Home သတင်း သတ္တမအကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံ မြစ်ကြီးနားတွင် စတင်ကျင်းပ

သတ္တမအကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံ မြစ်ကြီးနားတွင် စတင်ကျင်းပ

2069

စက်တင်ဘာ ၁၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မ‌နောကွင်းရှိ မဂျွယ်ခန်းမတွင် စက်တင်ဘာ ၁၆ရက်မှ ၁၈ရက်‌နေ့ အထိ ပြုလုပ်ကျင်းပမည့် သတ္တမအကြိမ်‌မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ယ‌နေ့ စတင် ကျင်း ပ‌နေပြီဖြစ်သည်။

BNI ၏ မူဝါဒ‌ရေးရာ ဥက္ကဌဖြစ်သူ နန်း‌ဖော‌ဂေက“ ‌ဒေသအသီးသီးမှာရှိတဲ့ ပြည်သူ‌တွေရဲ့အသံကို ပိုပြီး‌တော့ ကျယ်လာဖို့၊ ကျယ်ပြန့်သွားဖို့အတွက်ကို ရည်ရွယ်ပြီး‌တော့ ဒီတိုင်းရင်းမီဒီယာ ညီလာခံကို လုပ်‌ဆောင်ရခြင်းဖြစ်တယ်။ အခု ၇ ကြိမ်‌မြောက်အထိ‌တော့ တစ် ၁ ချက် သက်ဆိုင်ရာ ပြည်နယ် အစိုးရ၊ အစုအဖွဲ့ ၊ နိုင်ငံ‌ရေးပါတီ‌တွေက မီဒီယာဆိုတာ ချန်ထားလို့မရဘူးဆိုတာ သူတို့ သိရှိလက်ခံသွားတယ်ဆိုတာ ရလဒ်တစ်ခုရတယ်။ ပြီး‌တော့ သက်ဆိုင်ရာ ‌ဒေသအလိုက် သတင်းရယူရတဲ့ တိုင်းရင်းသားသတင်းဌာန‌တွေအ‌နေနဲ့လည်း ကိုယ့်ကွန်မြူနတီနဲ့နားလည်မှု၊ ချဉ်းကပ်မှုအပိုင်းမှာ တစ်စုံတရာ ‌ခြေလှမ်းလှမ်းနိုင်တယ်။ သတင်းဆို့စ်‌တွေနဲ့ ယုံကြည်မှုအပိုင်း တည်‌ဆောက်နိုင်တဲ့ အ‌နေအထားမျိုးကို တည်‌ဆောက်နိုင်တဲ့အခါကျ‌တော့ ဒါတိုင်းရင်းမီဒီယာ ရဲ့ လုပ်‌ဆောင်လာရခြင်း ရလဒ်တစ်ခုလို့ ‌ပြောလို့ရပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ စတင်ကျင်းပသည့် အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာ ခက်‌အောင်၊ ပြန် ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ် ဦးရဲနိုင်၊ BNI ဥက္ကဌ နန်း‌ဖော‌ဂေ နှင့် သတင်းမီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကချင်ရိုးရာယဉ်‌ကျေးမှု အဖွဲ့မှတာဝန်ရှိသူများ ၊ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူဦး‌ရေ ၃ဝဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဖွင့်အမှာစကားများ ‌ပြောကြားခြင်းနှင့် ကြိုဆိုနှုတ် ခွန်းဆက် စကား‌ပြောကြားခဲ့ပြီး‌နောက် သတင်း‌ထောက်များ၏ လုံခြုံ‌ရေးနှင့် မီဒီယာ ‌ရေရှည်တည်တံ့ ခိုင်မြဲ‌ရေး၊ အကြီးစားဖွံ့ဖြိုး‌ရေး စီမံကိန်းနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် အများပြည်သူအ‌ပေါ် ဆိုးကျိုး သက်‌ရောက်မှုများကို ပထမ‌နေ့တွင် ‌ဆွေး‌နွေးကြမည်ဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ် နိုင်ငံ‌ရေးအ‌ခြေအ‌နေကို သုံးသပ်‌ပြောကြားခြင်း၊ မီဒီယာလွတ်လပ်မှုနှင့် ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေး အလားအလာ၊ တိုင်းရင်းမီဒီယာ မူဝါဒမူကြမ်းကို တင်ပြခြင်း၊ ပစ် ခတ်တိုက်ခိုက်မှုများ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ ပြုပြင်‌ပြောင်းလဲ‌ရေးနှင့် တိုင်းရင်းမီဒီယာများ၏ လားရာများ၊ တိုင်းရင်းမီဒီယာနှင့် တရားမျှတ‌ရေးဆိုင်ရာ ချိတ်ဆက်မှု စသည့် ‌ခေါင်းစဉ်များကို ဒုတိယ‌နေ့နှင့် တတိယ‌နေ့ ညီလာခံတွင် ‌ဆွေး‌နွေးကြမည်ဖြစ်သည်။

‌တောင်ကြီးအ‌ခြေစိုက် ပအိုဝ်းတိုင်းရင်းသားဂျာနယ် The People Voice တာဝန်ခံ အယ်ဒီတာ ခွန်ရာဇာက“ တိုင်းရင်းမီဒီယာ‌တွေ ကြုံ‌တွေ့ရတဲ့ အခက်အခဲ‌တွေကို ဒီပွဲမှာ တင်ပြလို့ ရမယ်လို့ ‌မျှော်လင့်ပြီး တက်‌ရောက်လာတာဖြစ်ပါတယ်။ တိုင်းရင်းသား မီဒီယာ‌တွေက လက်နက်ကိုင်အများစု အ‌ခြေစိုက်တဲ့ ‌နေရာမှာ ရှိတဲ့အတွက် သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အရင် ဦးသိန်းစိန် အစိုးရ‌ကော၊ အခု အစိုးရ‌ကော သိပ်ပြီး ကွာခြားမှုမရှိဘူး။ အရင်က သတင်းရယူခွင့်ရတဲ့‌နေရာ‌တွေ ပြန်ပြီးပ ိတ်ပင်တဲ့‌နေရာ‌တွေလည်းရှိတဲ့အခါကျ‌တော့ သတင်းလွတ်လပ်ခွင့်က သိပ်မ‌ပြောင်းလဲ ‌သေးဘူးလို့‌ပြောလို့ရတယ်။ အစိုရဘက်ကလည်း တိုင်းရင်းသားမီဒီယာ‌တွေရဲ့ အခက်အခဲ စိန်‌ခေါ် မှု‌တွေကို ‌ဖြေ‌လျှော့ နိုင်တဲ့ အ‌နေအထား‌တွေ ၊ ပံ့ပိုးမှု‌တွေ နည်းပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်း မီဒီယာညီလာခံကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မွန်ပြည်နယ် ‌မော်လမြိုင်မှစတင်ကာ ‌တောင်ကြီး၊ ဟားခါး၊ ‌မြောက်ဦး၊ လွိုင်‌ကော် နှင့် ဖားအံ စသည့်မြို့များတွင် နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခု သတ္တမအကြိမ်‌မြောက်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပ‌နေခြင်းဖြစ်သည်။