Home သတင်း ဖာပွန်‌ဒေသ အသွင်‌ပြောင်းပိုလီယိုကာကွယ်‌ဆေးတိုက်‌ကျွေးမှု ‌မျှော်မှန်ထားသည်ထက် ပြည့်မီ‌အောင်တိုက် ‌ကျွေးနိုင်ခဲ့ဟုဆို

ဖာပွန်‌ဒေသ အသွင်‌ပြောင်းပိုလီယိုကာကွယ်‌ဆေးတိုက်‌ကျွေးမှု ‌မျှော်မှန်ထားသည်ထက် ပြည့်မီ‌အောင်တိုက် ‌ကျွေးနိုင်ခဲ့ဟုဆို

2263

ဩဂုတ် ၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWTမှ ဦး‌ဆောင်ကာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ရက်မှ စ၍ ယခုဩဂုတ်လ ၅ရက်‌နေ့အထိ ဖာပွန်‌ဒေသတွင် က‌လေးငယ်များကို အသွင်‌ပြောင်း ပိုလီယို ကာကွယ်‌ဆေး တိုက်‌ကျွေးခဲ့ရာတွင် ယခင်‌မျှော်မှန်းထားသည်ထက် ပြည့်မီ‌အောင် တိုက်‌ကျွေးနိုင်ခဲ့သည်ဟု BPHWT တာဝန်ရှိ သူများက ‌ပြောသည်။

ပထမအကြိမ်အ‌နေဖြင့် ကာကွယ်‌ဆေးတိုက်‌ကျွေးရန် သတ်မှတ်ထားသည့် ‌နေရာ ၃ ‌နေရာမှ ‌ကျေးရွာ‌ပေါင်း (၃၀၀) ‌ကျော်တွင် က‌လေးငယ်‌ပေါင်း ၂ဝ,၇ဝဝ(နှစ်‌သောင်းခုနှစ်ရာ)‌ကျော်ကို တိုက်‌ကျွေးနိုင်ခဲ့‌ကြောင်း BPHWT ၏ ဒါရိုက်တာ ‌စောဝင်း‌ကျော်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ ပထမ ကျ‌နော်တို့ ရည်မှန်းထားတဲ့ ‌နေရာ ၃ ‌နေရာ အတွက်‌တော့ ပထမအကြိမ်အတွက်‌တော့ ပြီးသွားပြီး‌ပေါ့။ က‌လေး နှစ်‌သောင်းနဲ့ ခုနှစ်ရာ ဝန်းကျင်‌လောက်‌တော့ တိုက်လို့ရခဲ့တယ်။ ‌ဆေးတိုက်တာက ပထမ ခန့်မှန်းထား တာ တစ်‌သောင်းခွဲ‌ကျော်‌ကျော်‌လောက်ပဲ ခန့်မှန်းထားတာ။ အခု နှစ်‌သောင်း‌ကျော်‌ကျော်ထိရတယ်ဆို‌တော့ အ ရမ်းဝမ်းသာတယ်၊ ပြည့်မီတယ်လို့‌ပြောလို့ရတယ်။” ဟု ‌စောဝင်း‌ကျော်က ‌ပြောသည်။

ထို့အပြင် လက်ရှိ ကာကွယ်‌ဆေးတိုက်‌ကျွေးမှုအရ ဖာပွန်‌ဒေသ၏ ၃ပုံ ၂ပုံခန့်သာ တိုက်‌ကျွေးပြီးစီးခြင်းသာ ဖြစ်ရာ ကျန်ရှိသည့် ၃ပုံ ၁ပုံ၏ ခန့်မှန်းက‌လေးငယ်ဦး‌ရေ တစ်‌သောင်းခွဲ‌ကျော်ကိုလည်း ထပ်မံတိုက်‌ကျွေးရန် စီ စဉ်‌ဆောင်ရွက်ထားပြီး ပိုမို‌ကောင်းမွန်သည့် ပုံစံဖြင့် ဆက်သွားနိုင်ရန် ယခုပထမဆုံးအကြိမ် တိုက်‌ကျွေးမှု၏ ပြန်လည်သုံးသပ်ခြင်းအစည်းအ‌ဝေးကို လာမည့် ဩဂုတ်လ ၉ ရက်‌နေ့တွင် ပြုလုပ်သွားရန်ရှိသည်ဟုလည်း ‌စောဝင်း‌ကျော်က ဆက်‌ပြောသည်။

အဆိုပါ ပိုလီယို‌ရောဂါ ကာကွယ်‌ဆေးတိုက်‌ကျွေးမှုကို ဇူလိုင်လ ၁၈ ရက်‌နေ့မှ စက်တင်ဘာလ ကုန်အထိ ဖာပွန် (မူ‌တြော်) ခရိုင်အတွင်းရှိ ကမ‌မောင်း-ဖာပွန် ကားလမ်းတစ်‌လျှောက်၊ ယွန်းစလင်းမြစ်တစ်‌လျှောက် အ‌ရှေ့၊ အ ‌နောက် နှစ်ဖက်ရှိ ရွာများ၊ နတ်ကြီး-ဘီးလင်း‌ချောင်းတစ်‌လျှောက်ရှိ ‌ကျေးရွာများမှ အသက် ၁၅နှစ်‌အောက် က‌လေးငယ်များကို ယခု တစ်ကြိမ်အပါအဝင် ၃ ကြိမ် တိုက်‌ကျွေးသွားမည်ဖြစ်ပြီး ‌ဒေသခံ ကျန်းမာ‌ရေး လုပ် သား‌ပေါင်း ၇ဝ ဦး ‌ကျော်မှ ဦး‌ဆောင်ကာ တိုက်‌ကျွေး‌နေခြင်းဖြစ်သည်ဟုလည်း BPHWT က ‌ပြောသည်။

‌နောက်ထပ် ဒုတိယအကြိမ်တိုက်‌ကျွေးမှုကို ယခု ဩဂုတ်လ ၉ ရက်‌နေ့တွင် ဆက်လက်လုပ်‌ဆောင်ရန် ယခင်က စီစဉ် ‌ဆောင်ရွက်ထား‌သော်လည်း လက်ရှိ မိုးရာသီကာလတွင် သွားလာ‌ရေး အခက်အခဲများ‌ကြောင့် ဩဂုတ်လ ၁၅ ရက်နှင့် ‌နောက်ပိုင်းရက်များတွင်သာ ဆက်လက်တိုက်‌ကျွေးသွားနိုင်ရန် လျာထားသည်ဟုလည်း တာဝန်ရှိ သူများက ဆိုသည်။

၎င်းကာကွယ်‌ဆေးတိုက်‌ကျွေးမှုတွင် ကရင်ပြည်နယ်၊ ကျန်းမာ‌ရေးဦးစီးဌာနမှလည်း လိုအပ်သည့် ကာကွယ် ‌ဆေးဝါးများအား ‌ထောက်ပံ့‌ပေး‌နေသလို နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT) အပြင် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW) နှင့် ‌ဒေသကျန်းမာ‌ရေးလုပ်သားတို့ ပူး‌ပေါင်း၍ တိုက်‌ကျွေးခြင်းဖြစ်သည်။

ထိုသို့ တိုက်‌ကျွေးမှုများ သွား‌ရောက်ပြုလုပ်ရာတွင် ‌ဒေသခံအချို့၏ မသိနားမလည်ခြင်းများအ‌ပေါ် ကြိုးစား ရှင်းပြခဲ့ရသည့် အခက်အခဲများအပြင် မိုးတွင်းကာလ ‌ရေကြီးမှု‌ကြောင့် သွားလာ‌ရေးအခက်အခဲများ၊ လက်ရှိ ‌တောင်ယာ စိုက်ပျိုးသည့်ကာလဖြစ်၍ လူစုစည်းရန် အခက်အခဲများနှင့် နည်းပညာပိုင်းဆိုင်ရာ လစ်ဟာမှု လက်‌တွေ့အ‌ခြေအ‌နေနှင့် ကိုက်ညီမှုမရှိသည့် အ‌ခြေအ‌နေစသည့် အခက်အခဲများ ကိုကြုံ‌တွေ့ခဲ့ရ‌ကြောင်း လည်း ‌ဆေးတိုက်‌ကျွေးမှုတွင် ပါဝင်သူများက ဆိုသည်။

အစိုးရ ကျန်းမာ‌ရေးဦးစီးဌာနအ‌နေဖြင့်လည်း ၎င်းအသွင်‌ပြောင်းပိုလီယို‌ရောဂါပိုး တိုက်ဖျက်‌ရေးလုပ်ငန်းများကို ကရင်ပြည်နယ်မှ (၇)မြို့ နယ် အပါအဝင် ‌ရောဂါကူးစက်ပျံ့နှံ့နိုင်‌ခြေများ‌သော ‌နေရာ‌ဒေသ၊ လူအုပ်စုများရှိသည့် မွန်ပြည်နယ်မှ (၃)မြို့နယ်၊ ပဲခူးတိုင်းမှ (၂)မြို့နယ်၊ စုစု‌ပေါင်း (၁၂) မြို့နယ်တို့တွင် အသွင်‌ပြောင်းပိုလီယို ပိုး ကူးစက်မှုကို ဖြတ်‌တောက်ရန် ရည်ရွယ်၍ ပိုလီယိုကာကွယ်‌ဆေး အပို‌ဆောင်း တိုက်‌ကျွေးခြင်းလုပ်ငန်းကို ပြုလုပ်သွားမည်ဟုလည်း ကျန်းမာ‌ရေးဦးစီးဌာနက ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပိုလီယိုကင်းစင်‌ကြောင်း ‌ကြေညာပြီးသည့်‌နောက်ပိုင်း ယခုတဖန် ဖာ ပွန်မြို့နယ်တွင် ‌နေထိုင်သူက‌လေး ၃ ဦးတွင် အသွင်‌ပြောင်းပိုလီယိုပိုးကူးစက်မှု‌တွေ့ရှိခဲ့ရ‌ကြောင်း ကရင်ပြည် နယ် ကျန်းမာ‌ရေးဦးစီးဌာနထံမှ သိရသည်။