Home သတင်း ရန်ကုန်ရှိ အာလိန်ငါးဆင့်ကရင်နှစ်သစ်ကူး ယခုနှစ် မကျင်းပဖြစ်

ရန်ကုန်ရှိ အာလိန်ငါးဆင့်ကရင်နှစ်သစ်ကူး ယခုနှစ် မကျင်းပဖြစ်

3262
Photo: ကရင်နှစ်သစ်ကူးကျင်းပ‌ရေးဗဟို‌ကော်မတီ-မဟာရန်ကုန်

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့်မဟာ‌ဆေးဝကင်္ဘာ‌ကျောင်းဝင်းအတွင်း နှစ်စဉ်စည် ကားသိုက်မြိုက်စွာကျင်းပ‌နေကျဖြစ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ယခုနှစ်တွင်ကျင်းပနိုင်‌တော့ မည်မဟုတ်‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေးတာဝန်ရှိသူများထံမှ သိရသည်။

ကရင်နှစ် ၂၇၆ဝ ခုနှစ် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်‌နေ့တွင် ကရင်အမျိုးသားနှစ်သစ်ကူး ‌နေ့ကျ‌ရောက်မည်ဖြစ်ပြီး ယခင်နှစ်များက အာလိန်ငါးဆင့်ဘုရားဝင်းအတွင်းကျင်းပသည့် အဆိုပါ ကရင်အမျိုး သားနှစ်သစ်ကူးပွဲ‌တော်ကို လူ‌ပေါင်း‌သောင်းနှင့်ချီကာ ပါဝင်ဆင်နွှဲကျင်းပခဲ့ခြင်းဖြစ်သည်။

“အဓိကက‌တော့ ကိုဗစ်‌ကြောင့်‌ပေါ့။ ဒီပွဲဖြစ်ဖို့ကလည်း ကြိုတင်ပြင်ဆင်ရတာ‌တွေအများကြီးပါ။ အခုဒီကိုဗစ် အ‌ခြေအ‌နေ‌ကြောင့်လည်း ခွင့်ပြုချက် ‌တွေဘာ‌တွေက လွယ်မှာမဟုတ်ဘူး။ ‌နောက်ပြီး အရင်လို ကရင်ပြည်သူ ‌တွေဆီက‌နေ တစ်အိမ်တက်ဆင်း အလှူ‌ငွေ‌ကောက်ဖို့ဆိုတာကလည်း အခုအ‌ခြေအ‌နေနဲ့ ကမဖြစ်ပြန်ဘူး။ ” ဟု ကရင်နှစ်သစ်ကူးကျင်းပ‌ရေး(ဗဟို)ရန်ကုန်မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက‌ပြောသည်။

အာလိန်ငါးဆင့်တွင် ကျင်းပသည့်ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်မှာ ရန်ကုန်တွင်း မြို့နယ်အသီးသီးတွင် ‌နေထိုင်ကြသည့် ကရင်လူမျိုးများ၏ ‌နေအိမ်များအထိ ပွဲ‌တော်ကျင်းပနိုင်‌ရေး အလှူ‌ငွေများ လိုက်လံ ‌ကောက်ခံခဲ့ကြပြီး ကရင်ပြည်သူများထံမှရရှိသည့် အဆိုပါအလှူ‌ငွေထည့်ဝင်မှုများဖြင့် အဓိကကျင်း ပပြုလုပ် ခဲ့ကြခြင်းလည်းဖြစ်သည်။

လက်ရှိအ‌ခြေအ‌နေများ‌ကြောင့် အာလိန်ငါးဆင့်ကရင် အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်း ပနိုင်ခြင်းမရှိ‌တော့ ‌သော်လည်း အထိမ်းအမှတ်အဖြစ် နှစ်စဉ် ထုတ်‌ဝေသည့် ပြက္ခဒိန်များနှင့် ကရင့်‌ကြေးမုံမဂ္ဂဇင်းများကို ဆက် လက်ထုတ်လုပ်ဖြန့်ချိ‌ပေးသွားမည်ဖြစ်သည်ဟုလည်း မန်းသန်းဝင်းဦးက ‌ပြောသည်။

အင်းစိန်မြို့နယ် အာလိန်ငါးဆင့်မဟာ‌ဆေးဝကင်္ဘာ‌ကျောင်းဝင်းအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပလာခဲ့သည်မှာ ၅၆ နှစ်ခန့်ရှိပြီဖြစ်ပြီး နှစ်စဉ်ကရင်ဒုံးအကပြိုင်ပွဲများ၊ ‌တေးသီချင်းသီဆို‌ဖျော်‌ဖြေမှုများ၊ များပြားလှသည့် ‌ဈေးဆိုင်တန်းများ၊ အားကစားပွဲများ၊ ရိုးရာလက်‌ဝှေ့ပွဲများဖြင့်စည်ကားစွာ ကျင်းပခဲ့ကြသည့် ကရင်နှစ်သစ်ကူးပွဲ‌တော်တစ်ခုလည်းဖြစ်သည်။

ကရင်လူမျိုးတို့၏‌နေ့ထူး‌နေ့မြတ်တစ်ခုဖြစ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးမှာ ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် အရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင်ကျ‌ရောက်ခဲ့ပြီး ယခု ကရင်နှစ် ၂၇၆ဝ ခုနှစ်အရ လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်‌နေ့တွင် ကျ‌ရောက်မည်ဖြစ်သည်။