Home သတင်း အစိုးရတပ် မဲစာရင်းစိစစ်ထုတ်ပြန်ရာတွင် ကရင်ပြည်နယ် မြို့နယ်‌လေးခုပါဝင်လာ

အစိုးရတပ် မဲစာရင်းစိစစ်ထုတ်ပြန်ရာတွင် ကရင်ပြည်နယ် မြို့နယ်‌လေးခုပါဝင်လာ

2712

ဇန်နဝါရီ ၁၁ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရတပ်မ‌တော်က ယင်းတို့၏ တပ်မ‌တော်သားများ မဲ‌ပေးခဲ့သည့်မြို့နယ်များ၏ မဲစာရင်းများကို စိစစ်ထုတ်ပြန်ရာ ဇန်နဝါရီ ၁ဝ ရက်ထိ ၁၃ ကြိမ်‌မြောက်ထုတ်ပြန်ချက်များအရ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်‌လေးခု မြို့နယ်စာရင်းများ ပါဝင်လာ‌ကြောင်း သိရသည်။

အဆိုပါ ‌လေးမြို့နယ်မှာ ဆဌမအကြိမ် ထုတ်ပြန်မှုတွင် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ် စတင်ပါဝင် လာခဲ့ပြီး ဇန်နဝါရီ ၁ဝ ရက်‌နေ့ ၁၃ ကြိမ်‌မြောက်ထုတ်ပြန်ရာတွင် လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ မြဝတီ မြို့နယ်မဲစာရင်းများ ပါဝင်လာခဲ့သည်။

ယခုလို မဲစာရင်းများ စိစစ်‌တွေ့ရှိချက်များအ‌ပေါ် ဥပ‌ဒေအတိုင်း ‌ဆောင်ရွက်သွားရန်ရှိ‌ကြောင်း တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်‌ဇော်မင်းဦးက ဒီဇင်ဘာ ၃ဝ ရက် တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ‌ပြောကြားထားသည်။

“လွှတ်‌တော် ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေပုဒ်မ ၆၈ (က)၊ နည်းဥမ‌ဒေ ၈၇ အရက‌တော့ ယှဉ်ပြိုင် အ‌ရွေးခံတဲ့ မည်သည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းကမဆို၊ ဒါမှမဟုတ် ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲ‌ပေးခဲ့သည့် မည်သည့်မဲဆန္ဒရှင်ကမဆို ကန့်ကွက်နိုင်တာ ဖြစ်ပါတယ်။ ယခုကန့်ကွက်တာက‌တော့ တပ်မ‌တော်သားများ အ‌နေဖြင့် မဲဆန္ဒရှင် အ‌နေနဲ့ ကန့်ကွက်လွှာတင်သွင်းခြင်း ဖြစ်ပါတယ်” ၎င်းက ‌ပြောခဲ့သည်။

ထုတ်ပြန်ချက်အရ သံ‌တောင်ကြီးမြို့နယ်တွင် ဆိုင်ရာ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ထုတ်ပြန်ချက်အရ မဲဆန္ဒရှင် ၆၂,၂၈၉ ဦးရှိပြီး စိစစ်ရာတွင် မဲဆန္ဒရှင် ၆၁,၀၆၅ ဦးရှိ‌ကြောင်း၊ မဲစာရင်းထပ်‌နေမှုနှင့် အခြားမဲစာရင်းကွာဟမှု ၁၇,၀၆၇ ဦး ရှိ‌ကြောင်း ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် သံ‌တောင်ကြီးတစ်မြို့နယ်လုံး မဲစာရင်းပါဝင်သည့် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ် ၏‌ရွေး‌ကောက်ပွဲ ရလဒ်ကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ထုတ်ပြန်ခဲ့ရာ မဲဆန္ဒရှင် ၆၂,၂၈၉ ဦး ရှိပြီး၊ မဲရုံမဲ ၃၀,၈၄၁ မဲ၊ ကြိုတင်မဲ ၁၀,၀၇၇ မဲ၊ စုစု‌ပေါင်း ၄၀,၉၁၈ မဲ ရှိကာ၊ ပယ်မဲနှင့် ‌ပျောက်မဲ‌ပေါင်း ၂,၅၅၈ မဲရှိပြီး မဲ‌ပေးမှု ရာခိုင်နှုန်းမှာ ၆၅.၆၉ ရာခိုင်နှုန်းရှိ‌ကြောင်း ‌ဖော်ပြထားသည်။

အလားတူ လှိုင်းဘွဲ့မြို့နယ် မဲစာရင်းတွင် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထုတ်ပြန်ချက်အရ မဲဆန္ဒရှင်စာရင်း ၂၃၉,၆၂ဝ ဦး ရှိပြီး၊ တပ်မ‌တော်စိစစ်ချက်အရ ၂၃၁,၅၀၇ ဦး ရှိကာ၊ စာရင်းထပ်‌နေမှုနှင့် အခြားကွာဟမှု ၇၄,၀၆၆ ဦးရှိသည်ဟု တပ်မ‌တော်ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လှိုင်းဘွဲ့မြို့နယ်တစ်ခုလုံးကိုယ်စားပြု ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်၏ ‌ရွေး‌ကောက်ပွဲ ရလဒ်ကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ရာတွင် မဲဆန္ဒရှင် ၂၃,၉၆၂ဝ ဦး၊ မဲရုံမဲ ၈၈,၇၈ဝ မဲ၊ ကြိုတင်မဲ ၃၀,၅၄၅ မဲ၊ ပယ်မဲနှင့် ‌ပျောက်မဲ ၉,၁၄၉ မဲရှိပြီး မဲ‌ပေးမှု ရာခိုင်နှုန်းမှာ ၄၉.၈ဝ ရာခိုင်နှုန်းရှိ‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် တပ်မ‌တော်ထုတ်ပြန်ချက်အရ မြဝတီမြို့နယ် မဲစာရင်းတွင် ၁၇၂,၀၂၅ ဦး၊ စိစစ်ထားမှု ၁၇၀,၈၉၄ ဦး၊ ထပ်‌နေခြင်းနှင့် အခြားမဲစာရင်း စုစု‌ပေါင်း ၆၉,၄၄ဝ ဦးရှိ‌ကြောင်း‌ဖော်ပြထားသည်။

မြဝတီတစ်မြို့နယ်လုံး ကိုယ်စားပြုသည့် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်၏ ‌ရွေး‌ကောက်ပွဲ ရလဒ်ကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ကထုတ်ပြန်ရာတွင် မဲဆန္ဒရှင်စာရင်း ၁၇၂,၀၂၅ ဦး၊ မဲရုံမဲ ၆၄,၃၃၃၊ ကြိုတင်မဲ ၁၇,၉၅ဝ မဲ၊ ပယ်မဲနှင့်‌ပျောက်မဲ ၃,၆၀၅ မဲနှင့် မဲ‌ပေးမှုရာခိုင်နှုန်း ၄၇.၈၃ သာရှိ‌ကြောင်း ‌ဖော်ပြထားသည်။

အလားတူ တပ်မ‌တော်ထုတ်ပြန်ထားသည့် ‌ကော့ကရိတ်မြို့ မဲစာရင်းတွင် ၂၀၅,၃၅၆ ဦး၊ စိစစ်ထားမှု ၂၀၃,၂၇၇ ဦး၊ ထပ်‌နေခြင်းနှင့် အခြားမဲစာရင်း စုစု‌ပေါင်း ၅၇,၀၆၃ ဦးရှိ‌ကြောင်း ‌ဖော်ပြထားသည်။

အဆိုပါ ‌ကော့ကရိတ်မြို့နယ်တစ်ခုလုံး ပြည်သူ့လွှ‌တော် မဲဆန္ဒနယ်၏ ရလဒ်ကို ‌ရွေး/‌ကော်က ထုတ်ပြန်ရာတွင် မဲဆန္ဒရှင် စာရင်း ၂၀၅,၃၅၆ ဦး၊ မဲရုံမဲ ၇၅,၄၅၁ မဲ၊ ကြိုတင်မဲ ၃၀,၂၉၆ မဲ၊ ပယ်နှင့် ‌ပျောက်မဲ ‌ပေါင်း ၆,၈၃၉ မဲ ရှိကာ မဲ‌ပေးမှု စုစု‌ပေါင်း ရာခိုင်နှုန်းမှာ ၅၁.၄၉ သာရှိ‌ကြောင်း ‌ဖော်ပြထားသည်။