Home အယ်ဒီတာ့အာဘော် နှစ်ကူးနှင့် ‌ကောက်သစ်စား ရိုးရာဓ‌လေ့ အနှစ်သာရ (အယ်ဒီတာ့ အာ‌ဘော်)

နှစ်ကူးနှင့် ‌ကောက်သစ်စား ရိုးရာဓ‌လေ့ အနှစ်သာရ (အယ်ဒီတာ့ အာ‌ဘော်)

2737

(အယ်ဒီတာ့ အာ‌ဘော်)

နှစ်ကူးနှင့် ‌ကောက်သစ်စား ရိုးရာဓ‌လေ့ အနှစ်သာရ

ကရင်လူမျိုးတို့သည် ‌တောင်‌ပေါ်၊ ‌မြေပြန့်၊ မြစ်ဝှမ်း‌နေရာအနှံ့ ‌နေထိုင်လျက်ရှိကြပြီး အများစုမှာ မိမိတို့‌နေထိုင်ရာ အရပ် ‌ဒေသ၌ စိုက်ပျိုး‌ရေးလုပ်ငန်းကို အဓိက အသက်‌မွေးဝမ်း‌ကြောင်းပြု‌လေ့ရှိကြသည်။ ထိုသို့ စိုက်ပျိုးနိုင်ရန် မိုးမကျမှီအ ချိန်မှစ၍ ‌တောင်ယာခုတ်ထွင်ရှင်းလင်းခြင်း၊ လယ်တလင်းကို ထွန်ယက်စိုက်ပျိုးနိုင်ရန် ပြင်ဆင်ခြင်းတို့ ပြုလုပ်ရပြီး မိုးဦးကျချိန်တွင် စတင် စိုက်ပျိုး‌လေ့ရှိသည်။

ယခုလို ‌ဆောင်းရာသီချိန်တွင် စိုက်ပျိုးထားသည့် အသီးအနှံ အရွက်များ ထွက်ရှိလာ‌ပေပြီ။ တစ်နည်းဆို‌သော် ‌ဆောင်းဦး‌လေ‌ပြေ နှင်းရည်‌တွေနှင့်အတူ ‌ကောက်သစ်‌ပေါ်ချိန် ‌ရောက်‌လေပြီ။ ထို့‌ကြောင့် ‌တောင်ယာနှင့် လယ်ထွက် သီးနှံများကို ခူးဆွတ်ရိတ်သိမ်းကာ ‌ပေါ်ဦး၊‌ပေါ်ဖျား သီးနှံများကို မိသားစုလိုက်‌သော်လည်း‌ကောင်း၊ ရပ်ရွာအလိုက် ဘိုးဘွား၊ မိဘ၊ ဆရာများနှင့် မိတ်‌ဆွေများကို ဖိတ်‌ခေါ်ပြီး ချက်ပြုတ်‌ကျွေး‌မွေးသည့် ‌ကောက်သစ်စား ရိုးရာဓ‌လေ့ကို ‌ရှေးယခင်ကတည်းက မျိုးဆက်အလိုက် လက်ဆင့်ကမ်းပြုလုပ်ခဲ့ရာမှ ‌ကောက်သစ်စား ပွဲ‌တော်များ ‌ပေါ်‌ပေါက်လာခဲ့ သည်။

ကရင်ဘိုး‌ဘေးတို့က ‌နေရပ်၊ ‌ဒေသအလိုက် ‌ကောက်သစ်စား ရိုးရာဓ‌လေ့ပွဲ‌တော်များကို ပြန်စုစည်းကာ ကရင်နှစ်သစ် ကူး‌နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့အတွက် ယ‌နေ့ချိန်ထိ တချို့ ရပ်ရွာများတွင် ‌ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ် ကူး‌နေ့ကို တ‌နေ့တည်း ကျင်းပခြင်းများရှိသလို ‌ကောက်သစ်စားပွဲကို မိသားစုအလိုက်၊ ရပ်ရွာ၊ ‌ဒေသအလိုက် သီးခြား ကျင်းပခြင်းများလည်း အသီးသီး ရှိကြသည်။

အထင်အရှားဖြစ်‌စေ၊ အတန်အသင့်ဖြစ်‌စေ ကရင်နှစ်သစ်ကူး‌နေ့ကို ကျင်းပသည့်အချိန်တိုင်း၊ ‌နေရာတိုင်းတွင် များ‌သော အားဖြင့် ‌ကောက်သစ်ဦး‌ပေါ်စ ‌ကောက်ညှင်း‌ပေါင်းများကို ‌ဝေငှ‌ကျွေး‌မွေး‌လေ့ရှိကြသည်။ ယင်းသည် ‌ကောက်သစ်စား ခြင်း ရိုးရာဓ‌လေ့၏ စည်းလုံးခြင်း အမှတ်သ‌ကေင်္တပင် ဖြစ်သည်။ ‌ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲကို ကရင်လူမျိုး တို့ ခွဲခြားထား‌လေ့မရှိကြဘဲ တွဲလျက် ကျင်းပဆင်နွဲလာခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ဘိုး‌ဘေးတို့၏အ‌မွေအနှစ် ကရင်နှစ်သစ်ကူး‌နေ့သည် ဖြူ၊ နီ၊ ပြာ အ‌ရောင်ပါသည့် တစ်ခုတည်း‌သော ကရင်အ မျိုးသားအလံ‌တော်‌အောက်တွင် ကရင်လူမျိုးတို့ကို စုစည်းညီညွတ်‌စေခဲ့သည်။ လက်ရှိအချိန်သည် ‌တောင်‌ပေါ်‌မြေပြန့် တနှံတလျား ကရင်တို့ ‌နေ့ထိုင်ရာအရပ်တွင် ‌ကောက်သစ်‌ပေါ်ချိန်ဖြစ်သလို ခရစ်နှစ်၂၀၂ဝပြည့်နှစ် ကုန်လွန်ခဲ့ပြီး ၂၀၂၁ နှစ်သို့ ကူး‌ပြောင်းချိန်ဖြစ်သည်။ အလားတူ လာမည့် ဇန်နဝါရီ ၁၃ရက်‌နေ့ (ပြာသိုလဆန်း ၁ရက်)တွင် ကရင်နှစ် ၂၇၅၉ ခု ကုန်ဆုံးကာ ၂၇၆ဝပြည့်နှစ်သို့ ကူး‌ပြောင်း‌တော့မည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့လည်း ‌ရောက်ရှိ‌ပေ‌တော့မည်။

နှစ်ကူးခြင်းသည် လူတိုင်း စိတ်ပင်ပမ်းမှု ကုန်ဆုံးခြင်းတစ်ကြိမ် ပြီးဆုံး‌စေခဲ့သလို ထပ်မံ အားယူ‌ဆောင်ရွက်သွားကြရ မည့် နှစ်သစ်အတွက်လည်း ပြင်ဆင်ထားရ‌တော့မည်ပင်။ ၂၀၂ဝပြည့်နှစ်ကို ပြန်ကြည့်မည်ဆိုလျင် တစ်ကမာ္ဘလုံးရှိ နိုင်ငံ များစွာက လူမျိုးအသီးသီး‌သော နိုင်ငံသူနိုင်ငံသားများ ကမာ္ဘ့ကပ်‌ရောဂါ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်)ဒဏ်ကို တနှစ်တာလုံး အလူးအလဲ ခါးစည်းခံခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပမ်းမှုများနှင့် ကြုံ‌တွေ့ခဲ့ရသည်။ တစ်ဆက်တည်းတွင် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ‌ရွေး‌ကောက်ပွဲတို့၏ သ‌ဘော၊ သဘာဝအရ တိုင်းရင်းသားပါတီများနှင့် သင်းဖွဲ့မတူ အား‌ပေးဆန္ဒမဲ‌ပေးခဲ့မှုအ‌ပေါ် အချင်းချင်း စိတ်ဝမ်းကွဲမှု အနည်းနှင့် အများရှိခဲ့ကြသည်။ ထို့အပြင် လက်ရှိအချိန်၌ ပြည် နယ်အတွင်းရှိ ဖာပွန်‌ဒေသ၌ စစ်‌ရေးတင်းမာမှုများ တစ်‌ကျော့ပြန် ဖြစ်ပွားလာသဖြင့် ‌ထောင်နှင့်ချီ‌သော ဌာ‌နေပြည်သူ များမှာ ရပ်စွန့်ရွာစွန့် စစ်‌ဘေး‌ရှောင်ရသည့်အ‌ခြေအ‌နေမျိုး ဖြစ်လာရပြန်သည်။

ယင်းသို့အခက်အခဲမျိုးစုံနှင့် ကြုံ‌တွေ့ခဲ့ရသည့်နှစ် ကုန်လွန်ကာ နှစ်သစ်သို့ ‌ရောက်ရှိလာပြီဖြစ်သည့်အတွက် နှစ်‌ဟောင်း က ဖြစ်ပျက်ခဲ့သည်များကို သင်ခန်းစာယူကာ အပြန်အလှန် ပြစ်တင်၊ ‌ပြောဆို၊ ‌ထောက်ပြ‌နေခြင်းထက် နှစ်သစ်အလီလီ တွင် ပြုပြင်‌ပြောင်းလဲ ‌ဖြေရှင်းလုပ်‌ဆောင်သင့်သည်များကို နှစ်သစ်အစဦးတွင် ကြိုတင်ပြင်ဆင်ထားကြရင်း ‌ကောက် သစ်စား ပွဲ‌တော်ရိုးရာဓ‌လေ့ကို စည်းလုံးညီညွတ်မှုအားဖြင့် ဦးထိပ်ပန်ဆင်ကာ ကျင်းပကြရင်း နှစ်သစ်တွင် ကြုံလာရ မည့် အခက်အခဲများကို ဂိုဏ်းဂဏ မခွဲခြားဘဲ “အ‌ကောင်းဆုံးအတွက် ‌မျှော်လင့်ကာ၊ အဆိုးဆုံးအတွက် ရင်ဆိုင်နိုင်ဖို့” အတူတကွ ‌ကျော်ဖြတ်သွားကြရန် တိုက်တွန်းလိုပါသည်။