Home သတင်း မဲ‌ဆောက် ‌ဒေသ၌ ဇူလိုင်လအတွင်း တရားမဝင် ဝင်‌ရောက်လာသူ ၁၀ဝ နီးပါး ဖမ်းဆီးခံရ

မဲ‌ဆောက် ‌ဒေသ၌ ဇူလိုင်လအတွင်း တရားမဝင် ဝင်‌ရောက်လာသူ ၁၀ဝ နီးပါး ဖမ်းဆီးခံရ

2674
Photo: AEC News

ဇူလိုင် ၁၄ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့အတွင်း တရားမဝင် ဝင်‌ရောက်လာသူ နိုင်ငံခြား သားများကို ထိုင်း‌တော်ဝင် တပ်မ‌တော်မှ ဦး‌ဆောင်‌သော ပူး‌ပေါင်းအဖွဲ့များမှ လိုက်လံဖမ်းဆီးမှုပြုလုပ်ရာ ယ‌နေ့ ဇူလိုင်လ ၁၄ရက်‌နေ့အထိ တရားမဝင် နိုင်ငံခြားသား (၁၀၀) နီးပါး ဖမ်းဆီးခံလိုက်ရပြီးဟု အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။

ထိုင်း‌တော်ဝင် စစ်တပ်အပြင် ‌တော်ဝင်လူဝင်မှုကြီးကြပ်‌ရေးဌာန၊ နယ်ခြား‌စောင့်တပ်နှင့် ‌တော်ဝင်ရဲများပူး‌ပေါင်း၍ ထိုင်း နိုင်ငံ၏ အ‌ရေး‌ပေါ်ကာလ ‌ကြေညာထားချိန် ထိုင်းနိုင်ငံသို့ တရားမဝင် ပြန်လည်ဝင်‌ရောက် လာသူများကို မဲ‌ဆောက် ‌ဒေသအတွင်း လိုက်လံပိတ်ဆို့ဖမ်းဆီး‌နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ မဲ‌ဆောက်ရုံးတာဝန်ခံ ဦးမိုး‌ကျော် က “၁၁ရက်‌နေ့ကတည်းက တရားမဝင် နိုင်ငံခြားသား အလုပ်သမား‌တွေထဲမှာ မြန်မာပြည်သားများအပါအဝင် ၂၆‌ယောက်၊ တရုတ်နိုင်ငံသား ၃ ‌ယောက်ပဲပါ တာ‌ပေါ့။ ‌နောက်တစ်ခါ (၅၀) ‌လောက် အုပ်စုလိုက် ဖမ်းထားတာရှိတယ်။ ‌နောက်တစ်ခါ ၂၅ ‌ယောက်‌လောက် ဖမ်းထား တာရှိတယ်။ ဒီဇူလိုင်လထဲမှာပဲ။ ‌ပြောမယ်ဆိုရင် မဲ‌ဆောက်‌ဒေသထဲမှာ ဖမ်းတာဆိုရင် မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံ သား‌ပေါ့ ၁၀ဝ ဝန်းကျင်‌လောက်ရှိ‌နေပြီး ကျ‌နော်တို့ သိရသ‌လောက်က‌တော့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဖမ်းဆီးမှုကို မဲ‌ဆောက် ‌ဒေသအပြင် ထိုင်း-မြန်မာ နယ်စပ်ဝင်‌ပေါက်များဖြစ်သည့် ဘုရားသုံးဆူ၊ မယ်ဆိုင်၊ ရ‌နောင်း၊ ထီးခီး နှင့် ‌မော့‌တောင် စသည့် နယ်စပ်ဝင်‌ပေါက်များတွင် အဓိက ပြုလုပ်‌နေခြင်းဖြစ်ပြီး မဲ‌ဆောက် ‌ဒေသသည် တရားမဝင် ဝင်‌ရောက်လာမှု အများဆုံးဖြစ်‌သော‌ကြောင့် ယခုလို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ‌ပြောသည်။

“အခု ဇူလိုင်လအတွင်းမှာ ထိုင်း-မြန်မာ နယ်စပ် မဲ‌ဆောက်မှာမကပဲနဲ့ နယ်စပ်ဝင်‌ပေါက် ဆယ်‌ပေါက် အကုန်လုံး အဖမ်း အဆီးရှိတယ်။ အဲ့မှာမှ မဲ‌ဆောက်ကို ဦးစား‌ပေးပြီး ဖမ်းတာက မဲ‌ဆောက်ကို အ‌ခြေခံ ‌ခြေကုပ်စခန်းအ‌နေနဲ့ယူပြီး‌တော့ ထိုင်းနိုင်ငံ တနံတလျားကို သွားဖို့အတွက် တရားမဝင် လူ‌တွေ ဝင်‌ရောက်‌နေတယ် မြန်မာနိုင်ငံက လာတဲ့သူ‌တွေ။ မဲ‌ဆောက်ရယ်၊ ဘုရားသုံးဆူရယ်၊ မယ်ဆိုင်က အများဆုံးဝင်တာပဲ” ဟု ‌ကေအိုင်စီသို့‌ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ရက်‌နေ့က မဲ‌ဆောက်မြို့ ‌ဝှေ့မု‌ကျေးရွာဘက်တွင် တရားမဝင် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား (၅၀)ဦးကို ထိုင်းပူး‌ပေါင်းအဖွဲ့မှ ပိတ်ဆို့ ဖမ်းဆီးမိခဲ့သလို ဇူလိုင်လ ၁၂ရက်‌နေ့တွင်လည်း တရုတ်နိုင်ငံသား (၁၆)ဦးကို ထိုင်း ရဲကင်းမှ ဖမ်းဆီးရမိခဲ့ပြီး အခြား‌သော တရုတ်နိုင်ငံသား ၂ ဦးကိုလည်း လူပွဲစားကား‌ပေါ်တွင် ဖမ်းဆီးခဲ့မိ‌ကြောင်း သိရ သည်။

ထိုသို့ဖမ်းဆီးရမိသူများကို ထိုင်းအာဏာပိုင်များမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်လိုက်သလို အ‌ရေး‌ပေါ်ကာလအတွင်း အဖမ်းခံရပါက ဒဏ်‌ငွေ ဘတ် ၂ ‌ထောင်မှ ၂ သိန်းအထိဖြစ်‌စေ၊ ‌ထောင်ဒဏ်တစ်နှစ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ကျခံရ မည်ဟု ‌ကြေညာထား‌ကြောင်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

ထိုင်းအစိုးရ၏ ယခင်ဇွန်လဆန်းပိုင်းက ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံအတွင်း MOU သက်တမ်းကုန် အလုပ် သမားများနှင့် ရာသီချိန် အလုပ်သမားများကို ယခု ဇူလိုင်လကုန်အထိ ယာယီ‌နေထိုင် အလုပ်လုပ် ကိုင်ခွင့်‌ပေးထား ‌ကြောင်းနှင့် လက်ရှိတွင်လည်း ထိုင်းနိုင်ငံတွင်းလို့ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် ထိုင်းနိုင်ငံသားကိုသာ ပြန်လည်ဝင် ‌ရောက်ခွင့်ပြု‌နေပြီး အလုပ်သမားများကို ဝင်ခွင့်မပြု‌သေး‌ကြောင်း ထုတ်ပြန်‌ကြေညာထားသည်။

ယခုလို လိုက်လံဖမ်းဆီး‌နေမှုများ‌ကြောင့် ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်သက်တမ်း ကုန်ဆုံးကြသည့် မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားများအကြား စိုးရိမ်ပူပန်မှုများရှိသလို ယခုလ (၆) ရက်‌နေ့က ထိုင်းနိုင်ငံဘက်မှ နှစ်နိုင်ငံ‌လှေဂိတ် များကို ဖွင့်သွားရန်‌ကြေညာချက်အ‌ပေါ် မြန်မာအစိုးရဘက်မှ လက်မခံ‌သေး‌ကြောင်း ‌ပြောဆိုသည့် ‌နောက်ပိုင်း အဖမ်းအဆီးများ ပိုမိုလုပ်‌ဆောင်လာခြင်းဖြစ်သည်ဟုလည်း အလုပ်သမားများက ‌ပြောဆိုကြသည်။

မဲ‌ဆောက်‌ဒေသအတွင်း ယခင်ဇွန်လမှစ၍ ယခု ဇူလိုင်လအတွင်း တရားမဝင် ဝင်‌ရောက်သူများအပြင် ရာဇ ဝတ်မှုကျူး လွန်သူ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ၃၀ဝ နီးပါး ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့‌ဆောင်‌ပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံ နယ်စပ်‌သောင်ရင်းမြစ်ကမ်းတစ်‌လျှောက်ရှိ ‌လှေဂိတ် (၃၃) ဂိတ်တွင် လုံခြုံ‌ရေးများ တိုးမြှင့်‌စောင့်ကြည့် ‌နေသလို ကိုဗစ်ကာလအတွင်း ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားမဝင်နိုင်ငံခြားသား (၃,၀၀၀)နီးပါး အဖမ်းခံခဲ့ရ ပြီးဖြစ်‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။