Home ဆောင်းပါး အခါးပိုတဲ့ ̔သံ‌တောင်သူ̕

အခါးပိုတဲ့ ̔သံ‌တောင်သူ̕

3568

ဇူလိုင် ၅ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

မြူ မှုံများက ပတ်ဝန်းကျင်တစ်ခွင်ကို လွှမ်းခြုံထားသည်။ ‌တောင်‌ပေါ်‌လေနု ‌အေး‌အေး‌လေးက တငြိမ့်ငြိမ့် တိုက် ခတ်လျက်ရှိသလို မိုးဖွဲဖွဲ‌လေး ရွာသွန်း‌နေပြီး ပတ်ဝန်းကျင်တစ်ခွင် ‌အေးမြသည့်ရာသီဥတုက ဆီးကြို‌နေသည်။ ယင်းက ပင်လယ်‌ရေမျက်နှာပြင်ထက် ‌ပေ ၄,၅၀ဝ ခန့် အမြင့်တွင်ရှိသည့် ကရင်ပြည်နယ်၏ တခုတည်း‌သော ‌တောင်‌ပေါ်မြို့ဖြစ်သည့် သံ‌တောင်ကြီးမြို့၏ ဇူလိုင်လဆန်းပိုင်း ရာသီဥတုအ‌ခြေအ‌နေ ဖြစ်သည်။

“မီးလည်းပျက် မိုးကလည်း ‌အေးတယ်။ ခဏ‌နေ မီးဖို‌ပေးမယ်။ ‌ကော်ဖီပူပူ‌လေး ‌သောက်လိုက်ပါ။”ဟု သံ‌တောင် ကြီးမြို့၊ အမှတ် ၄ရပ်ကွက်ရှိ ̔သံ‌တောင်သူ̕ ‌ကော်ဖီပင်ရင်းဆိုင်မှ တည်‌ထောင်သူတစ်ဦးဖြစ်သည့် ‌နော်မာမာချို က ‌ကော်ဖီပူပူတစ်ခွက်ကို ကမ်း‌ပေးရင်း ဧည့်ဝတ်ပြုသည်။

ကမ်း‌ပေးသည့် ‌ကော်ဖီခွက်ကိုယူကာ ခဏအကြာ သကြား၊ နို့ဆီမထည့်ဘဲ အမြှုပ်ထ‌နေသည့် ‌ကော်ဖီကို တစ်ငုံ စ‌သောက်လိုက်မိသည်။ ‌ကော်ဖီ‌မွှေးနံ့က သင်း‌နေပြီး ခံတွင်းထဲတွင် ခါးခါးသက်သက် ဖြစ်‌နေသည်။ ‌ကော်ဖီခါး ခါးကို ကြိုက်နှစ်သက်ပြီး အမျိုးမျိုး‌သောက်ဖူး‌သော်လည်း ̔သံ‌တောင်သူ̕ ‌ကော်ဖီက အခါးပိုသည်။ ပြီးမှ ဖန်စိမ့် အရသာကို ခံစားမိလိုက်ပြီး ခြုံငုံကာ အခါးပိုသည့် ̔သံ‌တောင်သူ̕ ဟု စိတ်ထဲတွင် မှတ်ချက်ပြုလိုက်မိသည်။

သံ‌တောင်ကြီးမြို့နယ်သည် ‌တောင်‌ပေါ်မြို့တစ်မြို့ဖြစ်သလို ‌အေးမြစွတ်စိုသည့် ရာသီဥတုရှိကာ ‌ဒေသခံ ကရင် တိုင်းရင်းသားများအ‌နေဖြင့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဖြင့် အဓိက အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင် ကြသည်။ ‌ကော်ဖီ၊ လက်ဖက်၊ ဖာလာ စသည်ဖြင့် စိုက်ပျိုးကြပြီး ‌ဈေးကွက်ဝင် ထုတ်ကုန်များအဖြစ်သို့ ‌ရောက် ရှိ‌နေ ပြီးဖြစ်‌ကြောင်း ‌ဒေသခံများက ဆိုသည်။

‌ဒေသတွင်း၌ ‌ကော်ဖီပင်များကို ‌ကော်ဖီ‌စေ့မှ ပျိုးပင်ယူ စိုက်ပျိုးခြင်းဖြစ်သည်။ အပင်စိုက်ပြီး‌နောက် သုံးနှစ်ခန့်အ ကြာတွင် အသီးကို စတင် ခူးယူနိုင်သည်။ နှစ်စဉ် ဒီဇင်ဘာမှ ‌ဖေ‌ဖော်ဝါရီလအထိ ‌ကော်ဖီသီး ခူးယူကြသည်။ ထို့ ‌နောက် ခူးထားသည့် ‌ကော်ဖီသီးများကို အ‌ခြောက်လှန်းရပြီး ‌ခြောက်‌သွေ့သွားပါက အခွံချွတ်ရသည်။ အခွံချွတ် ခြင်းကို ‌ဒေသတွင်း၌ ‌ကော်ဖီသီးကို ‌ထောင်းယူကာ အ‌စေ့ထုတ်‌လေ့ရှိသည်ဟု ‌ဒေသခံ‌ကော်ဖီစိုက်သူများက ‌ပြောသည်။

အခွံချွတ်ပြီးသည့် ‌ကော်ဖီ‌စေ့ကို ‌လှော်ရသည်။ ‌လှော်ယူပြီး‌နောက် အမှုန့်ကြိတ်ကာ အနံ့ အရသာ မပျက်‌အောင် ထုပ်ပိုးကာ သိမ်းဆည်းပြီး ‌ဈေးကွက်အတွင်းသို့ တင်ပို့ ‌ရောင်းချခြင်းဖြစ်သည်။ ထိုသို့ အဆင့်ဆင့် ပြုလုပ်ပြီးမှ အသင့်‌သောက်သုံးနိုင်သည့် ‌ကော်ဖီအဆင့်သို့ ‌ရောက်ရှိခြင်း ဖြစ်သည်။

ယခုလို အဆင့်ဆင့် ထုတ်လုပ်ရသည့် ‌ကော်ဖီကို ‌ဈေးကွက်အတွင်း၌ ‌ကော်ဖီမစ် တစ်ထုပ်လျှင် ကျပ်တစ်ရာ ခန့်ဖြင့် ‌ရောင်းချ‌နေသည်ကို အံ့ဩမိသည်ဟု ̔သံ‌တောင်သူ̕ အမှတ်တံဆိပ် ‌ကော်ဖီထုတ်လုပ် ဖြန့်ဖြူး‌နေသည့် သံ‌တောင်သူ အမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ‌နော်မာမာချိုက ဆိုသည်။

“‌ကော်ဖီ‌စေ့ကို အ‌ခြောက်လှမ်း၊ အခွံချွတ်ပီးတဲ့အခါ အလုံးညီတာ‌လေး‌တွေကို ဝယ်တယ်။ ‌နောက်ပြီး အ‌စေ့ ‌ခြောက်ဖို့လိုတဲ့ စိုထိုင်းဆများတဲ့ ‌ကော်ဖီ‌စေ့‌တွေဆိုလည်း မသုံးဘူး။ သံ‌တောင်ကြီး ‌ကော်ဖီက သဘာဝအတိုင်း ပဲ ‌အော်ဂဲနစ်စစ်စစ်ဖြစ်တယ်။ အဲဒါကို ဘယ်လိုများ တစ်ထုပ်တစ်ရာနဲ့‌ရောင်းကြလဲ။ အံ့ဩလို့ပါ။”ဟု ‌နော်မာမာ ချိုက ဆက်‌ပြောသည်။

အဆိုပါ ̔သံ‌တောင်သူ̕ ‌ကော်ဖီ အစပြု ‌ပေါ်‌ပေါက်လာပုံမှာ ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် သံ‌တောင်သူ ကရင်အမျိုးသမီးများအဖွဲ့က စတင်ခဲ့ခြင်းဖြစ်သည်။ သံ‌တောင်သူ ကရင်အမျိုးသမီးအဖွဲ့အ‌နေဖြင့် အမျိုးသမီး အခွင့်အ‌ရေး၊ အမျိုးသမီးနှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များတွင် ပါဝင်‌ဆောင်ရွက်ရင်း ‌ဒေသတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ထုတ်ကုန်များ ‌ရောင်းချရန် စဉ်းစားမိလာရင်းမှ ကုန်ကြမ်း အလွယ်တကူရှိသည့် ‌ကော်ဖီကို ̔သံ‌တောင်သူ̕ အမှတ်တံဆိပ်ဖြင့် ၂၀၁၇ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဖွဲ့ဝင် တစ်ရာ‌ကျော်ရှိသည့် သံ‌တောင်သူအမျိုးသမီးအဖွဲ့၏ ‌ကော်ဖီလုပ်ငန်းတွင် အချိန် ပြည့်ဝန်ထမ်း ၁၂ဦး အပါအဝင် စုစု‌ပေါင်း ဝန်ထမ်း ၄ဝ ဦးဖြင့် လုပ်ကိုင်‌နေပြီး ‌အောင်မြင်စပြုလာသည့် ‌ကော်ဖီ အမှတ်တံဆိပ် အ‌နေအထားသို့ တက်လှမ်း‌နေသလို ကရင်ပြည်နယ် ကိုယ်စားပြု ထုတ်ကုန်တစ်ခုအဖြစ်သို့ တက်လှမ်းလျက်ရှိသည်။

“သံ‌တောင်သူအဖွဲ့က ကျမတို့ဆီက ‌ကော်ဖီကို အပြင်မှာ တစ်ပိဿာ ကျပ် ၃,၀၀ဝ ‌ဈေး‌လောက် အမြင့်ဆုံးရှိချိန် မှာ ကျပ် ၃,၅၀ဝနဲ့ ‌ဈေးပို‌ပေးဝယ်တယ်။ ဒီနှစ်‌တော့ ကျမခြံက ‌ကော်ဖီအချိန် ၄ဝ ‌လောက်ပဲ ထွက်တယ်။ ကြွက် ကိုက်လို့ ‌ကော်ဖီအထွက်နှုန်း နည်းသွားတယ်။”ဟု သံ‌တောင်ကြီးမြို့နယ်၊ အမှတ် ၃ ရပ်ကွက်တွင် ‌နေထိုင်သည့် ‌နော်‌မေးရီးယံက ‌ပြောသည်။

ယခုလို ‌ဈေးပို‌ပေး ဝယ်ယူ‌သော်လည်း တချို့‌သော ဥယျာဉ်ခြံပိုင်ရှင်များကမူ ‌ကော်ဖီမထွက်ခင်ကတည်းက စား ‌သောက်ကုန်များကို ကြိုတင်ဝယ်ယူထားပြီ ‌ကော်ဖီထွက်ချိန်တွင် ‌ကော်ဖီ‌စေ့ပြန်‌ရောင်း‌ပေးရသည့် အ‌ခြေအ‌နေ မျိုးလည်းရှိကြသည်ဟု ဥယျာဉ်ခြံစိုက် ‌ဒေသခံ‌တောင်သူများထံမှ သိရသည်။

̔သံ‌တောင်သူ̕ ‌ကော်ဖီမှုန့်သည် ဓာတ်‌မြေဩဇာမသုံးသည့် သဘာဝ ‌အော်ဂဲနစ် ထုတ်ကုန်ဖြစ်ကာ အဆိုပါအား သာချက်ဖြင့် ‌ဈေးကွက်ထိုး‌ဖောက်ရသလို ‌ကော်ဖီစိုက်ပျိုးခြင်းမှအစ ‌ကော်ဖီမှုန့်ဖြစ်သည်အထိ အမျိုးသမီးများ ၏ လုပ်အားများဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။

ထို့အပြင် ‌ကော်ဖီမှုန့် ‌ရောင်းရသည့် အမြတ်‌ငွေထဲမှ ဆယ်ပုံတစ်ပုံကို အဖွဲ့၏ ရံပုံ‌ငွေအဖြစ် ပြန်သွင်းရသလို ‌နောက်ထပ် ဆယ်ဖို့ တစ်ဖို့ကိုလည်း သာသနာအတွက် ‌ပေးလှူရန် သတ်မှတ်ထားသည်ဟု သံ‌တောင်သူအမျိုး သမီးအဖွဲ့ ဒါရိုက်တာ ‌နော်မာမာချိုက ဆိုသည်။

သံ‌တောင်ကြီး‌ဒေသတွင် ယခင် ဘိုးဘွားများ လက်ထက်ကတည်းက စိုက်ပျိုးခြင်းဖြစ်ပြီး အဂင်္လိပ်‌ခေတ်တွင် မြန်မာပြည်၏ အ‌ကောင်းဆုံး ‌ကော်ဖီအဖြစ် အသိအမှတ်ပြုခြင်း ခံရဖူးသည်ဟု ‌ဒေသခံများက ဆိုသည်။ ထို့ ‌နောက် ပြည်တွင်းစစ်ဒဏ်ခံရစဉ်ကာလအတွင်း ‌ကော်ဖီကို အမှုန့်ကြိတ်ကာ အိမ်တွင်းသုံးအဖြစ်သာ အများစု အသုံးပြုခဲ့ကြပြီး ‌ဈေးကွက်အတွင်းသို့ တင်ပို့‌ရောင်းချနိုင်ခြင်း မရှိခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်မှစ၍ သံ‌တောင်ကြီး‌ဒေသရှိ ‌ကော်ဖီစိုက်ခင်းများမှ ‌ကော်ဖီကိုင်းများကို ကြွက်များက ကိုက် ဖြတ် ဖျက်ဆီးသည့်ဒဏ်ကို ခံခဲ့ရသဖြင့် ‌ကော်ဖီအထွက်နှုန်း ထိခိုက်မှုရှိ‌သော်လည်း တစ်နှစ်လျှင် ‌ကော်ဖီ တန် တစ်ရာခန့် ထွက်ရှိ‌နေ‌သေးပြီး ပြည်တွင်းပြည်ပအထိ တင်ပို့‌ရောင်းချ‌နေရသည်ဟု သံ‌တောင်သူအမျိုးသမီးအဖွဲ့ က ဆိုသည်။

သံ‌တောင်သူ အမှတ်တံဆိပ် ‌ကော်ဖီအ‌နေဖြင့် ထုတ်လုပ်သည့် ၂ နှစ်တာ ကာလအတွင်း ‌ဈေးကွက် အတန် အ သင့် ရရှိလာကာ အစားအ‌သောက်နှင့် ‌ဆေးဝါးများ ကြီးကြပ်ကွပ်ကဲ‌ရေးဌာန(FDA) အသိအမှတ်ပြု လက်မှတ် ရရှိရန် လုပ်‌ဆောင်လျက်ရှိပြီး ‌ဈေးကွက် ပိုမိုရရှိရန်လည်း ကြိုးစား‌နေသည်ဟု အဖွဲ့ တာဝန်ရှိသူများထံမှ သိ ရသည်။

သံ‌တောင်သူ အမျိုးသမီးအဖွဲ့အ‌နေဖြင့် ‌ကော်ဖီမှုန့်အပြင် ‌ကော်ဖီဆပ်ပြာ၊ ‌ကော်ဖီဖြင့် ပြုလုပ်ထားသည့် အသား အ‌ရေလှရန် ‌ပေါင်းတင်‌ဆေး စသည်တို့ကို ထပ်တိုး ထုတ်လုပ်လျက်ရှိပြီး သံ‌တောင်သူ အမှတ်တံဆိပ်‌ကော်ဖီနှင့် ဖက်စပ်ထုတ်ကုန်များကို ကရင်ပြည်နယ်ကိုယ်စားပြု ထုတ်ကုန်အဖြစ် ‌ဈေးကွက်‌ဝေစုရရန် ကြိုးပမ်းလျက်ရှိ သည်ကို ‌တွေ့ရသည်။ သဘာဝ ‌အော်ဂဲနစ်ထုတ်ကုန် အခါးကြိုက် ‌ကော်ဖီချစ်သူများအတွက်မူ အခါးပို သည့် ̔သံ‌တောင်သူ̕ ၏ သဘာဝ‌ကော်ဖီကို အကြိုက်‌တွေ့သွားမည်သာ ဖြစ်‌ပေသည်။