Home သတင်း ဂျပန်‌ရောက် တိုင်းရင်းသားအစုအဖွဲ့များ ပြည်တွင်းစစ်ရပ်စဲ‌ရေး ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့

ဂျပန်‌ရောက် တိုင်းရင်းသားအစုအဖွဲ့များ ပြည်တွင်းစစ်ရပ်စဲ‌ရေး ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့

2344
Photo: OKOJ

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဂျပန်နိုင်ငံ‌ရောက် ကရင်အပါအဝင် ရခိုင်၊ ကချင် နှင့် ရှမ်းတိုင်းရင်းသားများပါဝင်သည့် အစုအဖွဲ့မှ မြန်မာ ပြည် တွင်းစစ် ရပ်စဲ‌ရေးနှင့် တပ်မ‌တော်၏ တိုင်းရင်းသား‌ဒေသ ကျူး‌ကျော်တပ်စွဲထားမှုများကို ရုပ်သိမ်း‌ပေး‌ရေး အတွက် ဂျပန်နိုင်ငံ၊ Shibuya မြို့ရှိ ကုလသမဂ္ဂ(UN) ရုံး‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်ခဲ့ကြ‌ကြောင်း ဦး‌ဆောင်ပါဝင် သူများက ‌ကေအိုင်စီသို့‌ပြောသည်။

လတ်တ‌လော ကရင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တပ်မ‌တော်၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ‌ရေး သ‌ဘောတူစာချုပ်-NCA ချိုး‌ဖောက်သည့် လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချခြင်းအပြင် တိုင်းရင်းသား ပြည် နယ်များအတွင်း မြန်မာစစ်တပ်၏ စစ်ရာဇဝတ် ကျူးလွန်မှုများကို အမြန်ဆုံးအ‌ရေးယူ‌ပေးရန် ‌တောင်းဆိုခဲ့ ‌ကြောင်း ဦး‌ဆောင်ပါဝင်သူ Overseas Karen Organization-OKO မှ အတွင်း‌ရေးမှူး ‌စောလင်းစိန်က ယခုလို ‌ပြောသည်။

၎င်းက “အဓိက က‌တော့ ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်နယ်‌တွေမှာ စစ်တပ်က‌နေ နယ်‌မြေ ကျူး‌ကျော်ပြီး‌တော့ တိုင်းရင်းသား‌တွေကို သတ်ဖြတ်တာ‌တွေ၊ အမျိုးသမီး‌တွေကို အဓမ္မပြုကျင့်တာ‌တွေ စစ်‌ပြေး‌ရှောင်‌နေရတာ‌တွေ စတဲ့ လူမျိုးတုံးသတ်ဖြတ်မှု‌တွေ စစ်ရာဇဝတ်မှု ‌မြောက်တာ‌တွေကို တာဝန်ရှိတဲ့ ဗိုလ် ချုပ်မှူးကြီး မင်း‌အောင်လှိုင် နဲ့ စစ်‌ခေါင်း‌ဆောင်‌တွေကို ICJ က‌နေ အမြန်ဆုံး အ‌ရေးယူဖို့ UN ရုံး‌ရှေ့မှာ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြတာပါ။” ဟု ‌ပြောသည်။

Photo: OKOJ

Overseas Karen Organization-OKO (Japan) ၊ Kachin National Organization -KNO (Japan) ၊ Arakan National Democratic Party -ANDP (Japan) စသည့် တိုင်းရင်းသားအစုအဖွဲ့ ၃ဖွဲ့မှ ပါဝင်၍ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး အချက် (၉)ချက်ပါ ‌တောင်းဆိုချက်များကိုလည်း ‌ကြွေး‌ကြော် ‌တောင်းဆိုခဲ့ကြ ‌ကြောင်း သိရသည်။

အဆိုပါ အချက်(၉)ချက်အ‌နေဖြင့် ပြည်တွင်းစစ် အမြန်ဆုံးရပ်တန့်‌ရေး၊ NCA ချိုး‌ဖောက်ပြီး ကရင်ပြည်နယ်အ တွင်း ကျူး‌ကျော်စစ် ဖန်တီးသည့် မြန်မာစစ်တပ် ပြန်လည်ဆုတ်ခွာ‌ရေး၊ တိုင်းရင်းသား ပြည်နယ်အတွင်း တပ်စွဲထားမှုများ အမြန်ဆုံး ဆုတ်ခွာ‌ရေး၊ စစ်ပွဲရပ် ဆန္ဒပြ‌ကျောင်းသားများ ဖမ်းဆီးထားမှု အမြန်ဆုံးလွတ်‌ပေး ‌ရေး၊ အဓမ္မပြုကျင့်ခံခဲ့ရသူ ကချင်ဆရာမ နှစ်ဦး၏အမှုမှန်‌ဖော်ထုတ်‌ရေး၊ AA(ရက္ခိုင့်တပ်‌တော်)အား အကြမ်း ဖက်အဖွဲ့မှ အမြန်ဆုံး ရုပ်သိမ်း‌ပေး‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း‌ရေးနှင့်လွတ်‌တော်တွင်း တပ်မ‌တော်သားများ ထွက်သွား‌ရေး၊ စစ်‌ခေါင်း‌ဆောင်များကို ICJ, ICC တို့မှ အမြန်ဆုံး အ‌ရေးယူ‌ပေး‌ရေးနှင့် စစ်မှန်‌သော ဖက်ဒရယ် တည်‌ဆောက်‌ရေးတို့ ပါဝင်သည်။