Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်၏ကံကြမ္မာ ပြည်နယ်သားလက်ထဲ‌ရောက်ဖို့ KNDP ကိုမဲ‌ပေးရန် နန်း‌စေးအွာ‌ပြော

ကရင်ပြည်နယ်၏ကံကြမ္မာ ပြည်နယ်သားလက်ထဲ‌ရောက်ဖို့ KNDP ကိုမဲ‌ပေးရန် နန်း‌စေးအွာ‌ပြော

4372

စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်၏ကံကြမ္မာ၊ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို ပြည်နယ်သူ၊ ပြည်နယ်သားလက်ထဲသို့ ‌ရောက်ရှိရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ကိုမဲ‌ပေးကြပါဟု ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း နန်း‌စေအွာက ‌ပြောသည်။

ယ‌နေ့(စက်တင်ဘာ ၁ဝ ရက်)တွင် ဖားအံမြို့နယ်အ‌ရှေ့ဖက်‌ဒေသ၊ နတ်ထိပ်‌ကျေးရွာအုပ်စု၊ ‌နောင်တိုင် (နွန်းတန်) ရွာ၌ ပထမဦးဆုံးအကြိမ် ပြုလုပ်‌သော KNDP ၏ မဲဆွယ်စည်းရုံး‌ဟော‌ပြောခြင်း အစီအစဉ်အတွင်း ၎င်းက ‌ပြောဆိုခဲ့ခြင်း လည်းဖြစ်သည်။

“တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကိုမဲ‌ပေးစို့ဆိုတဲ့ ‌ဆောင်ပုဒ်က‌တော့ ဖက်ဒရယ်ဆိုတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးနိုင်ဖို့၊ ကိုယ့်ပြည်နယ်‌ဒေသမှာ ကိုယ့်အစိုးရနဲ့‌နေထိုင်ပြီး‌တော့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဆုံးဖြတ် ပိုင်ခွင့်ရှိဖို့ပါ။” ဟု အစီအစဉ်အပြီး ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံပြည်သူနှင့်‌ဒေသခံအစိုးရတို့ ပူး‌ပေါင်းမှသာလျှင် ‌ဒေသလိုအပ်ချက်များကို ဖြည့်ဆည်း‌ပေးနိုင်ရန် အခွင့် အ‌ရေးများ ပိုမိုရရှိလာမည်ဖြစ်‌သော‌ကြောင့် ပြည်နယ်‌ဒေသခံများဖြင့်ဖွဲ့စည်းထားသည့်ပါတီ(KNDP)အား စု‌ပေါင်း မဲ‌ပေး‌စေလို‌ကြောင်း နန်း‌စေအွာက ‌ပြောသည်။

ထို့အပြင် တက်လာမည့် အစိုးရအ‌နေဖြင့် ဖက်ဒရယ် ဒီမိုက‌ရေစီအား ‌ဖော်‌ဆောင်ချင်သည့် စိတ်ရင်း ‌စေတနာရှိပြီး တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှသာလျှင် ပြည်နယ် ‌ဒေသများ၏ ငြိမ်းချမ်း‌ရေး၊ ဖက်ဒရယ်အ‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေးများအတွက် ဦး‌ဆောင်သွားနိုင်မည်ဟုလည်း နန်း‌စေးအွာက ဆက်‌ပြော သည်။

ယ‌နေ့ KNDP ဖားအံမြို့နယ်၏ မဲဆွယ်စည်းရုံး‌ဟော‌ပြောခြင်းအစီအစဉ်များကို မနက်ပိုင်းတွင် နတ်ထိပ် ‌ကျေးရွာ အုပ်စု၊ ခ‌လောက်‌ထောင်(ခ‌လောင်ထန့်)‌ကျေးရွာအုပ်စု၊ မွန်းလွဲပိုင်းတွင် ‌ထောင်ကလပ် (ထန့်ကလာ)‌ကျေးရွာ အုပ်စုများ၌ ၃ ‌နေရာခွဲ၍ Covid-19 ကျန်းမာ‌ရေးလမ်းညွှန်ချက်များနှင့်အညီ ‌ဆောင်ရွက်ခဲ့သည်။

ယ‌နေ့ မဲဆွယ်ပွဲသို့ ဖားအံမြို့နယ်တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် KNDP မှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ‌လောင်း ‌စောမင်း‌ဇော်ဦး၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း မဲဆန္ဒနယ်အမှတ်(၆) နန်းလှယဉ်‌မေ၊ ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း မဲဆန္ဒနယ်အမှတ် (၂) နန်း‌စေးအွာနှင့် ပါတီဝင်များ၊ ‌ကျေးရွာအုပ်စု အတွင်းရှိ ရွာအသီးသီးမှ ရပ်မိရပ်ဖများနှင့် လူငယ်အဖွဲ့များ တက်‌ရောက်ခဲ့သည်။

မဲဆွယ်စည်းရုံး‌ဟော‌ပြော‌ရေး အစီအစဉ်သို့ တက်‌ရောက်လာ‌သော နတ်ထိပ်‌ကျေးရွာအုပ်စု၊ လာ‌ချောင့် (လှဆန်း) ရွာမှ ရပ်မိရပ်ဖ ‌စော‌မောင်‌ဒေ့က ကရင်ပါတီကိုသာမဲထည့်သွားမည်ဟု ‌ကေအိုင်စီသို့ ယခုလိုထုတ်‌ဖော်‌ပြောသည်။
“ ကရင်ပါတီကိုမဲထည့်လို့ အနိုင်ရခဲ့ရင် ကရင်လူမျိုး‌တွေ ပညာတတ်ပိုမိုများပြားလာ‌ရေးအတွက် ပညာ‌ရေး တိုးတက်ဖို့ ‌ဆောင်ရွက်‌ပေး‌စေလိုတယ်။ ကရင်မှာက သူများနဲ့ယှဉ်ရင် ပညာတတ်နည်း‌နေ‌သေးတာကိုး။ ‌နောက်ပြီး ကရင်‌တွေရဲ့ စာ‌ပေနဲ့ ယဉ်‌ကျေးမှုကအစ ‌ကျေးရွာ‌ဒေသအတွက် လမ်းတံတား၊ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း လိုလားပါတယ်။” ဟု ‌ပြောသည်။

အစီအစဉ်များတွင် ကိုယ်စားလှယ်‌လောင်းများကို ‌ဒေသခံများနှင့်မိတ်ဆက်‌ပေးခြင်း၊ ကိုယ်စားလှယ်‌လောင်း ၃ ဦးမှ ပြည်သူ့အတွက်လုပ်‌ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ‌ပြောပြခြင်း၊ ပါတီ၏ မူဝါဒများကို ရှင်းလင်းခြင်း၊ မဲ‌ပေးပုံ ‌ပေးနည်းများအား သရုပ်ပြပြီး တက်‌ရောက်လာသူများက ကိုယ်တိုင်တံဆိပ်တုံးရိုက် မဲ‌ပေး‌စေခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ဖားအံ၊ ပြည်နယ်လွှတ်‌တော် အမှတ် ၂မဲဆန္ဒနယ်တွင် KNDP မှ နန်း‌စေအွာနှင့် အတူ ကိုယ်စားလှယ်‌လောင်း ၉ ဦး ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်သလို ယင်းတို့ထဲတွင် လက်ရှိ ပြည်နယ်ဝန်းကြီးချုပ် နန်းခင်‌ထွေးမြင့်လည်း တဦး အပါအဝင် ဖြစ်သည်။