စရှူခလိမ်(ထီးထာကလုန်း)
လူငယ်ဟူသည် အသက်(၁၅)နှစ်မှ အသက်(၂၄)နှစ် အတွင်းကိုလူငယ်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်သည်။ တခိုျ့လည်း အသက်(၃၂)နှစ်အထိ သတ်မှတ်သည်ကိုလည်း တွေ့ရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေသန်း(၆ဝ)ခန့်အနက် လူငယ်ဦးရေသည်(၁ဝ)သန်း ရှိမည်ဟုခန့်မှန်းရပါသည်။ ထိုအထဲတွင် ကရင်လူငယ်များလည်း ပါဝင်ပြီးဖြစ်သည်။
ယနေ့ကရင်လူငယ်များသည် တိုးတက်ပြောင်းလဲနေသော ခေတ်ကာလ(ကမ္ဘာကြီး)ကို တွေ့ရပါလိမ့်မည်။ ၂၁ရာစုတွင် သိပ္ပံနှင့်နည်းပညာတို့၏ တိုးတက်မှုသည် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ တိုးတက်နေသော နည်းပညာတွေကို မလိုက်နိုင်သော လူမိုျးသည် နောက်ကျကျန်ရစ်မည်ဖြစ်သည်။ စင်စစ်နည်းပညာများ၏ ဆန်းသစ်တီထွင်မှုသည် လူသား၏ဘဝကို နေ့ခြင်းညခြင်း ဆိုသလို ပြောင်းလဲစေခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်၍ ယနေ့တိုးတက်ပြောင်းလဲနေမှုကို မျက်ခြေမပြတ်စေဘဲ အမီလိုက်နိုင်ရန် ကြိုးစားရမည်။မိမိဝန်းကျင်ဒေသ နိုင်ငံလောက်ဖြင့် ကြည့်၍မရတော့ပေ။ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံပြီး ကြည့်မြင်နိုင်စွမ်း ရှိရပါမည်။ ပညာမတတ်ပါက ပညာတတ်သူများ၏ ဒရွက်တိုက်ဆွဲခေါ် ခိုင်းစေခြင်းကို ခံရပါလိမ့်မည်။ အရွယ်သုံးပါး ပိုင်းခြားပြီး ပညာသင်ကြားနေ၍ မရတော့ဘဲ အချိန်ရှိတိုင်း အမြဲပညာသင်လေ့လာ ဆည်းပူးရမည်သာ ဖြစ်သည်။
ယနေ့ကရင်လူငယ်များသည် လူငယ်ပီပီ ကျန်းမာသန်စွမ်းပြီး သွက်လက်ဖျတ်လတ်မှု ရှိရမည်။ စူးစမ်းတီထွင်၍ စွန့်စားလိုစိတ် အစရှိသော အခြေခံလူ့စွမ်းအားများနှင့်လည်း ပြည့်စုံကြရမည်။ ဤသည်မှာလူငယ်တိုင်း သဘာဝအရ အခြေခံရှိရမည့် အရည်အချင်းများပင် ဖြစ်သည်။ ၎င်းအရည်အချင်းကို အခြေပြု၍ ကရင်လူငယ်များသည် မိမိတို့၏ဘဝတိုးတက်ရေး အပါအဝင် တိုင်းပြည်နှင့်လူမိုျး ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အားထုတ်ကြရမည်။
နည်းပညာခေတ်တွင် မျက်စိနား နှလုံးသားကိုဖွင့်လျက် ပညာသင်နိုင်ရမည်။ အသစ်အဆန်းနည်းပညာတွေကို မဖြစ်မနေ တီထွင်ဖန်တီးနိုင်ရမည်။ ပျင်းရိအိပ်ပျော် နေလို့မရတော့ပေ။ အိပ်ပျော်နေလျှင် နောက်လူများက မိမိကိုကျော်တက်လိမ့်မည်။ အချိန်နှင့်အရွယ်သည် မိမိကိုမစောင့်ဘဲ အမြဲရွေ့လျားတိုက်စားလို့နေသည်။ အရွယ်ကောင်းချိန် ဉာဏ်ပညာဖွံ့ဖြိုး ထက်မြက်စဉ်မှာပင် မိမိဘဝနှင့် သင့်တော်သော(သို့)ဝါသနာပါသော အသက်မွေးဝမ်းကျောင်းပညာ (သို့မဟုတ်) မိမိဘဝအတွက် အကိုျးရှိမည့်အတတ်ပညာ တစ်မိုျးမိုျးကို အမိအရ သင်ယူပိုင်ဆိုင်ထားရန် လိုအပ်ပါသည်။ ဟိုကောင်းနိုးနိုး သည်ကောင်းနိုးနိုး မဖြစ်စေဘဲ ခိုင်မာသည့် ရည်ရွယ်ချက် ရှိရှိဖြင့် ပညာသင်ယူရပါသည်။
ကရင်လူငယ်များသည် အနာဂတ်ကို ဖန်တီးမည့်သူများဖြစ်၍ အနာဂတ်ကို ပိုင်ဆိုင်ထားသူများ ပင်ဖြစ်ကြသည်။ မိမိဖြစ်ချင်သည့်ပုံစံဖြင့် အနာဂတ်ကို ဖန်တီးမည့် လူငယ်များသည် စူးရှထက်မြက်မှန်ကန်သော အတွေးအခေါ်များ ရှိရပါမည်။ ကိုယ်ကျင့်တရားကောင်းရမည်။ ပညာဗဟုသုတနှင့်လည်း ပြည့်စုံကြရပါမည်။ ကြိုမြင်ကြိုတွေးနိုင်စွမ်း ရှိရပါမည်။ အေးတိအေးစက် ပေါတောတော ပျက်ချော်ချော် နေလို့အနာဂတ်ကို ဖန်တီးလို့ မရပေ။ ပညာဗဟုတများနှင့် ပြည့်စုံရန်မှာ ခေတ်ပေါ်နည်းပညာကိုလည်း အသုံးပြုရမည်။ အင်တာနက်ကွန်ပူျတာ စသောသိပ္ပံနည်းပညာကို အသုံးပြုရမည့်အပြင် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုကြရပါမည်။ မိမိတို့၏ မူလမိခင်ဘာသာစာပေအပြင် အဂင်္လိပ်စာပေ၊ မြန်မာစာပေစသည်များကို အမြဲမပြတ်လေ့လာ ဖတ်ရှုနေရပါမည်။ အဂင်္လိပ်စာပေကို အမြဲလေ့လာ ဆည်းပူးနိုင်ရမည်။ အဂင်္လိပ်စာပေ၊ စကားမတတ်ဘဲ ကမ္ဘာကြီးကိုလှမ်းမြော်လို့ ရမည်မဟုတ်ပေ။ အဂင်္လိပ်စာပေသည် ကမ္ဘာသုံးစာပေဖြစ်၍မဖြစ်မနေတတ်ကို တတ်ရပါမည်။
စာအုပ်စာပေများကို လေ့လာဖတ်ရှု ဆည်းပူးခြင်းမရှိဘဲ မိမိအရည်အသွေး မြင့်မားရန်မလွယ်ကူပေ။ စာဖတ်သောလူမိုျးသည် တိုးတက်လျက်ရှိပါသည်။ စာလည်းမဖတ်၊ ပညာဗဟုသုတလည်း မရှိသူသည်ပညာတတ်သူများ၏ ဆွဲခေါ်ရာကို သရုပ်ဆောင် ကပြရပါလိမ့်မည်။ စာပေဖတ်ရှုခြင်းဖြင့် ပညာဗဟုသုတများစွာကို ရှာဖွေရယူနိုင်ပါသည်။ အင်တာနက် လှိုင်းပေါ်တွင်လည်းကောင်း၊ ကွန်ပူျတာ၊ တက်ပလက်ပေါ်တို့တွင်လည်းကောင်း ရေရှည်စာဖတ်လို့မသင့်တော်ပေ။ သဘာဝနေ အလင်းရောင်မဟုတ်ဘဲ လျှပ်စစ်ရောင်ဖြင့် ဖတ်ရှုရသဖြင့် မျက်စိထိခိုက်မှု ဖြစ်ပေါ်စေနိုင်ပါသည်။ စာအုပ်စာပေသည် အမြဲအချိန်မရွေး ဖတ်ရှုနိုင်သလို အကြာကြီးလည်းဖတ်ရှုနိုင်သည်။ စာအုပ်စာပေသည် ဘယ်သောခါမှ တိမ်ကောပျောက်ကွယ်မည် မဟုတ်ပေ။
ယနေ့မျက်မှောက်ခေတ်တွင် လူငယ်အများစုသည် အင်တာနက်လှိုင်းပေါ်တွင် အချိန်ကုန်နေကြသည်။ အများအားဖြင့် အပျော်အပါး၊ စကြနှောက်ကြ တို့နှင့်တွေ့ရတတ်လေသည်။ အင်တာနက်လှိုင်းပေါ်တွင် ပညာယူတတ်လျှင် များစွာရရှိနိုင်ပါသည်။ တောမှာနေသည်ဖြစ်စေ၊ မြို့မှာနေသည်ဖြစ်စေ၊ မည်သည့်နေရာဒေသတွင် နေနေပညာသင်ယူနိုင်သည်။ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်လျက် ဆက်လက်ပညာ မသင်နိုင်သော တောဖြစ်စေ၊ မြို့ဖြစ်စေလူငယ်များသည် အားငယ်စရာမလိုပေ။ စာပေဖတ်ရှုခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ သင်တန်းများတက်ခြင်း စသည်တို့ဖြင့် မိမိလိုချင်သော ပညာကိုဆက်လက် လေ့လာသင်ယူနိုင်ပါသည်။ ပျင်းရိမှုမရှိဘဲ လုံ့လဝီရိယရှိရှိဖြင့် ကြိုးစားအားထုတ်မှုသာ လိုအပ်ပါသည်။
စာဖတ်ခြင်းကို မနှစ်သက်ပါက မိမိအရည်အချင်း ပြည့်ဝရန်လိုနေဦး မည်သာဖြစ်သည်။စာပေသည် လူတို့၏အတွေးအခေါ် ဉာဏ်ရည်များရှင့်သန်စေပြီး အရည်အချင်းကောင်းတွေလည်း ပြည့်ဝလာစေပါသည်။ စာပေဖတ်ရှုခြင်းဖြင့် ဘဝ၏အလင်းရောင်သစ်တွေကို တွေ့ပါလိမ့်မည်။ ထိုအခါ စာပေသည်မိမိဘဝအတွက် လွန်စွာကျေးဇူးများသည်ကို သိရှိလာလိမ့်မည်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသား/သူများ ဖြစ်ပါလျှင် ပညာသင်ခြင်းနှင့်အတူ စာအုပ်စာပေများစွာကို လေ့လာဖတ်ရှု ဆည်းပူးနိုင်ပါသည်။ မိမိတို့၏ အရည်အသွေးကို မြင့်တင်ဖြည့်ဆည်း ကြိုးစားခြင်းဖြင့် တစ်နေ့တွင် ထိပ်တန်းနေရာသို့ ရောက်ရှိကြပါလိမ့် မည်။ ထိုအခါ မိမိလူမိုျးအကိုျး၊ ကမ္ဘာ့အကိုျးတွေကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၁၉ရာစုဒုတိယပိုင်းအချိန် အဂင်္လိပ်တို့သည် သူများနိုင်ငံကိုဝင်တိုက်ပြီး သိမ်းပိုက်သည့် အခါ ကုမ္ပဏီတွေ၊ စစ်တပ်တွေပါလာပြီး သယံဇာတတွေထုတ်ယူသည်။ ထိုအချိန် အဂင်္လိပ်တို့သည် စာမဖတ်ဆုံး အချိန်ဖြစ်လာသည်။ ထိုအခါ စာပေဝေဖန်ရေးသမားကြီး ဂျွန်ရစ္စကိန်းက ‘မင်းတို့အဂင်္လိပ် တွေ စစ်တိုက်ဖို့၊ သူများနိုင်ငံသိမ်းပိုက်ဖို့ မင်းတို့စီးပွားရေး သောင်းကျန်းပြီးတော့ ပိုက်ဆံတွေချမ်းသာဖို့ပဲ စဉ်းစားတယ်။ မင်းတို့နိုင်ငံ အကျင့်ပျက်နေပြီး ခေတ်ပျက်နေပြီး။ အဲ့လိုခေတ်ပျက်နေတဲ့ ဘယ်နိုင်ငံမဆို စာမဖတ်တော့ဘူး။ အဲ့လိုမင်းတို့ စာမဖတ်လို့ရှိရင်တော့ တနေ့အဂင်္လိပ်လူမိုျးပျောက်လိမ့်မယ်’ဟု ပြောလိုက် သည်။ ထိုနောက် စစ်ပွဲပြီးသောအခါ ဂျွန်ရစ္စကိန်း၏စကားက ပေါ်လာသည်။ ခေတ်စားလာပြီး ကျယ်ပြန့်လာသည်။ ထိုအခါ အဂင်္လိပ်တို့သည် စာပြန်ဖတ်ကြသည်။ စာပေထဲတွင် လေ့လာမှတ်သား ပညာတွေယူ လာကြသည်။ ယနေ့ကမ္ဘာမှာ စာအဖတ်ဆုံး နိုင်ငံလူမိုျးသည် အဂင်္လိပ်လူမိုျးပင် ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် တခိုျ့ဒေသများ၌ စာကြည့်တိုက်များ ထူထောင်ထားရှိမှု ရှိသော်လည်းစာဖတ်သူများ လွန်စွာနည်းပါသည်။ အနာဂတ်ကို ဖန်တီးမည့်လူငယ်များလည်း စာမဖတ်ကြတော့ပေ။ဂျွန်ရစ္စကိန်း ပြောသလိုစာမဖတ်လျှင် တစ်နေ့မိမိ လူမိုျးပျောက်နိုင်သည်ကို သတိရစေချင်ပါသည်။
ကြီးပွားချမ်းသာဖို့ကိုသာ နှစ်လေးငါးဆယ်အတွင်း အာရုံစိုက်လုပ်ဆောင်ခဲ့ကြသည်။ သို့သော် နိုင်ငံနှင့်လူမိုျးများမှာ ကြီးပွားတိုးတက်လာမှုမရှိဘဲ ပို၍ပင်ဆင်းရဲတွင်းထဲ ရောက်သွားတော့သည်။ ခေတ်ပျက်နေသည့်ကာလများ ရောက်နေလို့ စာမဖတ်ကြတော့ဘဲ ဖြစ်နေပြီးလားဟု စဉ်းစားမိသည်။
တရုတ်ကလာသည့် စကားပုံတစ်ခုရှိသည်။ ‘နိုင်ငံတစ်နိုင်ငံက လူမိုျးတွေ၊ ပြည်သူပြည်သားတွေကို စာမဖတ်အောင် လုပ်ထားနိုင်ရင် အာဏာရှင်အစိုးရ အနှစ်၂ဝအုပ်ခုျပ်နိုင်သည်။ စာမတတ်အောင်၊ စာမသင်ပေးတော့ဘူးဆိုရင် အာဏာရှင်အစိုးရ အနှစ်၄ဝအုပ်ခုျပ်နိုင်သည်။ တကယ်လို့များ နှစ်၁ဝဝ အုပ်ခုျပ်ချင်ရင် ပြည်သူပြည်သားတွေကို အကျင့်ပျက်အောင် လုပ်လိုက်ပါ’ ဟူ၍ပင်ဖြစ်သည်။
ယနေ့မျက်မှောက်ခေတ် စာမဖတ်ခြင်းမှာ ထိုတရုတ်စကားပုံများကြောင့်လား တွေးမိပါသည်။ စင်စစ် မည်သည့်အာဏာရှင်မှ ငါ့ကိုတားဆီးလို့မရ။ ငါသည်ပညာဗဟုသုတ တိုးတက်များပြားအောင် စာဖတ်မည် ဟူသော စိတ်ဓာတ်မိုျးကို ထားရှိစေချင်သည်။ စာဖတ်ခြင်းသည် ငါအတွက်၊ငါမိသားစုအတွက် သဘောမထားပဲ ငါ့လူမိုျးငါ့နိုင်ငံအတွက်ဆိုပြီး သဘောထားရမည်။ စာဖတ်လျှင် ပညာနှင့်တကွ လုပ်ရဲကိုင်ရဲသောသတ္တိများ ရရှိလာမည်ဖြစ်သည်။ မိမိကို သူများလိမ်လို့ မရပေ။ စောဘဦးကြီး၊ မန်းဘဇန်၊ ဖဒိုမန်းရှာ အစရှိသော ကရင့်ခေါင်း ဆောင်များစွာတို့သည် ခေတ်ပညာတတ်များဖြစ်ကြသလို စာအုပ်များစွာ ကိုဖတ်ခဲ့ကြသူများ ပင်ဖြစ်သည်။ ထို့ကြောင့် အမိုျးရေးတွင် ထိပ်တန်းနေရာသို့ ရောက်ရှိခဲ့ကြသည်။
စာဖတ်ခြင်းကြောင့် ပြောင်းလဲသွားသော ပုဂ္ဂိုလ်များစွာရှိသည်။ ထိုအထဲတွင် အထက်တန်းလွှာ ၌သာ နေခဲ့သော မဟတ္တမဂန္ဒီသည် ဂျွန်ရစ္စကိန်း၏ စာအုပ်ကိုဖတ်လိုက်ရသဖြင့် ချက်ခြင်းဆင်းရဲသား တို့၏ဘဝကို စာနာလျက် ရောနှောနေထိုင်ကာ ဘဝပြောင်းလဲ သွားခဲ့လေသည်။ မဟတ္တမဂန္ဒီသည် အထက်တန်းလွှာနှင့်သာ အပေါင်းအသင်းလုပ်သည်။ အောက်တန်းစားကိုလုံးဝ မဆင်းပေ။ အောက်တန်းစားကို အထင်သေးသည်။ အနောက်တိုင်းစတိုင် နက်ကတိုင်တပ်လျက် ဝတ်ဆင်နေထိုင်လေ့ရှိသည်။ တစ်နေ့ရထားပေါ်တွင် ရှေ့နေလိုက်ပေးရန် ရထားကိုစီ၍နေသွားသည်။ ထိုအချိန်တွင် ဂျွန်ရစ္စကိန်းရေးသည့် စာအုပ်ကို ဖတ်သွားသည်။ ယင်းစာအုပ်ဖတ်ပြီးသည်နှင့် အရှေ့နှင့်အနောက် မိမိစီးသောရထားပေါ်မှာပင် ပြောင်းသွားသည်။ အဝတ်အစား ပါပြောင်းသွားသည်။ နောက်ပိုင်းတွင် လူဆင်းရဲများနှင့် ပေါင်းဖေါ်သည်။
စာအုပ်တစ်အုပ်ကို ဖတ်ပြီးလျှင် ယင်းစာအုပ်ပါ အကြောင်းအရာများသည် မိမိအားခံစားခိုင်းသည်။ တွေးခေါ်ဆင်ခြင်ခိုင်းသည်။ ဖန်တီးလှုပ်ဆော်ခိုင်းသည်။
သို့တွက်ကြောင့် ကရင်လူငယ်များသည် မိမိအမိုျးသားနှင့် တိုင်းပြည်အတွက် အနာဂတ်တွင် အားကိုးအားထားရမည့် လူငယ်တစ်ယောက်ဖြစ်ရန် ယခုကတည်းက အရည်အချင်းများစွာ ဆည်းပူးထားရန် လွန်စွာလိုအပ်လှပေသည်။ လူသည် အချိန်ကာလ တစ်ခုအတွင်း၌ အကန့်အသတ်ဖြင့် ရှင်သန်လှုပ်ရှားနေကြရပါသည်။ အချိန်ဖြုန်းနေလို့ မဖြစ်တော့ပေ။ မိမိဘဝရှင်သန်နေချိန်တွင် မိမိအရည်အချင်းကို ဖြည်းဆည်းမြင့်တင်ရင်း မိမိသူတစ်ပါးအကိုျး၊ တိုင်းပြည်အကိုျးတွေကို ကြိုပမ်းဆောင်ရွက် ရပါမည်။ ထိုအခါ မိမိအတွက် အနောက်အယှက်ဖြစ်စေသော အရက်သေစာ၊ မူးယစ်ဆေးဝါး၊ မကောင်းသော အပျော်အပါး လိုက်စားခြင်းများကို ရှောင်ကြဉ်ရပါမည်။
ယနေ့မျက်မှောက်ခေတ်တွင် မူးယစ်ဆေးဝါးနှင့် အရက်သည် နေရာတကာတွင် ရောက်ရှိပြန့်ပွားလို့ နေသည်။ အတော်လေးကို ရှောင်နိုင်မှ လွတ်ကင်းပါလိမ့်မည်။ တခိုျ့လူငယ်များသည် ငယ်ငယ်နှင့်အရက် (မအိုးဆေး)ကို သောက်သုံးလာကြသဖြင့် အရက်စွဲမှုများပင် တွေ့လာရသည်။ အညွှန့်တလူလူ တက်နေသော မိမိဘဝကို မဖျက်ဆီးမိဖို့လိုပါသည်။ တန်ဖိုးရှိသော လူငယ်ဘဝ အချိန်တွေကို တန်ဖိုးရှိရှိ စနစ်တကျ အသုံးချတတ်ရမည်။ ယခုအရက်များသည် မိမိတို့၏ဘိုးဘွားလက်ထက်က သစ်ဥသစ်မြစ်ထန်းလျက်ခဲ တို့နှင့်ချက်၍ သောက်သုံးလာခဲ့သော(ဆေးဖြစ်ဝါးဖြစ်)အရက်မဟုတ်ပေ။ လူကိုစွဲစေသော အယ်ကိုဟောလ်ဓာတ်၊ မီသိုင်းဓာတ်များ ပါဝင်သောကြောင့် မသောက်ရလျှင် မနေနိုင်ဘဲ ထာဝရစွဲစေပါသည်။ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေပါသည်။ အရက်စွဲလျှင် မိမိဘဝတိုးတက်စရာ အကြောင်းမရှိတော့ပေ။
အနာဂတ်ဘဝ လှပဖို့အတွက် ဖန်တီးမည့် ကရင်လူငယ်များသည် အရက်နှင့်ဝေးဝေး ရှောင်ကြဉ် ရန်များစွာ လိုအပ်လှပေသည်။ မိမိလူငယ်ဘဝ အညွှန်တလူလူ တက်နေချိန်တွင် အနှောက်အယှက်နှင့်အတူ ဆုတ်ယုတ်ပျက်စီးစေမည့် အကြောင်းအရာ မှန်သမျှအားလုံးကို ရှောင်ရှားနိုင်ရမည်ဖြစ်သည်။ သို့မှသာ အနာဂတ်တွင် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ကရင်လူငယ်များသည် ယခုကတည်းက မိမိလူမိုျးနှင့် တိုင်းပြည်အကိုျးတွေကိုရှေးရှု၍ မဖြစ်မနေ သင်ယူရမည့် အသိပညာ အတတ်ပညာများကို သင်ယူဆည်းပူးကြပြီး အမိုျးသားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကိုလည်း လေ့လာဆည်းပူး ရပါမည်။ မိမိတို့၏အမိုျးသားအကိုျး ကိုလည်း တစ်ဖက်တစ်လမ်း ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပါသည်။
စရှူခလိမ်(ထီးထာကလုန်း)