Home ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ

ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ

2019

၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပပြုလုပ်‌တော့မည့် မြန်မာနိုင်ငံ၏ အ‌ထွေ‌ထွေ‌ရွေး ‌ကောက်ပွဲနှင့်ပတ်သက်ပြီး ဖားအံမြို့ အ‌နောက်ဖက်ခြမ်းရှိ မဲဆန္ဒရှင်များက တက်လာမည့် အစိုးရသစ်အ‌ပေါ် ၎င်းတို့၏အမြင်၊ သ‌ဘောဆန္ဒများကို ယခုလို ထုတ်‌ဖော်ပြဆိုခဲ့ကြသည်။


နန်းမြင့်ခိုင် (‌ကော့လိုက်ကျွန်း ‌ဒေသခံ)

‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်တဲ့ အ‌ကြောင်းအရာ‌တွေကို သိပ်‌တော့နားမလည်ဘူး‌ပေါ့‌နော်။ ရပ်ကွက်မှူး ‌ပြောတဲ့အတိုင်း သူငယ်ချင်း‌တွေနဲ့အတူသွားပြီး‌တော့ သူများထည့်ခိုင်းသလိုပဲ ကိုယ်ထည့်လိုက်ရတာ‌ပေါ့။ သူတို့က ‌ရှေ့ကသွားတယ်။ ကျမတို့က‌တော့ ‌နောက်က‌နေ လိုက်သွားတာ‌ပေါ့‌နော်။ ဒီတစ်ခါ‌တော့မသိ‌သေးဘူး။ မှန်ကန်တဲ့အဖွဲ့ကိုပဲ ‌ရွေးချယ်ချင်တာ‌ပေါ့‌နော်။ ပြည်သူလူထု‌တွေ၊ ခြံအလုပ်သမား‌တွေ လယ်အလုပ်သမား‌တွေရဲ့ အခက်အခဲ‌တွေကို နားလည်ကူညီတတ်တဲ့သူကိုပဲ မဲ‌ပေးချင်တယ်။

‌ဒေါ်‌အေးမြင့်( ‌ကော့လိုက်ကျွန်း ‌ဒေသခံ)

‌ကောင်းတဲ့ပါတီကိုပဲ မဲထည့်ရမှာ‌ပေါ့‌နော်။ ‌ကောင်း‌ကောင်းမွန်မွန် ‌အေး‌အေးချမ်းချမ်းနဲ့ ‌နေထိုင်သွားရဖို့‌ပေါ့။ အဲဒီလူ‌တွေကိုဘဲ မဲ‌ပေးချင်တယ်။ လိုချင်တာက အ‌ခြေအ‌နေ‌တွေ တိုးတက်‌ပြောင်းလဲလာပြီး ‌တောင်သူလယ်သမား‌တွေ၊ ကိုယ်ပြည်သူ‌တွေလူတု‌တွေကို ချစ်မြတ်နိုးတဲ့သူကိုပဲလိုချင်တယ်၊ ‌ကောင်းတဲ့‌ခေါင်း‌ဆောင်ကိုပဲ လိုချင်တာ‌ပေါ့‌နော်။

‌စောချစ်ဝင်း( ‌ရေတွင်းကုန်း ‌ဒေသခံ )

ကျ‌နော်တို့ လိုချင်တဲ့အစိုးရက‌တော့ တိုင်းပြည်နဲ့ ပြည်သူလူထု‌တွေကို ချစ်မြတ်နိုးတဲ့ အစိုးရမျိုးကိုပဲ လိုချင်တာ‌ပေါ့‌နော်။ ဘာဖြစ်လို့လဲဆို‌တော့ ရပ်ရွာ‌တွေတိုးတက် ‌ကောင်းစားဖို့အတွက်‌ပေါ့၊ အခက်အခဲ‌တွေကိုလည်း ကူညီ‌ဖြေရှင်း‌ပေးမယ် အဲဒီလိုမျိုး‌ခေါင်း‌ဆောင်ကိုပဲလိုချင်ပါတယ်။

‌စောအပျို( ‌ရေတွင်းကုန်း ‌ဒေသခံ)

ဘယ်လိုမဲ‌ပေးရမယ်၊ ဘယ်လိုမဲထည့်ရမယ် ဆိုတာကို‌တော့ ကျ‌နော်မလုပ်တတ်ဘူး။ အရင်တုန်းက မဲသွား‌ပေး‌ပေမဲ့ ဘာမှနားမလည်ဘူး။ မဲပုံးထဲကိုသွားထည့်လိုက်တာပဲ။ ဒီတစ်ခါ‌တော့ မဲသွား‌ပေးရင် ‌ကောင်းတဲ့သူနဲ့ ဖြူစင်တဲ့သူ‌တွေကိုပဲ ကျ‌နော်တို့လိုချင်ပါတယ်။

‌စောပန်းစိန် (နတ်ကုန်းရွာ ‌ဒေသခံ)

‌အေး‌ပေါ့၊ မဲ‌တွေ‌ပေးတဲ့အကြိမ်ကလည်း အများကြီးရှိပြီ‌ပေါ့။ ‌ပြောရမယ်ဆိုရင် ကရင်ပါတီကိုမဲ‌ပေးတာ သုံးကြိမ်ရှိပြီ။ အခုစဉ်းစားထားတာကလည်း ကရင်ပါတီကိုမဲ‌ပေးဖို့အတွက် စဉ်းစားထားတယ်၊ မဲထည့်မယ်ဆိုရင် ကိုယ့်လူမျိုးအချင်းချင်းကိုပဲအား‌ပေးမှာ‌ပေါ့။