Home သတင်း ကရင်‌ကျောင်းသားနှင့် ‌ဒေသခံများ ‌ရေသန့်ရရှိ‌ရေးအတွက် ‌ရေသန့်စက်များ တပ်ဆင်‌ပေး

ကရင်‌ကျောင်းသားနှင့် ‌ဒေသခံများ ‌ရေသန့်ရရှိ‌ရေးအတွက် ‌ရေသန့်စက်များ တပ်ဆင်‌ပေး

2705

စက်တင်ဘာ ၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ဩစ‌တေးလျားနို်င်ငံ Safe water for every Child အဖွဲ့အစည်းတစ်ခုသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်‌ကျောင်းသူ၊ ‌ကျောင်းသားများနှင့် ‌ဒေသခံ ပြည်သူအချို့ ‌ရေသန့်ရရှိ‌ရေးအတွက် ရည်ရွယ်ပြီး ‌ရေသန့်စင်စက်များ လာ‌ရောက်လှူဒါန်းတပ်ဆင်‌ပေးလျက်ရှိသည်။

အဆိုပါ ‌ရေသန့်ကူညီ‌ရေးအစီအစဉ်ကို ၂၀၁၈ ခုနစ်ကစတင်ကာ ‌ရေသန့်ကူညီ‌ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်း ခဲ့ပြီး လက်ရှိ ဖာပွန်ခရိုင်၊ ဖားအံခရိုင် ‌ဒေသတချို့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ သူးမွဲခီး ကရင်‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းအပါအဝင် စုစု‌ပေါင်း ‌ရေသန့်စင်စက် ၆ လုံးကို လာ‌ရောက်‌ဆောက်လုပ် တပ်ဆင် ‌ပေးခြင်းဖြစ်သည်။

‌ရေသန့်ကူညီ‌ရေးအဖွဲ့တာဝန်ခံ ‌စော‌ရေမူက“ဒီ‌ရေ သန့်စက်လုပ်ရတဲ့ ရည်ရွယ်ချက်က လူမှုအသိုင်း အဝိုင်းရဲ့ ကျန်းမာ‌ရေးပြဿနာကို ‌ဖြေရှင်း‌ပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီ(သူးမွဲခီး‌ကျောင်း) ‌နေရာ ပဲဖြစ်ဖြစ်၊ ကရင်ပြည်နယ်မှာပဲဖြစ်ဖြစ် ပထမဆုံး‌ရေကို စမ်းသပ်မှု‌တွေ လုပ်‌ဆောင်တဲ့အခါမှာ ‌ရေမှာ ပိုး‌တွေ့ရှိတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ တိုင်းတာတဲ့အခါမှာ အဲဒီ‌ရေက ‌သောက်သုံးလို့ မသင့် ‌တော်ဘူး။ ‌ရောဂါ‌တွေ ဖြစ်ပွား‌စေနိုင်တဲ့အတွက်‌ကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ အခက်အခဲ‌တွေကို ‌ဖြေရှင်းနိုင်ဖို့အတွက် ဒီအဖွဲ့ကို ကျ‌နော်တို့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

‌ရေသန့်ရရှိ‌ရေးအတွက် ပထမအဆင့်အ‌နေဖြင့် ‌ရေထဲတွင် ပိုးရှိ၊ မရှိ စမ်းသပ်စစ်‌ဆေးခြင်း၊ နိုင်ငံတ ကာ စံချိန်စံနှုန်း သတ်မှတ်ထားသည့်အတိုင်း ‌ဆောင်ရွက်အသိ‌ပေးခြင်း၊ လုပ်ငန်းမစတင်ခင် ကနဦးသွား‌ရောက်‌လေ့လာ စမ်းသပ်ခြင်းနှင့် အမှန်တကယ် ‌ရေးသန့်လိုအပ်‌သော ‌နေရာများတွင် ‌ရေသန့်စက်များ သွား‌ရောက်လှူဒါန်းတည်‌ဆောက် တပ်ဆင်‌ပေးခြင်းများကို လုပ်‌ဆောင်ခဲ့ကြသည်။

သူမွဲခီး‌ကျောင်းအုပ် ‌စော‌ပွေဒိုက“ဒီ‌ရေသန့်ပုံးက လီတာ ၂,ဝဝဝ ‌ကျော် ဆံ့ပါတယ်။ ကျ‌နော်တို့ ‌ကျောင်းသူ‌ကျောင်း‌တွေနဲ့ ပြန်ချိန်ဆမယ်ဆိုရင် လုံလုံ‌လောက်‌လောက်နဲ့ ‌သောက်သုံးနိုင်တယ်။ အဲဒီ အပြင် ဒီအဝန်းအဝိုင်းမှာ ‌နေထိုင်တဲ့သူ‌တွေအားလုံးနီးပါး ကျ‌နော်တို့ အတူတကွ ‌သောက်သုံးလို့ရနိုင် တယ်။ လာပြီး‌ထောက်ပံ့ကူညီ‌ပေးတဲ့ အဖွဲ့အစည်းကို ‌ကျေးဇူးတင်ပါတယ်။ ဒိုနာ‌တွေနဲ့အတူတကွ အလုပ်လုပ်တဲ့ ကျ‌နော်တို့ ညီအစ်ကို‌တွေအားလုံးကိုလည်း ‌ကျေးဇူးတင်ပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ ‌ရေသန့်စက်များလှူဒါန်းမှုအစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မူ‌တြော်(ဖာပွန်)ခရိုင်၊ သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အီးတူထာဒုက္ခသည်စခန်းတွင် ‌ရေသန့်စက် ၂ လုံး၊ ဖားအံမြို့နယ် တနင်း‌ကော့‌ကျေးရွာနှင့် ‌ပေါ‌လော‌ကျေးရွာတွင် ၃ လုံးနှင့် သူးမွဲခီးစာသင်‌ကျောင်း၌ တစ်လုံးအပါအဝင် စုစု‌ပေါင်း ၆ လုံး ‌ဆောက်လုပ်တပ်ဆင်ပြီးစီးခဲ့ပြီးဖြစ်သည်။