Home သတင်း ငြိမ်းချမ်း‌ရေးရဖို့ တိုင်းရင်းသားအ‌ရေးကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အ‌ဖြေရှာရန်လိုအပ်ဟု ပဒို‌စောသမိန်ထွန်း‌ပြော

ငြိမ်းချမ်း‌ရေးရဖို့ တိုင်းရင်းသားအ‌ရေးကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အ‌ဖြေရှာရန်လိုအပ်ဟု ပဒို‌စောသမိန်ထွန်း‌ပြော

2282

စက်တင်ဘာ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

မြန်မာပြည် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိရန်အတွက် အစိုးရအ‌နေဖြင့် တိုင်းရင်းသားများအ‌ရေးကို ငြိမ်းချမ်း သည့် နည်းလမ်းဖြင့် အ‌ဖြေရှာနိုင်‌ရေး ဦးစား‌ပေးစဉ်းစား‌ဆောင်ရွက်ရန် လိုအပ်‌ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောသမိန်ထွန်းက ‌ပြောသည်။

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ သံ‌တောင်မြို့သစ်တွင် စက်တင်ဘာလ ၂၁ရက်‌နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားမိန့်ခွန်းတွင် ပဒို‌စောသမိန်ထွန်းက ယခုလို တိုက်တွန်း‌ပြောဆို လိုက်ခြင်းလည်းဖြစ်သည်။

“အာဏာပိုင်အစိုးရ‌တွေက တိုင်းရင်းသားလူမျိုးစု‌တွေနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးရ‌အောင် စစ်လက် နက်မပါဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လိုပုံ‌ဖော်မလဲဆိုတာ အရင်‌ဆောင်ရွက်ဖို့လိုတယ်။ ဒါမှ တိုင်းရင်းသား‌တွေက ပြည်‌ထောင်စုအတွက် ဘယ်လိုလုပ်‌ပေးရမလဲဆိုတဲ့ အ‌ဖြေ‌ပေါ်လိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦးယုံကြည်မှု ရှိလာမှာဖြစ်တယ်။ အခု ကန့်လန့်ကန့်လန့် ဖြစ်‌နေတာ‌တွေက ယုံကြည်မှုတည်‌ဆောက်ဖို့လို‌သေးတယ်”ဟု ‌ပြောသည်။

ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းဖြစ်သည့် ဆာမူ‌ထော်နှင့် ဆာဓူ‌ဝေါ် အဖွဲ့ ၂ ဖွဲ့မှ ဦး‌ဆောင်ပြီး သံ‌တောင်မြို့သစ်၊ ပသိ‌ချောင်းခန်းမ၌် ပထမဦးဆုံး အကြိမ်ပြုလုပ်ခဲ့သည့် အခမ်းအနားသို့ တက် ‌ရောက်ချီးမြှင့်ရန် အစိုးရဌာနဆိုင်ရာများကို ဖိတ်ကြားခဲ့‌သော်လည်း အချို့အစိုးရဌာနမှ ငြိမ်းချမ်း‌ရေး ‌နေ့အခမ်းအနားသို့ မသွားရန် ကန့်သတ်မှုများ ပြုလုပ်ခဲ့‌သေးသည်ဟု ပွဲဦး‌ဆောင်သူများက ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယင်းအ‌ခြေအ‌နေများနှင့်ဆက်စပ်ပြီး ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားများ ပြုလုပ်‌ဆောင်ရွက်ရာတွင် ကန့်သတ်မှု များရှိ‌နေသည့်အပြင် ကရင်အမျိုးသားတို့၏ ‌နေ့ထူး‌နေ့မြတ် အခမ်းအနားများကျင်း ပရာတွင်လည်း ကျင်းပသူအချို့ တရားစွဲဆိုခံထားရမှုများမှာ ယုံကြည်မှုကို ပျက်ပြား‌စေ‌ကြောင်းလည်း ပဒို‌စောသမိန်ထွန်းက ‌ပြောကြားသည်။

“ယုံကြည်မှုတည်‌ဆောက်တဲ့‌နေရာမှာ တဖက်သတ် ဖွံဖြိုး‌ရေးနဲ့ တည်‌ဆောက်လို့ မရဘူး။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့လိုတယ်။ အခု အတားအဆီး အကန့်အသတ်‌တွေက ဘာ‌တွေ မှန်းမသိဘူး။ အဲလိုဆို ယုံကြည်မှု တည်‌ဆောက်လို့မရဘူး။ ဒါက သိပ်အ‌ရေးကြီးလို့ ကျ‌နော် ‌ပြော‌နေတာ” ဟု ပဒို‌စောသမိန်ထွန်းက ‌ပြောသည်။

စက်တင်ဘာလ ၂၁ ရက်‌နေ့ သံ‌တောင်တွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်း‌ရေး‌နေ့အခမ်းအနားတွင် KNU အတွင်း‌ရေးမှူး(၂)ပဒို‌စောလှထွန်း၊ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်း၊ ‌တောင်ငူခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါး၊ လွှတ်‌တော် ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ဖားအံ-ပိုင် ကျုံမြို့နယ်များမှ ကရင်လူငယ် ကိုယ်စားလှယ်များ၊ ‌ဒေသခံများ စုစု‌ပေါင်း ၃၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

“ငြိမ်းချမ်း‌ရေးရရှိဖို့ ပြည်သူများပါဝင်စို့” ‌ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ယင်းအခမ်းအနားတွင် KNUမှ ‌ပေးပို့‌သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်၊ လုပ်ငန်း စဉ်များကို ရှင်းလင်း‌ပြော ကြားခြင်း၊ နိုင်ငံ‌ကျော်‌တေးသံရှင် နန့်ချစ်နဒီ‌ဇော်က ‌ဖျော်‌ဖြေခြင်း များပြုလုပ်ခဲ့သည်။