Home သတင်း တပ်မ‌တော်၏ ဒရုန်းယာဉ်များဖြင့် စုံစမ်း‌ထောက်လှမ်းခံရမှုအ‌ပေါ် KNU ကန့်ကွက်၊ နှစ်ဖက်ယုံကြည်မှု ပျက်ပြား‌စေ သည်ဟု ‌ပြော

တပ်မ‌တော်၏ ဒရုန်းယာဉ်များဖြင့် စုံစမ်း‌ထောက်လှမ်းခံရမှုအ‌ပေါ် KNU ကန့်ကွက်၊ နှစ်ဖက်ယုံကြည်မှု ပျက်ပြား‌စေ သည်ဟု ‌ပြော

3166

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး

အစိုးရ တပ်မ‌တော်၏ ဒရုန်းယာဉ်များဖြင့် စုံစမ်း‌ထောက်လှမ်းခံ‌နေရ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ် မဟာ ၅မှ ဇန်နဝါရီလ ၂၁ ရက်၊ ရက်စွဲဖြင့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ(JMC-S) ထံသို့ ကန့်ကွက်အ‌ကြောင်းကြားစာ ‌ပေးပို့ခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ တပ်မ‌တော်မှ ၎င်းတို့၏ တပ်ရင်းဌာနချုပ်များကို နှစ်ပတ်တစ်ကြိမ်ခန့် လာ‌ရောက်စုံစမ်း ‌ထောက်လှမ်းခံရ ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များသည် ပြည်သူနှင့် ၎င်းတို့၏ လုံခြုံ‌ရေးအတွက် ခြိမ်း‌ခြောက်ခံရသလို နှစ်ဖက်အပြန်အလှန် ယုံကြည်မှုပျက်ပြား‌စေသည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူး ‌စောကလယ်ဒို့က ‌ပြောသည်။

၎င်းက“သူတို့က များ‌သောအားဖြင့် ညပိုင်း‌တွေမှာ လွှတ်တာ‌တွေ့ရတယ်။ အရင် ၂၀၁၈ခုနှစ်တုန်းက တစ်ကြိမ်၊ နှစ်ကြိမ် ‌လောက်ပဲလာတယ်။ ဒီ ၂၀၁၉ က‌နေစပြီး များလာတယ်။ ကျ‌နော်တို့ တပ်ရင်းတပ်စခန်း‌တွေ ရှိတဲ့ ‌နေရာ၊ တပ်မဟာ‌တွေ ရှိတဲ့‌နေရာ‌တွေကို များ‌သောအားဖြင့် လာတယ်။ ရွာ‌တွေအ‌ပေါ်မှာပျံတဲ့အချိန် ငြိမ်‌နေတဲ့အခါမှာ ရွာသား‌တွေ ဓါတ်ပုံရိုက် ယူထားတာ‌တွေလည်းရှိတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထိုသို့ လာ‌ရောက်ပျံသန်းသွားသည့် ဒရုန်းယာဉ်များကို ပြန်လည် စုံစမ်း‌ထောက်လှမ်းကြည့်သည့်အခါ နီးစပ်ရာ မြန်မာ့ တပ်မ‌တော်စခန်းများ တည်ရှိရာ‌နေရာများသို့ ဆင်းသက်သွားသည်ကို ‌တွေ့ရပြီး အဆိုပါ ကိစ္စရပ်အ‌ပေါ် နှစ်ဖက်‌ခေါင်း ‌ဆောင်များ ‌တွေ့ဆုံ‌ဖြေရှင်း‌ပေးရန် လိုအပ်‌ကြောင်းလည်း ဗိုလ်မှူး ‌စောကလယ်ဒို့က ဆက်‌ပြောသည်။

အဆိုပါ ကိစ္စရပ်အ‌ပေါ် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S)ရုံး သို့ ကန့် ကွက်စာ‌ပေးပို့ခဲ့ရာတွင် ၎င်းလုပ်ရပ်များသည် တပ်မ‌တော်ဘက်က တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(NCA) အခန်း(၃)ပါ အချက်များနှင့် နှစ်ဖက်လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များပါအချက်များ ချိုး‌ဖောက်‌ကြောင်း ပါရှိသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး JMC-S အတွင်း‌ရေးမှူး(၂) ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း‌အောင်က “ကျ‌နော်တို့ ဆီကို‌တော့ ကန့်ကွက်စာ‌တော့ မ‌ရောက်‌သေးဘူး။ အမှန်တကယ်က‌တော့ JMC ရုံးကို‌တော့ ‌ရောက်မှာ‌ပေါ့‌လေ။ အဲ့ဒီရုံးကို‌တောင် မ‌ရောက်‌သေးဘူးခင်ဗျ။ ကျ‌နော်တို့က‌တော့ တစ်လတစ်ခါ ဒီတိုင်ကြားစာရှင်းတဲ့ဟာ ‌ကေအဲန်ယူ ဘက်က ပဒို‌ရွှေ‌မောင်း(ဒူးပလာယာခရိုင် ဥက္ကဋ္ဌ)တို့ပါတယ်။ အဲ့ဒါကို‌တော့ တစ်လတစ်ခါ ‌ဆောင်ရွက်ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၅) ‌ဒေသဘက်တွင် မြန်မာ့တပ်မ‌တော် တပ်စခန်း‌ပေါင်း ၈ဝ ခန့်ရှိပြီး အထူးသဖြင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ကွပ်ကဲ‌ရေဌာနချုပ်(၁)၏ လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း (၁၉)၊ ‌ခြေမြန် တပ်ရင်း(၃၄၁)နှင့် (၃၄၀)စသည့် တပ်ရင်းများ အထူးလှုပ်ရှားလျက်ရှိ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ (၅)ဘက်က ဆိုသည်။

NCA အပစ်ရပ်သ‌ဘောတူညီချက်ပါ အခန်း(၃)၊ အပိုဒ်(၅)၊ အပိုဒ်ခွဲ(က)(ခ)အရနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် (COC) အ ခန်း(၃) အပိုဒ် (၈)၊ အပိုဒ်ခွဲ (က)(ခ)အရ အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင့် တစ်ဖက်အကြား နယ်‌မြေစိုးမိုးမှု တပ် လှုပ်ရှားခြင်း၊ ကင်း‌ထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်း‌ထောင်ခြင်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရုပ်ဝတ္တုပစ္စည်းများ ဖျက်ဆီးခြင်းများနှင့် ထိုးစစ်ဆင်ခြင်းကို ရပ်ဆိုင်းရန်အပြင် တစ်ဖက်နှင့်တစ်ဖက် ရန်မူ သည့် (သို့မဟုတ်) ‌စော်ကားမှုဖြစ်‌စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့်လုပ်ရပ်များကို မပြုလုပ်ရဟု ပါရှိသည်။