Home သတင်း (၄၅) ကြိမ်‌မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြား‌ကော်မတီအစည်းအ‌ဝေး မဲ‌ဆောက်မြို့တွင် ပြုလုပ်

(၄၅) ကြိမ်‌မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြား‌ကော်မတီအစည်းအ‌ဝေး မဲ‌ဆောက်မြို့တွင် ပြုလုပ်

2225

ဩဂုတ် ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

(၄၅) ကြိမ်‌မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြား‌ကော်မတီ(TBC)အစည်းအ‌ဝေးကို ထိုင်းနိုင်ငံ၊ မဲ ‌ဆောက်မြို့ ရတ်ကျဖတ်ကမ်းဖဲဖစ်တက္ကသိုလ်၊ ဘူစလားခမ်းအစည်းအ‌ဝေးခန်းမတွင် ဩဂုတ်လ ၂၃ ရက်(ယ‌နေ့)၊ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အစည်းအ‌ဝေးတွင် ထိုင်း TBC ဥက္ကဌ အမှတ် (၁၄) ‌ခြေလျင်အထူးတပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီးမိုင်း တရီးချူးပရီးချားက ကြိုဆိုနှုတ်ခွန်းဆက် စကား‌ပြောကြားပြီး မြန်မာ TBC ဥက္ကဌ အမှတ် (၃၃၈) ‌ခြေမြန် တပ်ရင်း (လှိုင်းဘွဲ)‌ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးပြည့်ဖြိုး‌အောင်က အဖွင့်အမှာစကား‌ပြောကြားပြီး‌နောက် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်မှု၊ လက်နက်‌မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်‌ကျော် မှုခင်းကျူးလွန်သူများအား ပူး‌ပေါင်း‌ဖော်ထုတ်‌ရေးနှင့် နှစ်နိုင်ငံနယ်စပ် စည်းခြား‌သောင်ရင်းမြစ်သန့်ရှင်း‌ရေး၊ အမှိုက်များရှင်းလင်း‌ရေးနှင့် ကျူး‌ကျော်‌နေထိုင်မှုများအား ရှင်းလင်း‌ရေးတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

ထို‌နောက် ထိုင်း TBC ဥက္ကဌ ဗိုလ်မှူးကြီးမိုင်း တရီးချူးပရီးချားက မြန်မာနိုင်ငံ မြဝတီဘက်ရှိ သဘာဝ‌ဘေး အန္တရာယ်များဖြစ်‌ပေါ် ကြုံ‌တွေ့လာပါက ကူညီ‌ပေးနိုင်ရန် အဆင်သင့်ရှိပါ‌ကြောင်းနှင့် ကျန်းမာ‌ရေးဌာနအ‌နေဖြင့် လည်း ကျန်းမာ‌ရေးဆိုင်ရာ များပူး ‌ပေါင်းပါဝင်ကူညီရန်အသင့်ရှိပါ‌ကြောင်း ‌ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်း TBC ‌ကော်မတီဘက်က နယ်စပ်‌ဒေသတစ်‌လျှောက်တွင် နိုင်ခြားသားများအပါအဝင် ‌မော်‌တော် ယာဉ်များ နယ်စပ်လမ်း‌ကြောင်းများမှ ဝင်‌ရောက်‌နေမှုကို အထူးစိစစ်‌ပေးလိုပါ‌ကြောင်း တင်ပြ‌ဆွေး‌နွေးခဲ့သလို မြန်မာ TBC ‌ကော်မတီဝင်ဘက်ကလည်း မူးယစ်‌ဆေးဝါး‌ရောင်းဝယ်မှု လက်နက်‌မှောင်ခိုနှင့် နယ်စပ်ဖြတ်‌ကျော်မှု ခင်း များကို အတူတကွ ပူး‌ပေါင်း‌ဖော်ထုတ်သွားရန် ကိစ္စရပ်များကို ပြန်လည်တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသို့ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြား‌ကော်မတီ အစည်းအ‌ဝေးသို့ အမှတ်(၃၃၈) ‌ခြေမြန် တပ်ရင်း (လှိုင်းဘွဲ) ‌ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးပြည့်ဖြိုး‌အောင်၊ မြိုနယ်အုပ်ချူပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကို၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူး ‌ကျော်သူရည်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူးဦး အက်စ်လင်း‌ရောင်နှင့် TBC အဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြပြီး ထိုင်းဘက်ခြမ်းက TBC ဥက္ကဌ အမှတ်(၁၄)‌ခြေလျှင်အထူးတပ်ရင်းမှူး ဗိုလ်မှူးကြီး မိုင်းတရီးချူးပရီးချား ဦး‌ဆောင်‌သော ‌ကော်မတီဝင် (၃ဝ)ဦးခန့် တက်‌ရောက်ခဲ့ကြ သည်။