Home သတင်း မုလအိ‌ခြေလျင်‌တောင်တက်ခရီး ယာယီပြန်ဖွင့်‌သော်လည်း ရပ်‌ဝေးရှိ ဘုရားဖူးများအား တည်းခိုခွင့်မပြု‌သေး

မုလအိ‌ခြေလျင်‌တောင်တက်ခရီး ယာယီပြန်ဖွင့်‌သော်လည်း ရပ်‌ဝေးရှိ ဘုရားဖူးများအား တည်းခိုခွင့်မပြု‌သေး

2834

ဇန်နဝါရီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ နန်းခလိန်း‌ဖောင်အွာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မုလအိဘုရားဖူး ‌ဒေါနအ‌နောက်ဘက်ခြမ်း‌တောင်တက်လမ်းအား ယာယီပိတ်ထားမှုကို ယာယီပြန်ဖွင့်လိုက်‌သော်လည်း ‌တောင်‌ခြေရှိ‌ဒေသခံများက ရပ်‌ဝေးလာ ဘုရားဖူးများအား တည်းခိုခွင့်မပြု‌သေး‌ကြောင်း ‌တောင်‌ခြေ‌ကျေးရွာတစ်ရွာမှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တည်းတာက‌တော့ ရပ်‌ဝေးကလူ‌တွေဆိုရင်‌တော့ အဆင်မ‌ပြေ‌လောက်ဘူး။ အဓိကက‌တော့ ကာကွယ် ထားတာက ရပ်‌ဝေးကလူ‌တွေ‌ပေါ့၊ ‌ကြောက်ရတာက ‌မော်လမြိုင်ဘက်က‌ပေါ့။ လာရင်‌တော့လာလို့ရတယ်။ တိုက်ရိုက်ပဲတက်ရမယ်။ ဖားအံတို့ဘက်က လာတည်းလို့ရတယ်။ ဒါ‌ပေမယ့် ကာကွယ်ထားရတယ်‌ပေါ့။”ဟု ‌ပြောသည်။

ကိုဗစ်‌ရောဂါ‌ကြောင့် ယာယီပိတ်ထားခဲ့သည့် မုလအိ‌တောင်တက်လမ်းကို ယခုနှစ် ဇန်နဝါရီလ (၅)ရက်‌နေ့တွင် နယ်‌မြေခံ ကိုဗစ်နိုင်တင်း‌ကော်မတီနှင့် ‌ကျေးရွာတာဝန်ရှိသူများ၏ အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ ပြန်လည် ဖွင့်လှစ်လိုက်သည့်‌နောက် ‌ခြေလျင်‌တောင်တက် ဘုရားဖူးများလာသည်ဟု ‌တောင်‌ခြေရှိ ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

မုလအိ‌တောင်‌ပေါ်ရှိ ‌တောင်ထိန်းသိမ်း‌ရေး ‌ကော်မတီဝင်ဆရာ‌တော် ဦးပညာသုခက “မြဝတီခရိုင်ကျန်းမာ‌ရေး ဌာနက လာကြတယ်။ သတ်မှတ်ချက်‌တွေ‌တော့ မရှိဘူး။ မြဝတီ‌တောင်တက်ကားလမ်းနဲ့ တစ်ရက် ၁ဝ စီး ၁ဝ စီး‌ကျော် လာတယ်။ ‌ခြေလျင်နဲ့က လာတာနည်း‌သေးတယ်။ လာ‌တော့လာကြတယ်။ သူတို့ကာကွယ်မှုနဲ့သူတို့ပဲ နှာ‌ခေါင်းပိတ်တို့ ဘာတို့နဲ့‌ပေါ့။ ဒီမှာက လက်‌ဆေးရည်တို့ ဆပ်ပြာရည်တို့ ထားထား‌ပေးတာတို့ရှိတယ်။ ဖားအံ ကလူ‌တွေလာကြတယ်။ သူတို့ကိုယ်သူတို့ ဖားအံကလို့ မ‌ပြောကြဘူး။ မြဝတီကလို့ပဲ‌ပြောကြတယ်၊ ‌သေချာ ‌မေးမှ ဖားအံ၊ ရန်ကုန်ကဆိုတာ ‌သေချာ‌ပြောတယ်။ ကျန်းမာ‌ရေးဌာနက‌တော့ လာတာ‌တော့အမြဲလာကြ တယ်။” ဟု ‌ပြောသည်။

မုလအိ ‌တောင်တက်ခရီးတက်လိုလျှင် ‌တောင်၏ အ‌ရှေ့ဘက်ခြမ်း မြဝတီခရိုင်၊ စုကလိမြို့နယ် ဘက်မှ ‌တောင်‌ပေါ်အထိ ကားဖြင့် သွား‌ရောက်နိုင်သလို ‌တောင်၏အ‌နောက်ဘက်ခြမ်း မိုင်‌ပေါင်း ၁၀ဝ ‌ကျော်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်နှင့် ကွင်းက‌လေး‌ကျေးရွာဘက်တွင်လည်း ‌ခြေလျင်ခရီးဖြင့် တက်‌ရောက်ဖူး‌မြော်နိုင်သည်။

ပင်လယ်‌ရေ မျက်နှာပြင်အထက် ‌ပေ‌ပေါင်း ၆,၀၀ဝ ‌ကျော်ရှိပြီး ကရင်ပြည်နယ်၏ အထင်ကရ မုလအိ‌တောင် သည် အစိုးရသတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီခရိုင် စုကလိမြို့နယ်ခွဲတွင်တည်ရှိပြီး ‌ကေအဲန်ယူ-ကရင်းအမျိုးသားအစည်းအရုံး သတ်မှတ်ချက်အရ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်တွင် တည်ရှိသည်။