Home သတင်း NCA ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိနိုင်ငံ‌ရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာ ‌ရောက်ဟု AKO ‌ပြော

NCA ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိနိုင်ငံ‌ရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာ ‌ရောက်ဟု AKO ‌ပြော

1667

‌မေလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

၂၀၀၈ ဖွဲ့စည်းပုံ‌အောက်တွင် ‌ပေါက်ဖွားလာပြီး အကျိုးမပြုဘဲ ရပ်တန့်သွားသည့် အပစ်ရပ်စာချုပ် (NCA) စာချုပ်ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေး အကြပ်အတည်း များကို မျက်ကွယ်ပြုရာ ‌ရောက်သည်ဟု ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း(Australian Karen Organization -AKO )က ယ‌နေ့ ‌မေလ ၁၅ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

“ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ ‌နေ့စဉ်နှင့်အမျှ ဘဝရှင်သန်ရပ်တည်ရန်အတွက် လုံခြုံမှု ကင်းမဲ့ပြီး၊ ကျီးလန့်စာစားအသက်ရှင်‌နေရချိန်တွင် စစ်အာဏာ သိမ်းပြီးစဉ်က ပျက်ပြယ်သွားပြီဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ‌အောက်မှ ‌ပေါက်ဖွားလာသည့် အကျိုးမရှိဘဲ ရပ်တန့်သွားပြီဖြစ်သည့် NCAကို ပြန်လည် အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိ ဖြစ်‌ပေါ်‌နေသည့် အပကတိ နိုင်ငံ‌ရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာ ကျသည်” ဟု AKO၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

(NCA ) လက်မှတ် ‌ရေးထိုးပြီးချိန်မှစ၍ မြန်မာ့တပ်မ‌တော်ဘက်မှ ဦးစွာ‌ပြောင်‌ပြောင်တင်တင်ချိုး‌ဖောက်ကာ ‌ဒေသဖွံ့ဖြိုး‌ရေးကို အ‌ကြောင်းပြု၍ ကရင်‌ဒေသအတွင်း တပ်စခန်းများ အခိုင်အမာ ‌ဆောက်လာခြင်း၊ စစ်‌ရေးဗျူ ဟာစိုးမိုး‌ရေးအတွက် လမ်းများ‌ဖောက်လုပ်ခြင်းနှင့် အခြား‌သောအကြီးစားစီမံကိန်း‌ကြောင့် ‌ဒေသ အတွင်းရှိ KNLA တပ်ဖွဲ့နှင့် ထိပ်တိုက်ထိ‌တွေ့မှု ‌ပေါင်းများစွာဖြစ်ပွားခဲ့သလို ‌ဒေသခံ‌ကျေးရွာအတွင်း အ‌မြောက်ကြီးနှင့် လှမ်းပစ်သည့်အပြင် ‌လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ‌ဒေသခံအ‌မြောက်အမြားလည်း နယ်စပ်‌ဒေသနှင့် ထိုင်းနိုင်ငံအတွင်း ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု ထုတ်ပြန်ချက်တွင်‌ဖော်ပြထားသည်။

စစ်‌ကောင်စီတပ်ဘက်မှ (NCA)စာချုပ် ချိုး‌ဖောက်မှုများစွာရှိ‌သော်လည်း KNU ဥက္ကဌ ‌စောမူတူး‌စေးဖိုးအ‌နေဖြင့် (NCA) မူ‌ဘောင်အတိုင်း ဆက်လက် ‌ဆောင်ရွက်သွားဖို့ရန်နှင့် နိုင်ငံ‌ရေးပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေးသည့် အ‌ဖြေရှာရန်သာ သ‌ဘောထားရှိသည်ဆိုပြီး ‌မေလ ၁ဝရက်‌နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သည်လည်း အာဏာကို အလွဲသုံးစားပြီး ၎င်း၏တစ်ဦးတည်းသ‌ဘောထာသားဖြစ်သည်ဟု သုံးသပ်‌ကြောင်း AKO က ‌ပြောသည်။

ထိုအတွက်‌ကြောင့် KNUဥက္ကဌအ‌နေဖြင့် အဖွဲ့အစည်းဆုံးဖြတ်ချက်မပါဘဲ လက်မှတ်‌ရေးထိုး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ခံမှုရှိပြီး မိမိသ‌ဘောထားဆန္ဒအ‌လျောက် နုတ်ထွက်ရန်နှင့် မိမိအလိုအ‌လျောက်မနုတ်ထွက်ပါက KNU‌ခေါင်း‌ဆောင်များအ‌နေဖြင့် ဥက္ကဌ ‌စောမူတူး‌စေးဖိုးအား တာဝန်မှ ရပ်စဲရန် ‌တောင်းဆို‌ကြောင်းလည်း AKO ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။