Home သတင်း မိုုးနည်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လယ်စိုက် ဧက ၅ဝ,ဝဝဝ ခန့် စိုက်ပျိုးမရဖြစ်‌နေ

မိုုးနည်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လယ်စိုက် ဧက ၅ဝ,ဝဝဝ ခန့် စိုက်ပျိုးမရဖြစ်‌နေ

1960

ဇူလိုင် ၂၅ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးချိန် မိုးနည်းပြီး ‌ရေမရသည့်အတွက်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လယ်စိုက်ဧက ၅၀,၀၀ဝ ‌သောင်းနီးပါး ဇူလိုင်လကုန်ပိုင်းထိ စိုက်ပျိုးမရ ဖြစ်‌နေသည်ဟု လယ်သမားများနှင့် စိုက်ပျိုး‌ရေးဌာန တာဝန်ရှိသူတို့က ‌ပြောသည်။

ဇူလိုင် ပထမအပတ်မှစပြီး လကုန်ပိုင်းထိ မိုးအနည်းငယ်သာ ရွာသွန်းခဲ့သည့်အတွက် မြစ်၊ ‌ချောင်း၊ လယ်ကွင်းထဲ ‌ရေဝင်‌ရောက်မှု နည်းပြီး ယခုလို စပါးစိုက်မရ ဖြစ်‌နေသည့် အပြင် ပျိုးကြဲစပါးအများစု ‌နေအပူ‌ကြောင့် ‌ရေခမ်း‌ခြောက်ကာ အပင်‌သေဆုံးမှုများနှင့် ရင်ဆိုင်‌နေရသည်ဟု လယ်သမားများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌တောင်သူ‌စော‌ရွှေလှဝင်းက ” မိုးမရွာ‌တော့ လယ်စိုက်လို့ မရကြဘူး။ ကြဲထားတဲ့ စပါး‌တွေလည်း ‌ရေ‌နွေးနဲ့ ပြုတ်ထားသလို့ပဲ အပင်မသန်‌တော့ဘူး‌ပေါ့‌နော်။ ‌ရေမရှိ‌တော့ မစိုက်ရ‌သေးတဲ့ လယ်ဧက‌တွေ အများကြီးကျန်‌နေတယ်။ ‌ချောင်း၊ မြစ်‌တွေ ခုထိ‌ရေမလျှံ‌သေးဘူး။ ဝါဆိုလပြည့်မှာ ‌ကောက်စိုက်ပြီး‌နေရမယ့်အချိန်၊ ‌ရေမရှိ‌တော့ စိုက်ပျိုးဖို့ အခက်ခဲဖြစ် တယ်” ဟု ဇူလိုင် ၂၅ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုးစပါးသီးနှံ လယ် ဧက ၇ဝ,ဝဝဝ စိုက်ပျိုးနိုင်ရန် လျာထားပြီး လက်ရှိချိန်ထိ လယ်ဧက နှစ် ‌သောင်း‌ကျော်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

” ‌တောင်ယာကြဲခင်း လယ်အပါ ဧက ၂ ‌သောင်း‌ကျော်‌လောက်‌တော့ စိုက်ပျိုးထားပြီး။ စိုက်ပျိုးမယ့်ဧက အများကြီး ကျန်ပါ ‌သေး တယ်။ ရာသီဥတု‌ပြောင်းလဲလာ‌တော့ ‌ရေလိုအပ်ချက်နည်းတဲ့ သီးနှံမျိုး‌တွေ သက်တမ်းတိုတဲ့ စပါးမျိုး‌တွေ ‌ပြောင်းလဲ အစားထိုးဖို့ စီစဉ်ရတာ‌ပေါ့‌နော်။ ‌တောင်သူ‌တွေက ယခင်မိရိုးဖလာ သက်တမ်းရှည်စပါးမျိုးပဲ စားလို့‌ကောင်း‌နေ‌တော့ ‌နောက်ပိုင်းရာသီဥတုနဲ့ ကိုက်ညီမယ့်မျိုးနဲ့ အသိပညာ‌ပေးသွားမယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးမှူး‌စော‌ဝေလင်းညွန့်က ဇူလိုင် ၂၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် မိုးစပါးလယ်စိုက်ပျိုးချိန်တွင် ‌ရေကြီး‌ရေလျှံမှု‌ကြောင့် စိုက်လယ်ဧကအများစု ‌ရေဖုံးလွမ်းခံရပြီး ‌တောင်သူအများစု စိုက်ပျိုးထားသည့် စပါးများ ထိခိုက်ဆုံးရှူံးခဲ့ရသည်ဟု ‌ဒေသခံများထံမှ သိရသည်။ ယခုနှစ်မိုးရာသီတွင် မိုးနည်းမည်ဟု မိုး‌လေးဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာနက ‌မေလအတွင်းကတည်းက ကြိုတင်ထုတ်ပြန်ထားပြီး ဖြစ်သည်။