Home သတင်း ဖမ်းမိထား‌သော ဘတ် ၇ သိန်း‌ကျော်တန် ကားကို ထိုင်းတာဝန်ရှိထံ KNU လွှဲ‌ပြောင်း

ဖမ်းမိထား‌သော ဘတ် ၇ သိန်း‌ကျော်တန် ကားကို ထိုင်းတာဝန်ရှိထံ KNU လွှဲ‌ပြောင်း

5300
Photo: Nay Naw

ဇူလိုင် ၁ရက်၊ ၂၀၂ဝ ပြည့်နှစ် ။ ‌နေ‌နော်

KNU-ကရင်အမျိုးသားအစည်းအရုံးက ဖမ်းဆီးရမိထားသည့် ထိုင်းဘက်ခြမ်းမှ ခိုးကူးလာ‌သော ဘတ် ၇ သိန်း‌ကျော်တန် ထိုင်းကားတစ်စီးက်ို ယမန်‌နေ့ (ဇွန်လ ၃ဝ ရက်) မွန်းလွဲ ၃ နာရီခန့်က သက်ဆိုင်ရာ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများထံ လွှဲ‌ပြောင်း‌ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့၏ ‌တောင်ဘက် မိုင် ၅ဝ ခန့် အကွာရှိ မြန်မာ-ထိုင်းနယ်ခြား ‌ဝေါ‌လေ‌ချောင်းကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းမှခိုးကူးလာ‌သော ဘတ် ၇ သိန်း‌ကျော်တန်ဘိုးရှိ ယင်းထိုင်းကားက်ို KNU ၏ ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLAက ဇွန်လ ၁၂ရက်‌နေ့တွင် ဖမ်းဆီးရမိပြီး‌နောက် ယခုလို နှစ်နိုင်ငံနယ်ခြား‌ချောင်းစပ်တွင် လွှဲ‌ပြောင်း‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းထိုင်းနိုင်ငံထုတ်ကားမှာ ထိုင်းဘတ်‌ငွေ ၇ သိန်း‌ကျော် မြန်မာ‌ငွေဖြင့် ကျပ်သိန်း(၃၀၀)‌ကျော်တန်ဘိုးရှိ Vigo Double cup ကားအမျိုးအစားဖြစ်ပြီး ကားအား ခိုးယူ‌မောင်း‌ပြေးလာသူမှာ ထွက်‌ပြေးတိမ်း‌ရှောင်သွားခဲ့‌ကြောင်း KNU တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ကားအား လွှဲ‌ပြောင်းအပ်နှံရာ၌ KNU ‌ကော့ကရိတ်မြို့နယ် တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောအယ်‌ကော် ‌သော၊ KNU တပ်မဟာ(၆) တပ်ရင်း(၁၈)မှ တာဝန်ရှိသူများက ယင်းကားနှင့် ကား‌သော့ကို မြဝတီခရိုင်၊ ‌ဝေါ‌လေ မြိုင်မြို့နယ်ခွဲ၊ ‌ဝေါ‌လေ‌ချောင်း တဖက်ကမ်းစပ်တွင် အပ်နှံ‌ပေးခဲ့ရာ ထိုင်း‌ဒေသဆိုင်ရာ အမှတ်(၄)စစ်တပ် ၊ တပ် ရင်း(၂)မှ ဒုတပ်ခွဲမှူး၊ ဖုတ်ဖရတ်နယ်‌မြေရဲစခန်းမှူးနှင့် နယ်‌မြေတာဝန်ရှိသူများက လက်ခံယူခဲ့ကြသည်။

Photo: Nay Naw

ထိုသို့ ကားလွှဲ‌ပြောင်း‌ပေးရာတွင် ပါဝင်ခဲ့သူ KNLA အဖွဲ့မှ တာဝန်ရှိသူ‌စောဒီးဒါးက “ဇွန်လ ၁၅ရက်‌နေ့လည် ၁၂ နာရီ‌ကျော် ကျ‌နော်တို့ KNU ဘက်က ကူးလာ‌တော့ ၂၀၁ တပ်ရင်းအဖွဲ့‌တွေ ဖမ်းမိတယ်။ ဖမ်းမိ‌တော့ KNU ဌာန တွဲဘက်အတွင်း‌ရေးမှူးကို အပ်တယ်။ ခုထိုင်းဘက်ကို ပြန်အပ်‌ပေးတယ်၊ နှစ်ဘက်သ‌ဘောတူရင်‌တော့ ဆက် ဖမ်းမယ်။ ခိုးကား‌တွေကို‌ပေါ့။ ဖမ်းပြီးရင်‌တော့ သက်ဆိုင်ရာ အုပ်ချုပ်‌ရေး၊ ထိုင်းနိုင်ငံ စစ်တပ်နဲ့ ရဲတပ်ဖွဲကတဆင့် အခုလိုပဲ လွှဲ‌ပြောင်း‌ပေးအပ်သွားမှာပါ”ဟု ‌ပြောသည်။

ယခုလို ခိုးကူးကားများကို ပြန်လည်လွှဲ‌ပြောင်းအပ်နှံခြင်းသည် နှစ်နိုင်ငံနယ်စပ်တွင် တာဝန်ထမ်း‌ဆောင် ‌နေသူ များအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်မှ ‌မော်‌တော်ယာဉ်အား လွှဲ‌ပြောင်း လက်ခံခဲ့သည့် ‌ဒေသဆိုင်ရာ ကွပ်ကဲ‌ရေး အမှတ်(၄)၊ တပ်ရင်း (၂) တပ်ခွဲမှူးက ဆိုသည်။

ထို့အပြင် မြန်မာဘက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုတွင် ဖမ်းဆီးရမိထားသည့်ကား ၂ စီးရှိသည်ဟု သိရပြီး ယခုရက်ပိုင်းအတွင်း နှစ်ဖက်တာဝန်ရှိသူများမှ ‌ဆွေး‌နွေးညှိနှိုင်းမှုပြုလုပ်၍ ပြန်လည်လွှဲ‌ပြောင်း လက်ခံခြင်းများ ပြုလုပ်သွားဖွယ်ရှိ‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောသည်။