ဧပြီ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်။
နှစ်ပေါင်း ၂၃ နှစ်သက်တမ်းရှိ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သော ကရင်ပြည် နယ် မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်း တံတားချဉ်းကပ်လမ်းနှင့် တံတားအဝင်နေရာ ပေ ၇၀ဝ ခန့် လမ်းပျက်စီးနေမှုအား ဧပြီ ၃ ရက်နေ့က စက်ယန္တရားကြီးများဖြင့် စတင်ပြင်ဆင်နေပြီး လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။
“ပျက်စီးခဲ့တာ ကတ္တရာအပေါ်လှန်ထွက်ပြီး ကားတွေတောင်သွားလို့မရဘူး၊ အရှေ့ဘက်မှာ လည်း တော်တော့ဆိုးတယ်။ ခုနေ့ရော ညပါ ဆောင်ရွက်နေတာ။ ဒီနေ့မှာတော့ သုံးပုံ နှစ်ပုံ ခန့် ပြီးစီးနေပါပြီ။ နောက်သုံးရက်လောက်ဆိုရင် ပြီးစီးတော့မှာပါ။ ခုတံတားဖွင့်ရင် အဆင် သင့်ဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ကွန်ကရစ် ၁၂ လက်မထုနဲ့ခင်းတာဖြစ်တဲ့အတွက် ကုန်ကားတွေသွားရင်လည်း ခံနိုင်ရည်ရှိပါတယ်။ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ တံတားပြင် ဆင်နေမှုကို အပြီးသတ်ဆောင်ရွက်နိုင်ဖို့ လျာထားပါတယ်”ဟု မြဝတီမြို့ နယ် စည် ပင်သာ ယာရေး ဥက္ကဋ္ဌ ဦးသန်းရွှေ က ပြောသည်။
အဆိုပါ တံတားပြင်ဆင်မှုကို ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်အရ တံတားကြီးပေါ်မှ ဖြတ်သန်း သွားလာမှုကနေ ကောက်ခံရရှိသော ငွေထဲမှ မြို့နယ်စည်ပင်သာယာရေးအတွက် ၁ဝ ရာခိုင်း နှုန်းက ရရှိငွေဖြင့် ပြင်ဆင်ခြင်းဖြစ်ပြီး မြဝတီမြို့စည်ပင်သာယာရေးကော်မတီ၊ လမ်းဦးစီး အင် ဂျင်နီယာများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ခြင်းဖြစ်သည်ဟု
မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
“ယခင်က ဒီတံတားကြီးမှာ ထိုင်းကုန်တင်တွဲကားကြီးတွေနှင့် မြန်မာကုန်တင်ယာဉ်များ အဝင် အထွက်များခဲ့တော့ လမ်းသားတွေချိုင့်ပြီး တစ်ချို့နေရာတွေပျက်စီးကုန်တာပေါ့။ ပျက်စီး နေတာကို ပြင်ဖို့ အခုမှအချိန်ရသလို ဖြစ်သွားတာဖြစ်ပါတယ်။ ယခုတံတားကပိတ် ထားတော့ ယာဉ်အသွားအလာ မရှိဘူးဒီလိုရှင်းတဲ့အချိန်မှာပြင်ရတော့ လွတ်လွတ်လပ်လပ်ပြင် ဆင်ရတဲ့အတွက် ပိုကောင်းပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။
မြဝတီမြို့နှင့် မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် အဆိုပါ တံတားကြီးအား ၁၉၉၅ ခုနှစ် တွင် ထိုင်းနိုင်ငံမှ အကုန်ကျခံ၍ ဂျပန်အင်ဂျင်နီယာများဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၁၉၉၇ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ကာ အဆိုပါတံတားကြီး၏ သက်တမ်းမှာ ယခုအခါ နှစ်ပေါင်း ၂၃ နှစ် ကြာမြင့်ခဲ့ပြီးဖြစ်သည်။
ယခင်က မြဝတီမြို့တွင် တံတားတစ်စင်းတည်းရှိခဲ့ရာမှ ယခုအခါ မြဝတီနယ်စပ်တွင် ထိုင်း-မြန် မာအမှတ် ၂ ချစ်ကြည်ရေးတံတားကြီးကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ် ကုန် စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာခဲ့သော်လည်း လတ်တလောဖြစ်ပေါ်နေသော Covid-19 ကူးစက်ရောဂါ ဂယက်ကြောင့် အမှတ် ၁ တံတားကြီးနှင့် သောင်ရင်းမြစ်ဖြတ်ကျော် စက်လှေ ဂိတ်များ ဖြတ်သန်းသွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး အမှတ် ၂ တံတား ကြီးတွင်မူ နှစ်ဖက်ကုန်ပစ္စည်းသယ်ဆောင်မှု အတွက်ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်း သွားလာခွင့်ပြုထားကြောင်း သိရသည်။