Home အမြင်သဘောထား လျှပ်စစ်မီး မီတာခ တိုးမြှင့် ‌ကောက်ခံမယ့်အ‌ပေါ် သူတို့ အသံ

လျှပ်စစ်မီး မီတာခ တိုးမြှင့် ‌ကောက်ခံမယ့်အ‌ပေါ် သူတို့ အသံ

2562

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မီတာခနှုန်းထား တိုးမြှင့်‌ကောက်ခံမယ့် အစီအစဉ်‌တွေအ‌ပေါ် ကရင်ပြည်နယ်၊ ဖားအံမြို့က လျှပ်စစ်မီးကိုအမှီပြု‌နေရတဲ့ ဆိုင်ပိုင်ရှင်ပြည်သူ‌တွေရဲ့ အမြင်‌တွေက ဘယ်လိုရှိကြပါသလဲ။


‌စောအဲထွန့် (လှမဉ်ဖူစား‌သောက်ဆိုင်)
အခက်အခဲ‌တွေက‌တော့ မီတာခက တကယ်ပဲ အရမ်းတက်ရင်‌တော့ ပြည်သူလူထုု‌တွေက စကားများစရာဖြစ်လာတယ်။ အရမ်းတက်လာရင်‌တော့ သိပ်မဟုတ်‌တော့ဘူး။ ကျ‌နော်တို့ ‌ဈေး‌ရောင်းတာ မိုးတွင်းမှာ သိပ်‌ရောင်းမ‌ကောင်းဘူး။ မီတာ၊ အခန်းခ‌တွေ အားလုံး‌ပေးရမယ်ဆို‌တော့ သိပ်မကိုက်ဘူး‌ပေါ့‌နော်။ ပြည်သူ‌တွေအားလုံးအတွက်ကြည့်ရင်‌တော့ မီတာခ အရမ်းတက်ရင်‌တော့ ကျ‌နော်တို့အတွက် အခက်အခဲနည်းနည်း‌တော့ ရှိမယ်‌ပေါ့‌နော်။ အစိုးရဖက်က‌တော့ ဘယ်လိုအ‌ကြောင်း‌တွေ‌ကြောင့် မီတာခကို ‌ပေးတက်သလဲဆိုတာက‌တော့ မသိဘူး‌ပေါ့‌နော်။ ဘာအခက်အခဲရှိသလဲ‌ပေါ့။ ဒါ‌ပေမဲ့ သူတို့ ‌ပေးတက်မယ်ဆိုရင်‌တော့ ပြည်သူလူထု‌တွေကို နည်းနည်းအသိ‌ပေးသင့်ပါတယ်။ အ‌ကြောင်းပြချက်‌တော့ ရှိရမှာ‌ပေါ့‌နော်။


နန်းညိုညိုသင်း(‌ရေခဲမုန့်ဆိုင်)
အစ်မအ‌နေနဲ့ဘယ်လိုမှ ‌ရောင်းလို့၊ ဝယ်လို့ အဆင်မ‌ပြေဘူး။ ပထမက‌တော့ အစ်မက တစ်ခွက်ကို ၅ဝဝ၊ နှစ်လုံး‌ပေးတယ်ကွယ်။ အခု‌နောက်ပိုင်းဆိုလို့ရှိရင် မီတာခ နှစ်ဆ ‌ကောက်လိုက်မယ်ဆိုလို့ရှိရင် ‌ရေခဲမှုန့်‌လေး တစ်လုံး ၅ဝဝ ဆိုရင်‌တော့ ဘယ်လိုမှ ‌ရောင်းလို့အဆင်မ‌ပြေ‌တော့ဘူး။ အဲဒီဟာ တစ်ချက်‌တော့ ရှိတာ‌ပေါ့‌နော်။ ဒီလုပ်ငန်းမှာ ရပ်တည်ဖို့က‌တော့ နည်းနည်း‌လေး စဉ်းစားရ‌တော့မှာ‌ပေါ့။ အစိုးရကို ‌ပြောချင်တာ‌ပေါ့‌နော်။ ဒီမီတာ‌ပေါ့‌နော်။ အတတ်နိုင်ဆုံး သက်သက်သာသာ‌လေးနဲ့ စဉ်းစား‌ပေးချင်တာ‌ပေါ့။ နှစ်ဆ‌လောက် တိုးမြှင့်‌ကောက်လိုက်မယ်ဆိုလို့ရှိရင် ဘယ်လုပ်ငန်းမဆို ဘယ်သူမှအဆင်မ‌ပြေနိုင်ဘူး။


‌စောမြတ် (ဒီဇိုင်းဆွဲ လုပ်ငန်းလုပ်ကိုင်သူ)
ကျ‌နော်တို့ လုပ်ငန်းကလည်းပဲ တအားနာမည်ကြီးတာလည်းမဟုတ်ဘူး။ ကျ‌နော်တို့လည်း ပညာရှာတဲ့ အဆင့်ပဲ ရှိ‌သေးတယ်။ ကြိုးစားရတာပဲ မဟုတ်လား။ ‌ပြောချင်တာက ကျ‌နော်တို့ ကြိုးစားမယ့်အချိန်ပဲရှိ‌သေးတယ်။ မီတာခကို ‌ပေးတက်မယ်ဆိုရင် မီတာခ တက်မယ်ဆိုရင် ကျ‌နော်တို့စက်ချုပ်တာ ‌ဈေးတက်မယ်ဆိုရင် လူ‌တွေလည်းလာပြီး သိပ်မချုပ်ရဲ‌တော့ဘူး‌ပေါ့‌နော်။ ပိုက်ဆံရှိတဲ့လူ‌တွေအတွက်က‌တော့ ဘာမှမဖြစ်ဘူး‌ပေါ့‌နော်။ အခု သူတို့ မီတာခကိုပဲ ‌တောင်း‌နေတယ်။ မီးကလည်း ပုံမှန်မလာဘူး။ မီးနည်းနည်း‌လေးလာတာနဲ့ မီး‌သေပြန်ပြီ။ ဟိုဖက်မှာလည်း မီး‌သေပြီ။ မီး‌သေသွား‌တော့ မီးစက်ကို နှိုးပြီး အလုပ်လုပ်ရတယ်။ စက်ဆီ‌ဈေးလည်း တက်ပြန်တယ်။ နှစ်ဖက်စလုံးဆို ကျ‌နော်တို့ ‌သေပြီမဟုတ်လား။