Home သတင်း ထိုင်းဘက်ခြမ်းမှ မြန်မာကားများအား ဝင်‌ရောက်ခွင့် မပြုသဖြင့် မြန်မာဘက်မှ တန်ပြန်ပိတ်ဆို့မှု ဖြစ်ပွား

ထိုင်းဘက်ခြမ်းမှ မြန်မာကားများအား ဝင်‌ရောက်ခွင့် မပြုသဖြင့် မြန်မာဘက်မှ တန်ပြန်ပိတ်ဆို့မှု ဖြစ်ပွား

4007
Photo: Nay Naw
‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)တံတားမှတဆင့် ကုန်သွယ်မှု ပြုလုပ်‌နေသည့် မြန်မာကား များအား ယ‌နေ့ (‌အောက်တိုဘာလ ၁၁ ရက်) နံနက်ပိုင်းက ထိုင်းဘက်ခြမ်းမှ ဝင်‌ရောက်ခွင့်မပြုသဖြင့် မြန်မာ ကားသမား (၁၀၀)ဦးခန့်မှ မြန်မာဘက်ခြမ်း Cargo gate အဝတွင် ထိုင်းယာဉ်များ ဝင်မလာ‌စေရန် တန်ပြန် ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

Covid-19 ကူးစက်မှု ဂယက်အား အ‌ကြောင်းပြကာ ယ‌နေ့ နံနက် ၆ နာရီခန့်က ထိုင်းစစ်တပ်မှ မြန်မာ ‌မော်‌တော် ယာဉ်များအား ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်‌ရောက်ခွင့်မပြုသဖြင့် မြန်မာဘက်မှာလည်း ထိုင်းချစ်ကြည်‌ရေးတံတား အမှတ်(၂)တံတား၊ မြန်မာဘက်ခြမ်း CARGO Gate တွင် မြန်မာကုန်တင်ယာဉ်‌မောင်း(၁၀၀)နီးပါးခန့် စု‌ဝေး၍ ထိုင်းနိုင်ငံဘက်မှ ‌မော်‌တော်ယာဉ်ကုန်ကားများအား မြန်မာဘက်ခြမ်းသို့ဝင်‌ရောက်မှု မရှိ‌စေ‌ရေးအတွက် ‌စောင့်ဆိုင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပိတ်ဆို့တားဆီးရာတွင် မြန်မာဘက်ခြမ်း CARGO Gate အပြင်ဘက်၌ ‌မော်‌တော်ယာဉ်နှင့် ယာဉ်‌မောင်း များစုစည်း၍ ‌မော်‌တော်ယာဉ်များဖြင့် ကန့်လန့်ခံထားသဖြင့် ထိုင်းနိုင်ငံဘက်မှ ဝင်‌ရောက်လာ‌သော ထိုင်းကုန်တင် ယာဉ် (၁၀)ဘီး HINO (အဖြူ‌ရောင်)ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်သွားသည်ကို ‌တွေ့ရ သည်။

“ မဲ‌ဆောက်မြို့သို့ ကုန်ပစ္စည်းများတင်‌ဆောင်ဖို့အတွက် ထိုင်းဘက်ခြမ်း အမှတ်(၂)တံတားရှိ သက်ဆိုင်ရာသို့ ‌ပေးသွင်းရမယ့် ‌ငွေ‌ကြေး‌တွေကို ‌ပေးပြီးကာမှ ကုန်ပစ္စည်းတင် မြန်မာ‌မော်‌တော်ယာဉ်ငယ်‌တွေကို အမှတ်(၂) တံ တား ထိုင်းဘက်ခြမ်း CARGO ဂိတ်ရှိ ထိုင်းစစ်တပ်က မဲ‌ဆောက်မြို့တွင်းသို့ ဝင်‌ရောက်ခွင့်မပြုဘဲ ပိတ်ပင်တား ဆီးခဲ့တာပါ။ ‌ပေးသွင်းထားတဲ့‌ငွေ‌တွေလည်းပြန်မရခဲ့လို့ နစ်နာမှုရှိခဲ့တယ်”ဟု နံနက်ပိုင်းက ထိုင်းဘက်ခြမ်းသို့ ‌ရောက်ရှိပြီးကာမှ ဝင်ခွင့်မရဘဲ လှည့်ပြန်ခဲ့ရတဲ့ မြန်မာယာဉ်‌မောင်းတစ်ဦးက ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံကုန်သွယ်မှု အဆင်‌ပြေ‌စေရန်အတွက် မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဉီး‌တေ ဇာ‌အောင်နှင့် တာ့ခ်ခရိုင်အုပ်ချုပ်‌ရေးမှူးတို့က ဖုန်းဖြင့်ဆက်သွယ်၍ မြန်မာကုန်တင်ယာဉ်ငယ်များကို အမှတ် ၂ တံတား ထိုင်းဘက်ခြမ်း BCF ဇုန်တွင် ကုန်ပစ္စည်းလွှဲ‌ပြောင်း‌စေမည်ဖြစ်သလို မြန်မာဘက်ခြမ်းအ‌နေဖြင့်လည်း ထိုင်းကားများအား CARGO ဂိတ်တွင်သာ ကုန်ပစ္စည်းများ လွှဲ‌ပြောင်း‌စေမည်ဟု ကနဉီး ညှိနှိုင်း‌ဆောင်ရွက်ခဲ့ သည်ဟု ခရိုင်အုပ်ချုပ်‌ရေးမှူးက ‌ပြောသည်။

သို့‌သော် ယ‌နေ့ နံနက် ၉ နာရီတွင် မြန်မာကုန်ပစ္စည်းတင်ယာဉ်များ‌ပေါ်သို့ ထိုင်းကုန်ပစ္စည်းတင် ယာဉ်‌ပေါ်မှ ကုန်ပစ္စည်းများအား ထိုင်းဘက်ခြမ်း BCF ဇုန်တွင် လွှဲ‌ပြောင်းတင်‌ဆောင်လျက်ရှိ‌သော်လည်း ထိုင်းတပ်မ‌တော်မှ ထွက်ခွာခွင့်မပြု‌သေး‌ကြောင်း သိရှိရသည်။