Home သတင်း KNLA ဗဟို‌ထောက်လှမ်း‌ရေးမှူး ဗိုလ်မှူး‌စောဘခက် ကွယ်လွန်၊ ဈာပန အခမ်းအနားပြီးစီး

KNLA ဗဟို‌ထောက်လှမ်း‌ရေးမှူး ဗိုလ်မှူး‌စောဘခက် ကွယ်လွန်၊ ဈာပန အခမ်းအနားပြီးစီး

3088

ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တပ်ဖက်ဆိုင်ရာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ထောက်လှမ်း‌ရေးမှူး ဗိုလ်မှူး‌စောဘခက်သည် ဇူလိုင်လ ၁၁ရက်‌နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပန အခမ်းအနားကို ယ‌နေ့ (ဇူလိုင်လ ၁၃ရက်)တွင် KNLA ဌာနချုပ်ရှိရာ ‌သေ့‌ဘေ့ထာ့၌ ပြုလုပ်ပြီးစီးခဲ့သည်။

အသက် ၆၇နှစ်ရှိ ဗိုလ်မှူး‌စောဘခက်သည် KNLA တပ်မဟာ ၅ နယ်‌မြေတွင် လုံခြုံ‌ရေးဆိုင်ရာ သင်တန်း‌ပေးအပြီး ပြန်လည်အနားယူ အိပ်စက်‌နေစဉ် မွန်းလွဲ (၃)နာရီ၌ ‌သွေးတိုး‌ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ် သည်ဟု ၎င်းနှင့် နီးစပ်သူများက ဆိုသည်။

“သူဆုံးသွားတာက ကျ‌နော်တို့သိရသ‌လောက် သင်တန်း‌ပေး‌နေတာ။ သူလည်း သူ့ကိုယ်သူသိ‌လောက်တယ် ထင် တယ်။ သူပို့ချရမဲ့ဟာ‌တွေကို အချိန်ပို‌ပေးပြီး အပြီးသင်‌ပေးတယ်။ အဲ့လို သင်‌ပေး‌နေရင်း သူသင်တန်းအဆင်း ပြန်အ နားယူတဲ့အချိန် အိပ်‌နေရင်းနဲ့ကို ‌ကြွေလွင့်သွားခဲ့တာ။” ဟု ၎င်းနဲ့ နီးစပ်သူ တပ်မှူးတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

ဗိုလ်မှူး‌စောဘခက်သည် ၁၉၇၂ခုနှစ်မှစ၍ ကရင့်‌တော်လှန်‌ရေးထဲသို့ ပါဝင်လာခဲ့သူဖြစ်ပြီး ‌အောက်‌ခြေရဲ‌ဘော်အ ဆင့်မှစ၍ ‌တော်လှန်‌ရေး တာဝန်ကို စတင်ထမ်း‌ဆောင်ခဲ့ကာ ကွယ်လွန်သွားအချိန်ထိတိုင် ‌တော်လှန်‌ရေးတာဝန်ကို ထမ်း‌ဆောင်ခဲ့သည့် တပ်မှူး‌ကောင်း၊ ‌ခေါင်း‌ဆောင်‌ကောင်းတစ်ဦးဖြစ်‌ကြောင်းလည်း ၎င်း၏ လုပ်‌ဖော်ကိုင်ဖက်တပ်မှူး များက အသိအမှတ်ပြုခဲ့ကြသည်။

KNLA တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူး‌စောလှ‌ငွေက “ဒီက‌နေ့ ‌တော်လှန်‌ရေးကာလမှာ အတက်အကျ ဘယ်လိုပဲဖြစ်ဖြစ် အ‌နေအထား အရပ်ရပ်တိုင်းကို သူက အ‌ကောင်းဘက်ကို မြင်ပြီး‌တော့ အဆိုး‌တွေနဲ့ ပတ်သက်ပြီး‌တော့ သင်ခန်း စာ‌တွေယူပြီး‌တော့ ‌တော်လှန်‌ရေးက‌တော့ အမှန်တရားက‌တော့ ‌အောင်ပွဲခံမယ်။ ငါတို့ အမျိုးသား‌တွေ လွတ်‌မြောက် မှာပဲဆိုပြီး အဲ့လိုအ‌နေအထားမှာ တကယ်လုပ်ရမဲ့ စိတ်ဓာတ်နဲ့လုပ်သွားတဲ့ ‌ခေါင်း‌ဆောင်‌ကောင်း တပ်မှူး‌ကောင်းတစ် ‌ယောက်ဖြစ်တယ်။ တစ်ဖက်မှာအစားထိုးလို့မရတဲ့ ‌ခေါင်း‌ဆောင်တစ်‌ယောက်ဖြစ်တဲ့အတွက် ဝမ်းနည်းမိသလို တစ် ဖက်မှာကလည်း စံပြအ‌နေနဲ့ ‌ခေါင်း‌ဆောင်‌ကောင်း‌တွေ ‌မွေးထုတ်‌ပေးနိုင်ခဲ့တဲ့အ‌ပေါ်မှာလည်း ‌ကျေနပ်မိတယ်”ဟု ‌ပြောသည်။

ဗိုလ်မှူး‌စောဘခက်သည် ‌ထောက်လှမ်း‌ရေးမှူးတာဝန်၊ ပထမ စစ်ဦးစီးတန်း ဝါရင့်တပ်မှူးတာဝန်များအပြင် ၎င်းတာဝန် များနှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် သင်တန်းမှူးတစ်ဦးအဖြစ်လည်း အဓိက တာဝန်ယူ ‌ဆောင်ရွက်ခဲ့သည့်အပြင် ၂၀၁၂ခုနှစ် အစိုးရနှင့် ‌ကေအဲန်ယူအကြား ပြုလုပ်သည့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ဖြစ်စဉ်များတွင်လည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု သိရသည်။

သူသည် ရန်ကုန်မြို့၊ အင်းစိန် ဇာတိဖြစ်ပြီး အင်းစိန်ရှိ ကျမ်းစာ‌ကျောင်းကို ပြီး‌မြောက်ပြီး‌နောက် ကရင်အမျိုးသား ‌တော်လှန်‌ရေးထဲသို့ ဝင်‌ရောက်လာခဲ့သည်။ ယခု ကွယ်လွန်ချိန်တွင် ဇနီး ‌နော်မယ်‌ရေ‌စေး၊ သားနှစ်ဦးဖြစ်သူ ‌စောဘာဆို‌ဂေး၊ ‌စောဘာ‌တောဝါးနှင့် ‌မြေး ၉ဦး ကျန်ရစ်ခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ ပြုလုပ်သည့် ဗိုလ်မှူး‌စောဘခက်၏ ဈာပန အခမ်းအနားသို့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA အရာရှိများ၊ သင်တန်းသူ၊ သင်တန်းသားများ၊ မျိုးဆက်သစ် ကရင်လူငယ်များနှင့် ၎င်း၏ ‌ဆွေမျိုးနှင့် အသိ မိတ်‌ဆွေများ အပါအဝင် လူဦး‌ရေ ၃၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။