Home သတင်း ကရင်​အမျိုးသားများ၏ နိုင်​ငံ​‌ရေးရည်​မှန်​းချက်​ ‌အောင်​မြင်​‌ရေး အတူတကွ ရပ်​တည်​လုပ်​​‌ဆောင်​သွားရန်​ KNU ဥက္ကဌ တိုက်တွန်း

ကရင်​အမျိုးသားများ၏ နိုင်​ငံ​‌ရေးရည်​မှန်​းချက်​ ‌အောင်​မြင်​‌ရေး အတူတကွ ရပ်​တည်​လုပ်​​‌ဆောင်​သွားရန်​ KNU ဥက္ကဌ တိုက်တွန်း

3270

ဩဂုတ် ၁၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်​အမျိုးသားအာဇာနည်​များ၏ ​‌မျှော်​လင်​့ချက်​များနှင့် စွန်​့လွှတ်​​‌ပေးဆပ်​မှုများ အဓိပ္ပာယ်​ပြီးပြည်​့စုံ​‌ရေးအ တွက်​ စည်​းလုံးညီညွတ်​စွာဖြင်​့ မိမိတို့ ကရင်​အမျိုးသားများ၏ နိုင်​ငံ​‌ရေးရည်​မှန်​းချက်​ရရှိ‌အောင်​မြင်​ရန်​ အတူ တကွ ရပ်​တည်​လုပ်​​‌ဆောင်​သွားကြရန်​ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက တိုက်တွန်းလိုက်သည်။

ကရင်​ပြည်​နယ်​၊ မြဝတီမြို့ နယ်ရှိ ကရင်​အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်​မဟာ(၆)နယ်​​‌မြေ အတွင်​းကွင်​းက​‌လေး​‌ကျေးရွာ ခရစ်​ယာန်​​‌ကျောင်​းဝင်​းအတွင်​း ယ‌နေ့ ဩဂုတ် ၁၂ရက်‌နေ့တွင် ပြုလုပ် ကျင်းပသည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဌက တိုက် တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယခုကဲ့သို့ ကရင်​့အမျိုးသားအာဇာနည်​​‌နေ့ အခမ်​းအနားကို စုရုံး​‌ရောက်​ရှိလာကြခြင်​းသည်​ ကရင်​့အမျိုး သားတန်​းတူ​‌ရေးနှင်​့ ကရင်​့အမျိုးသားလွတ်​​‌မြောက်​မှုအတွက်​ အသက်​​‌ပေးလှူခဲ့ကြ​‌သော ဥက္ကဌကြီး ​‌စောဘ ဦးကြီးနှင်​့တကွ ကရင်​့အမျိုးသား​‌ခေါင်​း​‌ဆောင်​များ၊ မျိုးချစ်​ရဲ​‌ဘော်​များနှင်​့ ကရင်​ပြည်​သူလူထုအားလုံးကို လာ​‌ရောက်​ဂါရဝပြုကြခြင်​းဖြစ်​သည်​။ ထိုသို့ သတိတရ​‌အောက်​​‌မေ့ ဂုဏ်​ပြုမှုများနှင်​့အတူ ကရင်​အမျိုးသား အာဇာနည်​များ၏ ​‌မျှော်​လင်​့ချက်​များ၊ စွန်​့လွှတ်​​‌ပေးဆပ်​မှုများ အဓိပ္ပာယ်​ပြီးပြည်​့စုံ​‌ရေးအတွက်​ ကရင်​အမျိုး သားအားလုံး စည်​းလုံးညီညွတ်​စွာဖြင်​့ မိမိတို့ ကရင်​အမျိုးသားများ၏ နိုင်​ငံ​‌ရေးရည်​မှန်​းချက်​ရရှိ​‌အောင်​မြင်​ရန်​ အတူတကွ ရပ်​တည်​လုပ်​​‌ဆောင်​သွားကြရန်​ လိုအပ်​​သည်” ဟု ဗိုလ်​ချုပ်​ကြီး‌စောမူတူး​‌စေးဖိုးက တိုက်​တွန်​း ​‌ပြောကြားသည်​။

အဆိုပါ ၆၉ နှစ်​​‌မြောက်​ ကရင်​အမျိုးသားအာဇာနည်​​‌နေ့ အခမ်​းအနားသို့ KNUဥက္ကဌ ဗိုလ်​ချုပ်​ကြီး ​‌စောမူတူး​‌စေဖိုး၊ KNLA တပ်​ဖွဲ့ဝင်​များ၊ ကရင်​အမျိုးသားနိုင်​ငံ​‌ရေးပါတီမှ တာဝန်​ရှိသူများနှင်​့ ​‌ဒေသခံ ပြည်​သူ ၃၀ဝ ​‌ကျော်​ တက်​​‌ရောက်​ခဲ့​ကြသည်။ အခမ်းအနားတွင် ကျဆုံးခဲ့​‌သော ကရင်​အမျိုးသား​‌ခေါင်​း​​‌ဆောင်​ကြီး ကရင်​့ အာဇာနည်​ ​‌စောဘဦးကြီးနှင်​့တကွ ကရင်​့အမျိုးသား​‌တော်​လှန်​​‌ရေးတွင်​ အသက်‌ပေးဆပ်​စ​‌တေးခဲ့ကြသူများ အား လွမ်းသူ့ပန်း‌ခွေချ အ​‌လေးပြုခြင်​း၊ KNU ဥက္ကဌ ဗိုလ်​ချုပ်​ကြီး​‌စောမူတူး​‌စေးဖိုးအပါအဝင် တာဝန်ရှိ KNU ‌ခေါင်း‌ဆောင်များက မိန့်ခွန်း‌ပြောကြားခြင်း၊ နယ်​ပယ်​အသီးသီးမှ ​‌ပေးပို့လာ​‌သော သဝဏ်​လွှာများကို ဖတ်​ကြားခြင်​း၊ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကရင်​အမျိုးသားအာဇာနည်​​‌နေ့ အခမ်​းအနားကို ကရင်​တိုင်​းရင်​းသားများရှိရာ ပြည်​တွင်​းနယ်​​‌မြေအသီးသီး နှင်​့ နိုင်​ငံနိုင်ငံတကာ‌ရောက် ကရင်​တိုင်​းရင်​းသားတို့က နှစ်စဉ် ကျင်​းပပြုလုပ်​လျက်​ရှိပြီး ယခုနှစ် အာဇာနည် ‌နေ့ကို ဧရာဝတီတိုင်​းနှင်​့ ရန်​ကုန်​တိုင်​းတို့တွင်​ “ကရင်​့အာဇာနည်​​‌နေ့ ”‌ခေါင်​းစဉ်​ဖြင်​့ အခမ်​းအနားမပြုလုပ်​ရန်​ လွန်​ခဲ့သည်​့ရက်​ပိုင်​းက အစိုးရတာဝန်​ရှိသူများဘက်က တားမြစ်​စာထုတ်​ထားမှုများရှိခဲ့သည်။

ထိုသို့ တားမြစ်​စာထုတ်​ခြင်​းနှင်​့ပတ်​သက်​၍ KNLA မှ ဗိုလ်​မှူးကြီး ​‌စော​‌နေမင်​းလွင်​က “ဌာ​‌နေတိုင်​းရင်​းသား လူမျိုးစုတစ်​ခုဖြစ်​တဲ့ ကရင်​တိုင်​းရင်​းသားများအ​‌နေဖြင်​့ စိတ်​မချမ်​း​‌မြေ့စရာ ဖြစ်​ရပါတယ်​။ ဒီလိုကရင်​့အာဇာ နည်​​‌နေ့အခမ်​းအနား ပြုလုပ်​ရာမှာ ကျ​‌နော်​တို့အ​‌နေနဲ့ ဆူပူတာမဟုတ်​သလို ပုန်​ကန်​တာလည်း မဟုတ်​ပါ ဘူး။ ယခင်​ကတည်​းက လုပ်​ရိုးလုပ်​စဉ်​အတိုင်​း ကျင်​းပခဲ့တာ ယခုဆို ၆၉ နှစ်​​‌မြောက်​ရှိပါပြီ။ အရင်​အစိုးရ လက်​ထက်​မှာ​‌တော့ ယခုလို တားမြစ်​ကန်​့သတ်​မှု​‌တွေမရှိဘဲ စည်​စည်​ကားကားဖြင်​့ ကျင်​းပနိုင်​ခဲ့​‌ပေမယ်​့ ယခု အစိုးရလက်​ထက်​တွင်​ တားမြစ်​ကန်​့သတ်​မှု​‌တွေရှိလာတဲ့အတွက်​ ကျ‌နော်တို့အ‌နေနဲ့ ဝမ်​းနည်​းမှု အခမ်​းအနားမှာ ​‌နောက်​ထပ်​ စိတ်​မ​‌ကောင်​းဖြစ်​ရာအဖြစ်​ ထပ်​ဆင်​့ခံစားရ​ပါတယ်”ဟု ​‌ပြောသည်​။

၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ထို့‌ကော်ကိုး‌ကျေးရွာ၌ KNU ဥက္ကဌ ‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း‌ကေ နှင့် တပ်ဖွဲ့ဝင်များ ‌တော်လှန်‌ရေး တာဝန်ထမ်း‌ဆောင်ရင်း ကျဆုံးသွားရသည့်‌နေ့ကို အစွဲပြု၍ ကရင်အမျိုးသားအာဇာနည်‌နေ့အဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ ကျ‌ရောက်သည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ကို ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးကလည်း မိမိ‌နေထိုင်ရာ နယ်‌မြေ‌ဒေသ အသီးသီးတွင် ကျင်းပကြရန် ကရင်အမျိုးသားများအား ပန်ကြားချက် တစ်‌စောင်ထုတ်ပြန်ခဲ့သည်။ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအပါအဝင် ကရင်တိုင်းရင်းသားများ ရှိရာ ပြည်တွင်း နယ်‌မြေအသီးသီးနှင့် နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားကလည်း ယခုနှစ် ကရင် အမျိုးသားအာဇာနည်‌နေ့ကို ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။