းကြီးကျေးရွာတွင် ကိုယ်ထူကိုယ်ထ မူလ တန်းလွန်ကျောင်း ဆောက်လုပ်နိုင်ရန် ပြည်တွင်းပြည်ပရောက် ကရင်လူငယ်များဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသည့် အွန်လိုင်း ကရင်လူငယ်အဖွဲ့(OKYG)မှ ကျပ်သိန်း ၈၀ကျော် လှူဒါန်းလိုက်သည်။ အဆိုပါလှူဒါန်းငွေကို ယခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းပိုင်းက ကျပ်သိန်း...

သံဃာတော်တစ်ပါး သတ်ဖြတ်ခံရမှုအပေါ် ကရင်လက်နက်ကိုင်အဖွဲ့များ အထူးခုံရုံးဖွဲ့စစ်ဆေးမည်

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ယမန်နှစ်က အသတ်ခံခဲ့ရသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုတွင် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေသည့်အပေါ် အရေးယူ အပြစ်ပေးနိုင်ရန် ကရင်လက်နက်ကိုင် (၄)ဖွဲ့ ပါဝင်သည့် အထူးခုံရုံးတရားစီရင်ရေးအဖွဲ့ကို ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတစ်နေရာတွင် ဧပြီလ ၂၀ရက်နေ့က ဖွဲ့စည်းလိုက်သည်။ အထူးခုံရုံး တရားစီရင်ရေး...

ကရင်ပြည်နယ်တွင် အစိုးရစစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်ချက်ရာခိုင်နှုန်း ၅၀သာရှိ

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဦးဆုံးအကြိမ် ပြန်လည်ကျင်းပသည့် စတုတ္ထ တန်းနှင့် အဋ္ဌမတန်း အစိုးရစစ် အတန်းတင်စာမေးပွဲ အောင်ချက်မှာ ကရင်ပြည်နယ်တစ်ခုလုံးတွင် ၅၀ရာခိုင်နှုန်းသာရှိသည်ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။ ယခုလ ဧပြီ ၁၈ရက်နေ့က ယင်းအစိုးရ အတန်းတင်စာမေးပွဲ အောင်စာရင်းထွက်လာပြီးနောက်...

အပစ်ရပ်စာချုပ်မူကြမ်းနှင့် တိုင်းရင်းထိပ်သီးခေါင်းဆောင် ဆွေးနွေးပွဲအတွက် KNU အရေးပေါ် စည်းဝေး

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး - NCA စာချုပ်မူကြမ်းပါ အချက်များကို သဘောတူကြောင်း သဘောတူလက်မှတ်ထိုးမှုနှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရေးကိစ္စများကို ဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ တပ်မဟာ...

သတ္တုစမ်းသပ်တူးဖော်ရေးခွင့်ပြုမှု ပွင့်လင်းမှုမရှိဟု ဒေသဖွံ့ဖြိုးစောင့်ကြည့်ရေးအဖွဲ့ ပြော

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စလဲကျေးရွာအုပ်စု၊ နော်ပယ်ကျေးရွာအနီး တောင်ပေါ်ဒေသ၌ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် အစိုးရတို့၏ ခွင့်ပြုချက်ဖြင့် ရတနာစိုင်းကောင်းမြတ်ကျော်ကုမ္ပဏီက သတ္တုစမ်း သပ်တူးဖော်ရေးလုပ်ကိုင်ခြင်းမှာ ဒေသခံများအပေါ် ပွင့်လင်းမြင်သာမှုမရှိဟု ဒေသဖွံ့ဖြိုးစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုလိုက်သည်။ ယင်းခွင့်ပြုချက်ကို ကေအဲန်ယူက ယခင်နှစ် ဧပြီလ၌လည်းကောင်း၊ မြန်မာအစိုးရက ဒီဇင်ဘာလ၌လည်းကောင်း...

သိမ်းဆည်းခံမြေယာများ ပြန်ရရှိရေး ကျေးရွာ ၂၀ကျော်မှ ကရင်ဒေသခံများ ကော်မတီတစ်ရပ်ဖွဲ့စည်း

ဧပြီ ၂၀ရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း သိမ်းဆည်းခံရသည့် လယ်မြေများ ပြန်လည်ရရှိရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ တောင်ငူမြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ကျော်မှ ဒေသခံလယ်သမားများ စုပေါင်းကာ သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေး ကော်မတီတစ်ရပ်ကို ဧပြီလ ၁၈ရက်နေ့က ဖွဲ့စည်းခဲ့သည်။ ဒေသခံတောင်သူလယ်သမားများ ဦးဆောင်၍...

ကရင်မျိုးနွယ်စု အမည်မှန်များ ဖော်ထုတ်ရန် KAC ဦးဆောင်လှုပ်ရှား

ဧပြီ ၂၀ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့ ကရင်တိုင်းရင်းသားလူမျိုးထဲတွင် မျိုးနွယ်စုအမည်မှန်များ ဖော်ထုတ်ရန်အတွက် ကရင်ရေးရာကော်မတီ(KAC)မှ ဦးဆောင်၍ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ကျောက်တလုံးကျေးရွာတွင် ကရင်မျိုးနွယ်စုဆိုင်ရာ တွေ့ဆုံပွဲကို ဧပြီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ဖားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းရှိ ကော့ရင်း(အထက်)၊ ကော့ရင်း(အောက်)၊ ကျောက်တလုံး၊ နှစ်ခြား၊...

လမ်းပျောက်တဲ့ကြယ်

(လင်္ကာဒီပ) ဘာသာ စကား စာပေ ရေမြေ ဓလေ့ ယဉ်ကျေးမှု သုခုမလက္ခဏာ သင်္ကေတ လူမျိုးတမျိုးရဲ့ ပြည့်စုံတဲ့အင်္ဂါ အာဏာရှင်တော်လှန်လာတာလည်း နှစ်(၆၀)ကျော် ကြွေးကြော်သံ (၄)ရပ်လည်းရှိ တော်လှန်ရေးမှာ မူရှိ လမ်းစဉ်ရှိတယ် ဘယ်အရာမှ မျက်ခြေမပြတ်စေ ဒါတွေဟာ တို့ရဲ့ အလင်းတန်းပေါ့။ ညီညွှတ်ချင်တာလည်း နှစ်ယောက်မရှိ အသိတရားနဲ့ မကြည့် သတိတရားနဲ့ မညှိကြ အရှိတရားနဲ့ မထိသမျှ တို့တတွေဟာ ကိုယ့်ကိုယ်ကိုလိမ်ညာ အရာအားလုံးကို ပေါင်းစပ်နိုင်စွမ်းမဲ့ ဒီလိုနဲ့ တောင်ပံကျိုးတဲ့ ချို့တဲ့ငှက်လို ဟို…လွတ်လပ်တဲ့ ကောင်းကင်မြင့်ကြီးထံ ပျံချင်သော်လည်း မပျံနိုင်ကြရှာလေတယ်။ မထားသင့်တဲ့...

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညီညွတ်သော ခြေလှမ်းသစ်တွေ ချမှတ်နိုင်ပါစေ

(မောင်ကျော်စွာ) (၂၀၁၅ခုနှစ်၊ ဧပြီလ ၁၈ရက်) များမကြာမီ (UWSP) ဝပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုဆုံပွဲတစ်ရပ် ကျင်းပမယ်ဆိုတဲ့ သတင်းနဲ့ဖိတ်ကြားစာရင်းကို ဖတ်ရပါတယ်။ မြန်မာနှစ်သစ်မှာ ကြိုဆိုရမယ့် ခြေလှမ်းတစ်ရပ်လို့ မြင်ပါတယ်။ ဖိတ်ကြားစာရင်း၌ အဖွဲ့အစည်း စုံစုံလင်လင် ပါဝင်အောင် ဖိတ်ကြားထားသည်ကို တွေ့ရသဖြင့် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု အသိအမြင်၊ အတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်...

နှစ် ၃၀ပြည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)နေ့တွင် ဥက္ကဋ္ဌ နန်းဒါးအဲ့ကလယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

မတူကွဲပြားတဲ့ တိုင်းရင်းသားတွေက အများကြီး နေထိုင်တဲ့အပေါ်မှာ မတူကွဲပြားမှုနဲ့ ကျမတို့က တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်လိုတည်ဆောက်သွားမလဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ကျမတို့က သွားမယ်။ မေး။ ။ KWO နေ့ကို အရင်နှစ်တွေက ဘယ်ဒေသတွေမှာ ဘယ်လိုကျင်းပခဲ့ပြီး ဖြစ်ပေါ်လာပုံ...