Home သတင်း မဲ‌ဆောက်‌ဒေသအတွင်း (Chikungunya) ဆင်တုပ်‌ကွေး ဖြစ်ပွားမှုများပြားလာ၊ က‌လေးသူငယ်များ ပိုမိုဖြစ်ပွား

မဲ‌ဆောက်‌ဒေသအတွင်း (Chikungunya) ဆင်တုပ်‌ကွေး ဖြစ်ပွားမှုများပြားလာ၊ က‌လေးသူငယ်များ ပိုမိုဖြစ်ပွား

2982

ဇူလိုင် ၁၇ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲ‌ဆောက်‌ဒေသတွင် (Chikungunya) ‌ခေါ် ဆင်တုပ်‌ကွေး ဖြစ်ပွားမှု များပြား လာပြီး က‌လေးသူငယ်များတွင် ပိုမိုဖြစ်ပွားလျက်ရှိသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်မာ‌ရေး ဝန်‌ဆောင်မှု‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းမှ ကျန်းမာ‌ရေး တာဝန်ရှိသူများက ‌ပြောသည်။

ယခင်နှစ်များတွင် ပုံမှန်ရာသီတုပ်‌ကွေးနှင့် ‌သွေးလွန်တုပ်‌ကွေးများသာ ဖြစ်ပွားခဲ့‌သော်လည်း မြန်မာပြည်မှ တစ် ဆင့် ကူးစက်ပြန့်ပွားလာသည်ဟု ယူဆရ‌သော (Chikungunya) ‌ခေါ် ဆင်တုပ်‌ကွေးတစ်မျိုးသည် ယခုနှစ်မှစ၍ ဖြစ်ပွား‌နေပြီး ယခင်ပုံမှန် ရာသီတုပ်‌ကွေးဖြစ်ပွားမှုထက် ပိုမိုဖြစ်ပွား‌နေသည်ဟု မယ်‌တော်‌ဆေးခန်း၏ က‌လေး အတွင်းလူနာ‌ဆောင်၏ တာဝန်ခံ ‌နော်‌ဖောက‌ပေါ်ရှီုးက ယခုလို‌ပြောသည်။

၎င်းက “ကျမတို့ သတိထားမိတာက ဒီ‌မေလကစတာ‌ပေါ့။ အစက‌တော့ ကျမတို့လည်း ‌သေချာမသိဘူး။ မြန် မာပြည် ဘက်ကလာတဲ့လူနာတစ်‌ယောက်က အပူအကြီးကြီးတက်ပြီး ‌ခြေဆစ်လက်ဆစ်နာလို့ လမ်းမ ‌လျှောက် နိုင်ဘူးဆိုပြီးဖြစ်တာ‌ပေါ့။ အရင်နှစ်‌တွေကဆို ‌သွေးလွန်တုပ်‌ကွေး‌လောက်ပဲအဖြစ်များတာ။ အခုနှစ်မှ ဆင်တုပ် ‌ကွေးက အဖြစ်များလာတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုဖြစ်ပွားလျက်ရှိသည့် အဆိုပါ ဆင်တုပ်‌ကွေးသည် အရွယ်‌ရောက်ပြီးသား လူငယ်လူကြီးများတွင် အဖြစ်များ သလို (၅)နှစ်‌အောက်အပါအဝင် က‌လေးသူငယ်များအကြားတွင်လည်း ပိုမိုဖြစ်ပွားလျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ အတွင်းလူနာ ၅ဦးခန့် ‌ရောက်လာသည့်အပြင် (OPD)အပြင်လူနာဌာနတွင်လည်း ၎င်းထက်ပိုမို‌ရောက် လာကြသည်ဟု ‌နော်‌ဖောက‌ပေါ်ရှီုးက ဆက်‌ပြောသည်။

ပြီးခဲ့နှစ် ၂၀၁၈ ခုနှစ်၊ ‌မေနှင့် ဇွန်လအတွင်း ရာသီအလိုက်ဖြစ်ပွားသည့် ‌သွေးလွန်တုပ်‌ကွေး၊ အသက်ရှူမှုလမ်း ‌ကြောင်းဆိုင်ရာ ‌ရောဂါပိုးကူးစက်မှု ‌ရောဂါများဖြင့် ‌ရောဂါ‌ဝေဒနာဖြစ်ပွားသူ စုစု‌ပေါင်း (၅၄၀)ဦးဖြစ်ပွားခဲ့ရာမှ ယခုနှစ် ၂၀၁၉ခုနှစ် ‌မေနှင့် ဇွန်လအတွင်း၌ ရာသီအလိုက် တုပ်‌ကွေးများအပြင် အသစ်ဖြစ်ပွားလာသည့် ဆင် တုပ်‌ကွေး အပါအဝင် ဖြစ်ပွားသူ စုစု‌ပေါင်း (၈၃၀)ဦးအထိရှိလာခဲ့ပြီး ဖြစ်ပွားမှုနှုန်း ၃၉ ရာခိုင်နှုန်းအထိ တိုး လာ‌ကြောင်း မယ်‌တော်‌ဆေးခန်း၏ ‌ကောက်ခံထားသည့် မှတ်တမ်းများအရ သိရသည်။

၎င်းဆင်တုပ်‌ကွေး‌ရောဂါ လက္ခဏာများသည် အရွယ်‌ရောက်ပြီးသား သူများတွင် ပုံမှန်တုပ်‌ကွေးများထက် အဖျား ပိုကြီးခြင်း၊ ဖျားရက်ကြာရှည်ခြင်း၊ ‌ခြေဆစ်လက်ဆစ်နှင့် ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အဖျား ကျသွား သည့်တိုင် အကိုက်အခဲများဆက်လက်ဖြစ်‌ပေါ်လျက်ရှိသည်။ ၎င်းအပြင် အနီစက်အကွက်များဖြစ်‌ပေါ်လာသလို က‌လေးသူငယ်များ အထူးသဖြင့် (၅)နှစ်‌အောက်က‌လေးငယ်များတွင်လည်း အဖျားကြီးနိုင်ပြီး အဖျား‌ကြောင့် တက်နိုင်‌ကြောင်းလည်း ကျန်းမာ‌ရေး တာဝန်ရှိသူများက ဆိုသည်။

အလားတူ ၎င်းဆင်တုပ်‌ကွေး ‌ရောဂါသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် (Influenza Virus)‌ရောဂါပိုး ကူးစက်ခံရ ခြင်း‌ကြောင့် ဖြစ်ပွားခြင်းဖြစ်သည့်အတွက် ခြင်ကိုက်ခံရခြင်း မရှိ‌စေရန် ခြင်‌ထောင် ‌ထောင်၍ အိပ်ခြင်း၊ ခြင်ကာ ကွယ်သည့်လိမ်း‌ဆေး သုတ်လိမ်းခြင်းများအပြင် မိမိ‌နေထိုင်ရာ ပတ်ဝန်းကျင်များတွင် ‌ရေဝပ်နိုင်‌သော ‌နေရာများကို ရှင်းလင်းခြင်းနှင့် ခြင်များခို‌အောင်း ပြန့်ပွားမှုမရှိ‌စေရန် သန့်သန့်ရှင်းရှင်း ‌နေထိုင်ရန် လိုအပ်‌ကြောင်းလည်း ကျန်းမာ‌ရေး တာဝန်ရှိသူများက အသိပညာ‌ပေး‌ပြောဆိုထားသည်။

လသားအရွယ် က‌လေးလူနာတစ်ဦး၏ မိခင်တစ်ဦးက “ ပြီးခဲ့တဲ့ တနဂင်္‌နွေ‌နေ့ (ဇူလိုင် ၁၄ရက်‌နေ့) ‌နေ့ခင်း ‌လောက်မှာ က‌လေး‌ခြေ‌ထောက်မှာ အနီစက်က‌လေး‌တွေဖြစ်လာတယ်။ ည‌နေပိုင်း‌လောက်ကျ‌တော့ အဖျားက တက်‌ကော။ ‌ဆေးခန်း‌ရောက်လာကတည်းက အဖျားကတက်တာ တခါမှ မကျဘူး။ က‌လေးကို ဆင်တုပ်‌ကွေး မျိုး ဖြစ်တာကျ‌တော့ နည်းနည်းစိုးရိမ်တာ‌ပေါ့။ ဆင်တုပ်‌ကွေးဖြစ်ရင် တအားနာကျင်ကိုက်ခဲတာ ခံရတာကိုး။ ကျမ ဖြစ်ပြီးမကြာဘူး ကျမက‌လေး ဖြစ်တာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်သည့် မယ်‌တော်‌ဆေးခန်းတွင် ယခင်နှစ်များတွင် ပုံမှန်ရာသီတုပ်‌ကွေး များ သာဖြစ်ပွားခဲ့ပြီး ယခုနှစ်မှစ၍ (Chikungunya) ဆင်တုပ်‌ကွေး ‌ရောဂါစတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း ဆင်တုပ်‌ကွေးအပြင် ‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားမှု အနည်းငယ်မြင့်မားလာပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဇွန်လအထိ ၆လတာအတွင်း ‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားသူ (၅,၇၀၀) ‌ကျော်နှင့် ၂ဝဦး ‌သေဆုံးခဲ့သလို ရာသီတုပ်‌ကွေးဖြစ်သည့် (H1N1)ဖြင့် ‌သေဆုံးသူ (၃၀) ‌ကျော်ရှိခဲ့ပြီးဖြစ်‌ကြောင်း မြန်မာနိုင်ငံ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။