Home သတင်း NCA ချိုး‌ဖောက်သူမှာ စစ်‌ကောင်စီများသာဖြစ်‌ကြောင်း KNU တပ်မဟာ ၅ ပြန်လည်ရှင်းလင်း

NCA ချိုး‌ဖောက်သူမှာ စစ်‌ကောင်စီများသာဖြစ်‌ကြောင်း KNU တပ်မဟာ ၅ ပြန်လည်ရှင်းလင်း

1887

ဧပြီ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အပစ်ရပ်သ‌ဘောတူစာချုပ် (NCA) ကို ချိုး‌ဖောက်ခြင်း‌ကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်‌မြေအ‌ပေါ် ဗုံးကြဲပစ်ခတ်သတိ‌ပေးခြင်းဖြစ်‌ကြောင်း စစ်‌ကောင်စီ၏ ‌ပြောခွင့်ရ ဗိုလ်မှူးချုပ် ‌ဇော်မင်းထွန်း ၏ ရှင်းလင်း‌ပြောဆိုမှုအ‌ပေါ် မဟုတ်မမှန်‌ကြောင်း KNU တပ်မဟာ(၅)ဘက်မှ ယ‌နေ့ (ဧပြီ ၂၀) ရက်စွဲဖြင့် ပြန်လည်ကန့်ကွက် ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၉ရက်‌နေ့က ပြုလုပ်ခဲ့သည့် စစ်‌ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် ‌ဇော်မင်းထွန်းက KNU တပ်မဟာ(၅) အ‌နေဖြင့် ‌ခေါင်းမာပြီး ငြိမ်းချမ်း‌ရေးကို မလိုလားဘဲ NCA ကို အကြိမ်ကြိမ် ချိုး‌ဖောက်‌နေ ခြင်း‌ကြောင့် ‌လေယာဉ်ဖြင့် သွား‌ရောက်ပစ်ခတ် သတိ‌ပေးရခြင်းဖြစ်‌ကြောင်း ရှင်းလင်း‌ပြောဆိုမှုအ‌ပေါ် KNUဘက်မှ လက်မခံဘဲ ယခုလို တုန့်ပြန်ခြင်းဖြစ်သည်။

ဖွံ့ဖြိုး‌ရေး အ‌ကြောင်းပြ၍ စစ်‌ကောင်စီ၏ လမ်း‌ဖောက်လုပ်မှုအ‌ပေါ် KNU ဘက်မှ လက်မခံခြင်း‌ကြောင့် နှစ်ဖက် စစ်‌ရေးပဋိပက္ခဖြစ်ပွားခြင်းနှင့် ဆက်စပ်ပြီး စစ်‌ကောင်စီတပ်မှ KNU တပ်မဟာ(၅) အ‌ပေါ် ဗုံးကြဲတိုက်ခိုက်မှု မတိုင်ခင် ဒရုန်းယာဉ်ငယ်များဖြင့် အကြိမ်ကြိမ် ‌ထောက်လှမ်း၍ ရည်ရွယ်ချက်ရှိရှိ လာ‌ရောက် ဗုံးကြဲတိုက်ခိုက် ခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ(၅)က ဆိုသည်။

ထို့အပြင် စစ်‌ကောင်စီဘက်မှ KNU ကို NCA ကို ချိုး‌ဖောက်‌နေ‌ကြောင်းဆို‌သော်လည်း NCA စာချုပ်ပါ အချက် တစ်ချက်ဖြစ်သည့် လက်မှတ်‌ရေးထိုးပြီး‌နောက် နှစ်ဖက်တပ်ကြား‌တွေ့ဆုံ ‌ဆွေး‌နွေး၍ အပစ်ရပ်‌ဒေသသတ် မှတ်ခြင်း၊ တပ်‌နေရာချထား‌ရေးနှင့်တပ်စခန်းရုပ်သိမ်း‌ပြောင်း‌ရွှေ့ခြင်းကို ‌ဆွေး‌နွေးညှိနှိုင်းရန် သ‌ဘောတူ ထား‌သော်လည်း စစ်‌ကောင်စီတပ်မှ ‌ဆွေး‌နွေးမခံဘဲ နယ်‌မြေစိုးမိုး‌ရေးအတွက် ဖွံ့ဖြိုး‌ရေး အ‌ကြောင်းပြ လမ်း ‌ဖောက်ခြင်းကိစ္စသာ လာ‌ရောက်‌ဆွေး‌နွေးခဲ့ပြီး ၎င်းအ‌ပေါ် သ‌ဘောတူညီမှုမရ‌သော်လည်း အတင်း အဓမ္မ လမ်း‌ဖောက်လုပ်လာမှု‌ကြောင့် နှစ်ဖက်ကြား တင်းမာမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်‌ကြောင်း ရှင်းလင်း‌ထောက်ပြခဲ့သည်။

လက်ရှိတွင်လည်း တိုင်းပြည်အာဏာကို ရယူပြီး နိုင်ငံ့‌ခေါင်း‌ဆောင်များကို ဖမ်းဆီး‌ထောင်ချခြင်း‌ကြောင့် အပစ် ရပ်နှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုဆိုင်ရာ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် တစ်ခုလုံးရပ်စဲသွားခဲ့ရပြီး အဖမ်းဆီးခံနိုင်ငံ့ ‌ခေါင်း‌ဆောင်များပြန်လည်လွှတ်‌ပေးရန် ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည့် အရပ်သားပြည်သူ ‌ကျောင်းသား၊ ရဟန်း သံဃာ၊ လူငယ်၊ က‌လေးသူငယ်များကို ရက်စက်စွာ ပစ်သတ်ဖြိုခွဲသည့် လုပ်ရပ်အားလုံးသည်လည်း NCA ပါ အချက်သာမကဘဲ NCA စာချုပ်တစ်ခုလုံးကိုပါချိုး‌ဖောက်သည့် လုပ်ရပ်ဖြစ်‌ကြောင်းလည်း KNUက ‌ထောက်ပြခဲ့သည်။

ဧပြီလ ၉ ရက်‌နေ့က ပြုလုပ်သည့် စစ်‌ကောင်စီသတင်းစာရှင်းလင်းပွဲ၌လည်း ဗိုလ်မှူးချုပ် ‌ဇော်မင်းထွန်းက KNU တပ်မဟာ(၅) အ‌ပေါ် ‌လေ‌ကြောင်းတိုက်ခိုက်ခြင်းမှာ အ‌သေအ‌ပျောက်နည်းရန်‌ပြောဆိုထား‌သော်လည်း ၎င်း တိုက်ခိုက်မှု‌ကြောင့် အရပ်သား ၁ဝ ဦးထက်မနည်း ထိခိုက်‌သေဆုံးခဲ့ရပြီး ‌သောင်းနှင့်ချီသည့် ‌ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်။

လတ်တ‌လောတွင်လည်း KNU တပ်မဟာ (၅) ‌ဒေသသို့ စစ်ဆင်‌ရေးများ ပြုလုပ်ရန် စစ်‌ကောင်စီဘက်မှ စစ်အင် အား တိုးချဲ့ပို့‌ဆောင်‌နေပြီး စစ်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိခြင်း‌ကြောင့် ‌ဒေသတွင်းရှိ အရပ်သား ပြည်သူ များကို KNU တပ်မဟာ (၅)ဘက်မှ ‌နေထိုင်သွားလာမှုအ‌ပေါ် ကန့်သတ်တားမြစ်သည့် အမိန့် ညွှန်ကြား စာတစ်‌စောင်ကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်‌နေ့က သတိ‌ပေးထုတ်ပြန်ထား‌သေးသည်။

အလားတူ ‌လေ‌ကြောင်း တိုက်ခိုက်မှုအပြီး စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ယခုလ ၁၅ ရက်‌နေ့က အင်အား (၇၀၀) ‌ကျော်ရှိသည့် စစ်‌ကြောင်း နှစ်‌ကြောင်းဖြင့် လက်နက်ရိက္ခာအပြည့်ပါဝင်၍ ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌ဒေသဘက်မှ တပ်မဟာ(၅) နယ်‌မြေအတွင်းသို့ အလုံးအရင်းဖြင့် ဝင်‌ရောက်လာ‌နေ‌ကြောင်း Free Burma Ranger( FBR)မှ ဧပြီလ (၁၆)ထုတ်ပြန်ထားပြီး ယခုလအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ‌ကျေးရွာနှင့် ‌ဒေသခံ စိုက်ပျိုးဧရိယာများသို့ လက်နက်ကြီးများဖြင့် ‌နေ့စဉ်ပစ်ခတ်‌နေ‌ကြောင်းနှင့် အရပ်သား ထိခိုက်‌သေဆုံးမှုများ ရှိ‌ကြောင်းလည်း FBR က ဆိုထားသည်။