Home သတင်း NCA အပစ်ရပ်သ‌ဘောတူညီချက်နှင့်အညီ ‌ရောဂါတားမြစ်ကာကွယ်မှုကို ညှိနှိုင်းလုပ်‌ဆောင်သွားရန် အစိုးရ ကို KNU တိုက်တွန်း

NCA အပစ်ရပ်သ‌ဘောတူညီချက်နှင့်အညီ ‌ရောဂါတားမြစ်ကာကွယ်မှုကို ညှိနှိုင်းလုပ်‌ဆောင်သွားရန် အစိုးရ ကို KNU တိုက်တွန်း

2662

မတ်လ ၂၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

လတ်တ‌လောဖြစ်ပွား‌နေသည့် ကမ္ဘာ့ကပ်‌ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိ‌ရောက်စွာ ကာကွယ် တားမြစ်သွားနိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ပါ သ‌ဘောတူညီချက် များနှင့်အညီ ညှိနှိုင်းလုပ်‌ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှ ယ‌နေ့ (မတ်လ ၂၆ရက်) ထုတ်ပြန်သည့် ‌ကြေညာချက်၌ အစိုးရကို တိုက်တွန်းထားသည်။

‌ကေအဲန်ယူ အပစ်ရပ်နယ်‌မြေအတွင်းရှိ ပြည်သူလူထုများနှင့် ‌ဒေသခံ ဌာ‌နေ တိုင်းရင်းသားများ၏ ကျန်းမာ‌ရေး ဆိုင်ရာ ပညာ‌ပေး‌ရေးနှင့် ကာကွယ်‌ပေး‌ရေး လုပ်ငန်းများကို NCA အခန်း (၆) အပိုဒ် (၂၅) နှင့်အညီ ‌ကေအဲန်ယူ ၏ ကျန်းမာ‌ရေးဌာနနှင့် ညှိနှိုင်း‌ဆောင်ရွက်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက “ဒီကိစ္စက ကျ‌နော်တို့ ‌ကေအဲန်ယူ နယ်‌မြေမှာ ကလည်း ကျန်းမာ‌ရေးစနစ်က ရှိ‌နေတဲ့အ‌ပေါ်မှာ KDHW နဲ့ အစိုးရရဲ့ ကျန်းမာ‌ရေးစနစ် ကြားထဲမှာ ဘယ်လို ချိတ်ဆက်လုပ်ကိုင်နိုင်တဲ့ coordination, cooperation လုပ်ငန်း‌တွေ လုပ်နိုင်မလဲ‌ပေါ့‌နော်။ အခု ‌ရွှေ့‌ပြောင်း လုပ်သား ‌တွေများစွာ ပြန်လာတာလည်းရှိပါတယ်။ ကျ‌နော်တို့ နယ်‌မြေဘက်မှာ ပြန်သွားတဲ့သူ‌တွေလည်း ရှိပါတယ်။ အဲ့အ‌ခြေခံအ‌ပေါ်မှာမူတည်ပြီး‌တော့ ညှိနှိုင်းလုပ်ကိုင်‌ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်း‌တွေ ချထား သင့်ပါတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူ၏ ထုတ်ပြန်‌ကြေညာချက်၌လည်း ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးနှင့် ဗိုင်းရပ်စ် ‌ရောဂါ တိုက်ဖျက်‌ရေးတွင်အတူတကွ ပါဝင်ကြရန် ‌ပြောကြား‌သော ကမ္ဘာ့ကုလသမဂ္ဂ အ‌ထွေ‌ထွေ အတွင်း ‌ရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်၏ ‌မေတ္တာရပ်ခံချက်ကို ကြိုဆို‌ကြောင်းနှင့် ကြိုတင်ကန့်သတ်ချက် မထား သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးကို ‌ကြေညာခြင်းပြုလုပ်ရန်ကိုပါ အစိုးရနှင့် တပ်မ‌တော်ကို ‌တောင်းဆိုထားသည်။

NCA အခန်း (၆)၏ ကြားကာလတွင် ‌ဆောင်ရွက်ရမည့် အစီအစဉ်များ၏ အပိုဒ် (၂၅) အပိုဒ်ခွဲ (က)၏ (၁)အရ ပြည်သူ လူထုများ၏ ကျန်းမာ‌ရေး ပညာ‌ရေး၊ လူမှု‌ရေးနှင့် စီးပွား‌ရေးဆိုင်ရာ အ‌ခြေခံဖွံ့ဖြိုးတိုးတက်‌ရေး လုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်း လုပ်‌ဆောင်ရန် သ‌ဘောတူထားသည်။

လက်ရှိတွင်လည်း ‌ကေအဲန်ယူအ‌နေဖြင့် ‌တော်လှန်‌ရေး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အ‌လျောက် ကုသ‌ရေးအတွက် အခက်အခဲရှိ‌သော‌ကြောင့် ကာကွယ်‌ရေးကို ဗဟို၏ ညွှန်ကြားမှုနှင့်အတူ ‌ကေအဲန်ယူ၏ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေး-KDHWမှ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့-WHO၏ လမ်းညွှန်ချက်အတိုင်း အမျိုးသားလုံခြုံ‌ရေးအဖြစ် ကာကွယ်‌ရေးကို ဦးစား‌ပေးအဆင့် လုပ်‌ဆောင်‌နေ‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။

ထိုသို့လုပ်‌ဆောင်ရာတွင် WHO ၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည့် ပညာ‌ပေးလုပ်ငန်းများ၊ နယ်‌မြေ‌ဒေသ စည်းမျဉ်းစည်းကမ်းများ ထုတ်ခြင်း၊ လူစုလူ‌ဝေးပြုလုပ်ခြင်းများကို ယာယီရပ်ဆိုင်းခြင်းများစသည့် ကာကွယ်‌ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တပ်မဟာ၊ ခရိုင်၊ မြို့နယ် တပ်ရင်း တပ်ခွဲများအထိ ညွှန်ကြားချက်များ ‌ပေး ထား ‌ကြောင်းလည်း ‌ကေအဲန်ယူက ‌ပြောသည်။

KDHW ၏ တာဝန်ခံ ပဒို‌စောဒိုင်းမွန်းခင်က “ကျ‌နော်တို့က မြန်မြန်ဆန်ဆန်လူထုဆီ‌ရောက်‌အောင် ‌ကြေးနန်း က‌နေ တဆင့် ခရိုင်တိုင်းကို တပ်မဟာအပါအဝင်‌ပေါ့ Short to the point ညွှန်ကြားထားတာရှိတယ်။ ‌ဖေ့စ်ဘွတ်က‌နေ ထုတ်ပြန်ချက်ထုတ်တာလည်းရှိတယ်။ အခုဆိုရင် ပိုစတာ‌တွေ ထုတ်ပြီးလိုက်ကပ်ဖို့ အမြန် လုပ်‌နေတယ်။ ‌နောက်ပြီး Educator ‌တွေ စပြီးသင်တန်း‌ပေးတာ‌ပေါ့။ ‌ကျေးရွာ‌တွေကို ပညာ‌ပေး ဆင်းဖို့ အတွက်။ သ‌ဘောက ဒီသတင်းစကားက အ‌ခြေခံလူတန်းစား‌တွေအထိ‌ရောက်‌အောင်ဆိုတာက အဓိက ဗျူဟာဖြစ်တာ‌ပေါ့။” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

လက်ရှိတွင် အဆိုပါ ကပ်‌ရောဂါ နှင့်ပတ်သက်ပြီး ‌ကျေးလက်‌ဒေသတွင်းသို့ ပညာ‌ပေးလုပ်‌ဆောင်ရန် ပညာ‌ပေး ပိုစတာများနှင့် သင်တန်း‌ပေးမှုသာ ပြုလုပ်ပြီးစီးထား‌ကြောင်းနှင့် ပညာ‌ပေးလုပ်‌ဆောင်ရန် တချို့‌ကျေး လက် ‌ဒေသများတွင် ဘာသာ‌ရေး အယူအဆများအရ ရွာတွင်း‌ပေးမဝင်သည့် အခက်အခဲများရှိ‌ကြောင်းလည်း ပဒို ပဒို‌စောဒိုင်းမွန်းခင်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၉ရက်‌နေ့တွင် နိုင်ငံ‌တော်သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ် ဦး‌ဇော်‌ဌေး၏ လက် မှတ်ဖြင့် NCA အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့် အဖွဲ့များဆီသို့ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်း ချမ်း‌ရေး ဗဟိုဌာမှတစ်ဆင့် အ‌ကြောင်းကြားစာ‌ပေးပို့ရာတွင် WHO၏ ကိုရိုနာဗိုင်းရပ်စ်ကို ကပ်‌ရောဂါ အဖြစ် ‌ကြေညာချက်နှင့်အတူ ညွှန်ကြားချက်များအတိုင်း ‌ရောဂါကာကွယ်‌ရေး ပညာ‌ပေး လုပ်ငန်းများကို လက်တွဲ လုပ်‌ဆောင်ရန် အသိ‌ပေးအ‌ကြောင်းကြားထား‌ကြောင်း သိရသည်။

အလားတူ ယမန်‌နေ့ မတ်လ ၂၄ ရက်‌နေ့တွင်လည်း ‌ကေအဲန်ယူ တပ်မဟာ (၂) ‌တောင်ငူခရိုင်မှ နယ်‌မြေအ တွင်း ဝင်ထွက်သွားလာမှုများကို တားမြစ်ထားသည့် အသိ‌ပေး ထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်လိုက်သလို ကျန် တပ်မဟာ၊ ခရိုင်၊ မြို့နယ် နှင့် တပ်ရင်း တပ်ခွဲများတွင်လည်း အသိ‌ပေးထုတ်ပြန်ထားပြီး တခြား‌သော ကရင် လက်နက်ကိုင်အဖွဲ့အစည်းများလည်း အသီးသီးစာထုတ်ပြန်ထားသည်။

ယ‌နေ့ မတ်လ ၂၆ရက်‌နေ့အထိ ‌နောက်ဆုံးရရှိထားသည့် စာရင်းများအရ နိုင်ငံ‌ပေါင်း ၁၉၇နိုင်ငံမှ COVID-19 ကူးစက်ခံထားရသူ (၄၇၂, ၇၉၀) ဦးတွင် (၂၁,၃၁၃) ဦး ‌သေဆုံးသွားခဲ့ပြီး (၁၁၄,၉၁၁) ဦး ပြန်လည်‌ကောင်းမွန် လာ‌ကြောင်း ဂျွန်‌ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ၏ အားကစားနှင့် ကျန်းမာ‌ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ ‌စောင့်ကြည့်လူနာ ၂၃၆ဦး၊ သံသယလူနာ ၂ဦးနှင့် ပိုး‌တွေ့ရှိသူ ၃ ဦး ရှိ‌နေ‌ကြောင်း ထုတ်ပြန်ထားသည်။