Home သတင်း ညွှန်ကြားချက်များအား လိုက်နာမှုရှိမရှိ စိစစ်‌နေစဉ်ကာလအတွင်း မြဝတီမြို့ရှိ စက်ရုံအလုပ်ရုံများ လုပ်ငန်းလည် ပတ်မှု ယာယီရပ်ဆိုင်းထား

ညွှန်ကြားချက်များအား လိုက်နာမှုရှိမရှိ စိစစ်‌နေစဉ်ကာလအတွင်း မြဝတီမြို့ရှိ စက်ရုံအလုပ်ရုံများ လုပ်ငန်းလည် ပတ်မှု ယာယီရပ်ဆိုင်းထား

3183
Photo: Nay Naw

ဧပြီ ၂၉ ရက်၊၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်။

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် အ‌သေးစား၊ အလတ်စားစက်ရုံအလုပ်ရုံများကို ကျန်းမာ ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာမှုရှိမရှိ စိစစ်‌ဆောင်ရွက်‌နေစဉ်ကာလအတွင်း လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းထားရမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ စက်ရုံအလုပ်ရုံများတွင် Covid-19 ကာကွယ်ထိန်းချုပ်‌ရေးကာလ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များအတိုင်း လိုက်နာမှုရှိ‌စေရန် မြဝတီမြို့နယ် ကျန်မာ‌ရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမားညွှန်ကြား‌ရေး ဦးစီးဌာနတို့မှ ပူး‌ပေါင်း၍ လိုက်လံစစ်‌ဆေးမှုများပြုလုပ်လျက်ရှိရာ ထိုသို့ စစ်‌ဆေး‌နေစဉ်ကာလအတွင်း ဧပြီလ ၃ဝ ရက်‌နေ့ထိ အဆိုပါ စက်ရုံအလုပ်ရုံများအား ယာယီပိတ်ထားခိုင်းသည်ဟု မြဝတီမြို့နယ်အလုပ်သမားညွှန် ကြား‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်း က ‌ပြောသည်။

၎င်းက “အလုပ်သမား‌တွေကို စနစ်တကျ တန်းစီပြီး ဝင်ဖို့၊ ဝင်တဲ့အခါ ၆ ‌ပေအကွာ ဝင်ဖို့အတွက် ဒါကို စစ်‌ဆေးပါတယ်။ သူတို့ ဆီကိုလည်း အ‌ကြောင်းကြားစာ‌တွေ ပို့ထားပြီးဖြစ်တဲ့အတွက် အခုဆိုရင် စစ်‌ဆေးတဲ့ အခါမှာ လုပ်ပြီး သားရှိသလား။ အခု ကျ‌နော်တို့ သွားစစ်တဲ့စက်ရုံ‌တွေအကုန်လုံးကို‌တော့ ပိတ်ထားခိုင်း တယ်‌ပေါ့‌နော်။ စက်ရုံ‌တွေမလည်ပတ်ရဘူး။”ဟု ‌ပြောသည်။

ယခုလိုစစ်‌ဆေးရာတွင် အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာ၍ ကျန်းမာ‌ရေးစစ်‌ဆေးမှုများပြုလုပ်ခြင်း၊ လက် ‌ဆေးခြင်း ၊ Mask များတပ်ဆင်ခြင်း၊ အလုပ်သမားများ၏ အမည်စာရင်းနှင့် ‌နေရပ်လိပ်စာကို မှတ်တမ်း ထားရှိ ခြင်း၊ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid-19 အသိပညာ‌ပေး ဗီနိုင်းပိုစတာများကို လုပ်ငန်းခွင် နှင့် အများမြင်သာသည့်‌နေရာတွင်ထားရှိခြင်းအစရှိသည့် စည်းကမ်းချက်များကို လိုက်နာ‌ဆောင်ရွက် ထားမှုရှိမရှိ စစ်‌ဆေးထားမှုအပြင် အလုပ်သမားများဖျားနာပါက ပြင်ပ‌ဆေးခန်းများတွင် မပြဘဲ‌ဆေးရုံသို့တက် ‌ရောက်၍ ‌ဆေးဝါးကုသမှုခံယူရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့သည်ဟုလည်း ဦးနိုင်ဝင်းထွန်း က ဆက်‌ပြောသည်။

Photo: Nay Naw

မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆုံဆည်းရာ အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် မနှင်းသီတာက “မြို့နယ်က လာ ‌ရောက်စစ်‌ဆေးမှု မပြုခင်တစ်လခန့်ကတည်းက ကျမတို့စက်ရုံမှာ Covid-19 ကြိုတင်ကာကွယ်‌ရေးအတွက် ကျန်း မာ‌ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း အနီးစပ်ဆုံး ‌ဆောင်ရွက်ထားပါတယ်။ စက်ရုံမှာက အလုပ်သမား ၅ဝ ‌ကျော်ရှိပါတယ်။ ယခုလို စက်ရုံပိတ်ထားရ‌တော့ အ‌ခြေခံလူတန်းစား အလုပ်သမား‌တွေအဖို့ အလုပ်လက် မဲ့ဖြစ်ပြီး ဝင်‌ငွေမရှိ‌တော့၍ သူတို့ကို မှီခို‌နေတဲ့ မိသားစုဝင်‌တွေလဲ စားဝတ်‌နေ‌ရေးအတွက် ဒုက္ခ‌ရောက်ကြရ ပါ တယ်။ ”ဟု ‌ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံဘက်ခြမ်းကုမ္ပဏီမှအထည်‌အော်ဒါကိုယူပြီး ချုပ်‌နေရသည့်အတွက် ယခုလို စက်ရုံ ပိတ်ထားရ၍ သတ်မှတ်ရက်အတွင်း အထည်များမအပ်နိုင်ရင် တဖက်က ယုံကြည်မှုမရှိ‌တော့ဘဲ လုပ်ငန်းအတွက် ထိခိုက်လာမည်ကို စိုးရိမ်မှုရှိ‌နေ‌ကြောင်းလည်း အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် မနှင်းသီတာက ဖြည့်စွက်‌ပြောသည်။

အဆိုပါ စစ်‌ဆေး‌တွေ့ရှိချက် မှတ်တမ်းများကို ကရင်ပြည်နယ်အစိုးရထံတင်ပြပြီး‌နောက် ကျန်းမာ‌ရေး ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ‌ဆောင်ရွက်ထားပြီး မဖြစ်မ‌နေ ဖွင့်လှစ်ရန်လိုအပ်သည့် စက်ရုံအ လုပ်ရုံများကို စိစစ်၍ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်‌ပေးသွားမည်ဟု မြို့နယ် အလုပ် သမား ညွှန်ကြား‌ရေးဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်း၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်‌သော မြဝတီမြို့တွင် လုပ်ငန်းလိုင်စင်တင်၍ လုပ်ကိုင်‌ဆောင်ရွက်‌နေ‌သော အ‌သေးစား၊ အလတ်စား စက်ရုံအလုပ်ရုံ ၁၀ဝ ‌ကျော်ရှိသည်ဟု သိရသည်။