Home သတင်း မဲ‌ဆောက်ရှိ ဖန်စီဒိုင်း အလုပ်ရုံမှ မြန်မာအလုပ်သမား ၁၀ဝ ‌ကျော် လုပ်အားခ ‌ခေါင်းပုံဖြတ်ခံ‌နေရ

မဲ‌ဆောက်ရှိ ဖန်စီဒိုင်း အလုပ်ရုံမှ မြန်မာအလုပ်သမား ၁၀ဝ ‌ကျော် လုပ်အားခ ‌ခေါင်းပုံဖြတ်ခံ‌နေရ

2543

စက်တင်ဘာ ၃ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့နယ်၊ မယ်‌တောင်ရပ်ကွက်ရှိ ထိုင်းအလုပ်ရှင်တစ်ဦး ပိုင်ဆိုင်သည့်နိုင်ငံတကာသို့ ‌ပြောင်းဆန်နှင့် ဆန်ကွဲများတင်ပို့‌နေ‌သော”ဖန်ဆီဒိုင်း” အလုပ်ရုံမှမြန်မာအလုပ်သမား ၁ဝဝ ခန့်သည် အလုပ်ရှင်၏ လုပ်အားခ‌ခေါင်း ပုံဖြတ်ခံရခြင်းနှင့် လုပ်ငန်းခွင်အတွင်းဖိနှိပ်ခံရခြင်းများရှိ‌နေသည်ဟု အလုပ်သမားများက ‌ပြောသည်။

ထိုသို့ ကြုံ‌တွေ့‌နေရသည့် အတွက် အလုပ်သမားများက မဲ‌ဆောက်မြို့အမှတ် ၁ ချစ်ကြည်‌ရေးတံတား အနီးရှိ ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများဆိုင်ရာ အ‌ထွေ‌ထွေလူမှုကူညီ‌ရေးရုံးသို့ စက်တင်ဘာ ၃ဝ ရက်‌နေ့ နံနက် ၁ဝ နာရီ အချိန်က လာ‌ရောက် တိုင်ကြားခဲ့သည်ဟု အလုပ်သမား တစ်ဦးဖြစ်သူ ကိုခင်‌ဇော်က ‌ပြောသည်။

၎င်းက “ အလုပ်ရုံမှာ ‌ပြောင်းဆန်၊ ဆန်နဲ့ဆန်ကွဲ‌တွေကိုထမ်းပိုးရသလို အိတ်‌တွေကိုလည်း အပ်နဲ့ချုပ်‌ပေးပြီး ကား‌ပေါ်ထမ်းတင်ရတယ်။ ဒီမှာလုပ်တာ ၁ဝ နှစ်‌လောက်ရှိပါပြီ။ ထိုင်းနိုင်ငံဥပ‌ဒေအရ အလုပ်သမား တ ‌ယောက်ရဲ့တစ်‌နေ့လုပ်အားခ ထိုင်းဘတ် ၃၁ဝ တရားဝင်‌ပေးရမှာကို မ‌ပေးဘဲနှစ်ရှည်လများ တစ်‌နေ့ကို ၁၇ဝ နဲ့ ၂ဝဝ ကြားပဲ‌ပေးတယ်။ ည ၁၂ နာရီအထိလုပ်မှ ၂၅ဝ ပဲ‌ပေးတယ်။ ဒါကိုမ‌ကျေနပ်လို့ အလုပ်ရှင်ကို ‌တောင်းဆို‌တော့ ‌တောင်းဆိုတဲ့အလုပ်သမား ၁၃ ‌ယောက်ကို အလုပ်ထုတ်ပစ်တယ်” ဟု ကိုခင်‌ဇော်က ‌ပြောသည်။

အဆိုပါ အလုပ်ရုံ၌ မြန်မာအလုပ်သမား ၁၀ဝ ဦးခန့် အလုပ်လုပ်ကိုင်‌နေကြပြီး လုပ်ငန်းခွင်တွင် ထိခိုက်မိပြီး ‌ခြေ နှစ်‌ချောင်း ကျိုးသွားသည့် အလုပ်သမားကို မည်သည့် နစ်နာ‌ကြေးမှ မ‌ပေးသလို ယခုလဆန်းပိုင်းတွင် အလုပ်လုပ်‌နေစဉ် ‌ပြောင်းဆန် အိတ်ပိ‌သေဆုံးသွားသည့် အလုပ်သမားကိုလည်း သဂြင်္ီုဟ်စရိတ်သာ‌ပေးသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်ဟု မဲ‌ဆောက်အ‌ခြေစိုက်မြန်မာအလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် KTG ရုံးမှ မန်‌နေးဂျင်းဒါရိုက်တာ ကိုသားကြီးက ‌ပြောသည်။

“ ထိုင်းနိုင်ငံ၊ ဥပ‌ဒေအရ အလုပ်သမားတစ်ဦး အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရရင် ဘယ်လိုနစ်နာ‌ကြေး‌ပေးရမယ်၊ ‌သေဆုံးရင် ဘယ်လိုနစ်နာ‌ကြေး‌ပေးရမယ်ဆိုတာ ဥပ‌ဒေမှာရှိပြီးသား၊ ဒါကိုလည်းလျစ်လျူရှုထားတယ်။ ဒီ‌တော့ အလုပ်သမား‌တွေ လာ တိုင်တဲ့အတွက် သံအရာရှိကို အ‌ကြောင်းကြားပြီး ဥပ‌ဒေအရ အလုပ်သမား‌တွေရဲ့ နစ်နာမှု‌တွေကို ကူညီ‌ဆောင်ရွက် ‌ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကိုသားကြီးက ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် အလုပ်သမားများ လုပ်အားခ အပြည့်အဝ မရခြင်း၊ လုပ်အားခ အပြည့်‌တောင်းသည့် အလုပ်သမား ၁၃ ဦးကို အလုပ်ထုတ်ခြင်း၊ လုပ်ငန်းခွင်တွင် ‌ခြေ‌ထောက် နှစ်‌ချောင်းကျိုးသည့်အလုပ်သမားကို မည်သည့်နစ်နာ‌ကြေးမျှမ‌ပေး ခြင်းနှင့် အလုပ်လုပ်ရင်း‌သေဆုံးသွားသည့် အလုပ်သမားကိုလည်း နစ်နာ‌ကြေး မ‌ပေးခြင်းစသည့် အမှု ၄ မှု စိစစ်‌တွေ့ရှိရ ကာ ထိုင်းနိုင်ငံ၊ အလုပ်သမား‌ရေး ဝန်ကြီးဌာနအထိ တင်ပြပြီး နစ်နာ‌ကြေးများ ဥပ‌ဒေနှင့် အညီရရှိ‌အောင် ‌ဆောင်ရွက် သွားမည်ဟု သံအရာရှိ ဦး‌ဝေလင်း‌မောင်က ‌ပြောသည်။

ထိုင်း -မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် တရားဝင်အလုပ်ရုံ ၂၀ဝ ‌ကျော်၊ အိမ်တွင်းမှုလုပ်ငန်း ၁,၀၀ဝ ‌ကျော်နှင့် အခြား စိုက်ပျိုး၊ ‌မွေးမြူ‌ရေးလုပ်ငန်းများလည်းရှိပြီး အဆိုပါလုပ်ငန်းခွင်များတွင် ဝင်‌ရောက်လုပ်ကိုင်‌နေသည့် မြန်မာလုပ် သား နှစ်သိန်း‌ကျော်ခန့်ရှိသည်။ သို့ရာတွင် တရားဝင်အလုပ်ရုံ ၅ ခု ခန့် တရားဝင် သတ်မှတ်ထားသည့် လုပ်ခ တစ်ရက်လျှင် ၃၁ဝ ဘတ် ရရှိပြီး ကျန်လုပ်ငန်းခွင်၌ ဘတ် ၁၂ဝ မှ ၂၀ဝ ကြားသာရရှိကာ လုပ်ခလစာ‌ခေါင်း ပုံဖြတ်ခံရခြင်းများနှင့် လုပ်ငန်းခွင်ဖိနှိပ်မှုများရှိ‌နေဆဲ ဖြစ်‌ကြောင်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်သူများက ‌ပြောသည်။