Home သတင်း ‌ရွေး‌ကောက်ပွဲတွင် UNA မိတ်ဖက်ပါတီများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မည်ဟု KNP ‌ပြော

‌ရွေး‌ကောက်ပွဲတွင် UNA မိတ်ဖက်ပါတီများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မည်ဟု KNP ‌ပြော

2404
၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရန် ပါတီ တာဝန်ရှိသူများက အစွမ်းကုန်အားထည့်လုပ်‌ဆောင်သွားမည်ဟု KNP က ‌ပြောသည်။ ( Photo-KIC)

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၂ဝ ပါတီစုံ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေးအတွက် ညီညွတ်‌သောတိုင်းရင်းသား လူမျိုး များမဟာမိတ်အဖွဲ့ (UNA)၊ မိတ်ဖက်ပါတီတို့ နှင့်ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု ကရင်အမျိုးသားပါတီ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုသားပါတီ (KNP) ၏ နှစ်ပတ်လည် အစည်းအ‌ဝေးကို ပုသိမ်မြို့၊ ဂရုဏာစင်တာ၌ နိုဝင်ဘာ ၁၇ ရက် ‌နေ့တွင် ပြုလုပ်ခဲ့ပြီး အစည်းအ‌ဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီ်တာဝန်ရှိသူများက ‌ပြောသည်။

“ ကျ‌နော်တို့ KNP က UNA အဖွဲ့ဝင် ပါတီဖြစ်တယ်။ လာမဲ့‌ရွေး‌ကောက်ပွဲမှာ UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီ အချင်းချင်း၊ ‌နောက် UNA နဲ့ မိတ်ဖက်ပါတီ‌တွေဖြစ်တဲ့ လူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ၉ဝ လွှတ်‌တော် အမတ်‌တွေ ဖွဲ့ထားတဲ့ ပါတီ‌တွေနဲ့ ‌အောင်နိုင်‌ရေးကို ပူး‌ပေါင်းလုပ်‌ဆောင်သွားမယ်” ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

နိုဝင်ဘာ ၁၇ ရက်‌နေ့က ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ကယားပြည်နယ်၊ ဖား‌ဆောင်းမြို့နယ်တွင် ပါတီရုံးဖွင့် လှစ်‌ရေးကိစ္စ၊ ရန်ကုန်၊ ဧရာဝတီတိုင်း‌ဒေသကြီးတို့တွင်ပါတီရုံးများဖွင့်လှစ်‌ရေး ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့သလို ပါတီအ‌နေဖြင့် လာမည့် ၂၀၂ဝ ပထမ ‌လေးလပတ်အတွင်း ‌ရွေး‌ကောက်ပွဲဝင်မည့် မဲဆန္ဒနယ်နှင့် ဝင်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများ အတည်ပြုခြင်းကို ပြုလုပ်သွားရန် စသည့် အချက်များကိုလည်း ‌ဆွေး‌နွေး သ‌ဘော တူခဲ့‌ကြောင်း ပါတီတာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးသို့ ပါတီဗဟို အလုပ်အမှု‌ဆောင်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်၊ ‌မြောင်းမြ၊ အိမ်မဲ၊ ဘိုက‌လေး၊ ပုသိမ်၊ ‌ကျောင်းကုန်း၊ ကန်ကြီး‌ထောင့်၊ ငပု‌တော၊ ‌ညောင်တုန်း စသည်တို့မှ ပါတီတာဝန်ရှိသူများ၊ ရန်ကုန်တိုင်း‌ဒေသကြီး ထန်းတပင်၊ ‌ကော့မှူး စသည့်မြို့နယ်များမှ ကိုယ်စားလှယ်များ၊ ပဲခူးတိုင်း‌ဒေသကြီးမှ ပါတီတာဝန်ရှိသူများနှင့် ကယားပြည်နယ် (ကရင်နီပြည်) ဖား‌ဆောင်းမြို့နယ် ပါတီတာဝန် ရှိသူများ အပါအဝင်စုစု‌ပေါင်း ၆ဝ ဦးခန့် တက်‌ရောက်ခဲ့သည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရန် ပါတီ တာဝန်ရှိသူများက အစွမ်းကုန်အားထည့်လုပ်‌ဆောင်သွားမည်ဟု KNP က ‌ပြောသည်။ ( Photo-KIC)

KNP ဖား‌ဆောင်းမြို့နယ်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌ထော‌နေမူးက “ ကျ‌နော်တို့ ဖား‌ဆောင်းမြို့နယ်မှာ ကရင်လူဦး‌ရေက ၈ဝ ရာခိုင်နှုန်းနီးပါးရှိတယ်။ ‌ဒေသခံ‌တွေက ကိုယ့်ကရင်ပါတီ‌တွေကိုပဲ အား‌ပေးချင်တယ်။ ကရင်အမျိုးသားပါတီမြို့နယ် စည်းရုံး‌ရေး‌ကော်မတီကို ဖွဲ့စည်းထားပြီးသွားပြီ ဒါ‌ပေမဲ့ ရုံးဆိုင်းဘုတ်‌ထောင်တဲ့ အခမ်းအနား‌တော့ မလုပ်ရ‌သေးဘူး။ မကြာခင်လုပ်မယ် ပါတီဗဟိုက တာဝန်ရှိသူ‌တွေနဲ့ပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားပါတီကို ၂၀၁၄၊ ‌အောက်တိုဘာတွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင် ‌ရောက် ယှဉ်ပြိုင်ခဲ့ဖူး‌သော်လည်း အနိုင်မရခဲ့သလို လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရန် ပါတီ တာဝန်ရှိသူများက အစွမ်းကုန်အားထည့်လုပ်‌ဆောင်သွားမည်ဟု ပါတီဗဟို အလုပ်အမှု‌ဆောင်အဖွဲ့ဝင်များထံမှ သိရသည်။