Home သတင်း နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင်၏သားက ‌သေနတ်ဖြင့်ပစ်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး‌သေဆုံး

နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင်၏သားက ‌သေနတ်ဖြင့်ပစ်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး‌သေဆုံး

2946

ဇူလိုင် ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့တွင် နယ်ခြား‌စောင့်တပ်-BGF အမှတ်(၁၀၁၂)မှ တပ်ဖွဲ့ဝင် တစ် ဦး၏ သားက လက်လုပ်တူမီး‌သေနတ်ဖြင့် ပစ်ခတ်၍ ရှမ်းရွာသစ် နယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ‌သေဆုံးခဲ့ ‌ကြောင်း
သိရသည်။

ဖြစ်စဉ်တွင် ဇူလိုင် ၁၅ ရက်‌နေ့၊ ည ၇နာရီ ၁ဝမိနစ်အချိန်တွင် ရဲတပ်သား ‌စောလင်းထက်ဦးသည် ရှမ်းရွာ သစ် မြို့၊ ရပ်ကွက်(၂)ရှိ ပန်းယမုံဦး ထမင်းဆိုင်တွင် ထမင်းစား‌နေစဉ် BGF တပ်ဖွဲ့မှ တပ်ကြပ်အဆင့်ရှိ ဦး‌မောင် ‌သောင်း၏သားဖြစ်သူ ဘုန်းနိုင်(ခ) ဖိုးနိုင်က Prado ‌မော်‌တော်ယာဉ်အမျိုးအစားဖြင့် ‌ရောက်ရှိလာပြီး ‌မော်‌တော်ယာဉ်အား ဆိုင်‌ရှေ့လမ်းမ‌ပေါ်တွင်ရပ်ကာ ဆိုင်ထဲသို့ဝင်လာပြီး ‌စောလင်းထက်ဦးအား ကြည့်၍ ယာဉ်ဆီသို့ ပြန်သွားပြီး‌နောက် ယာဉ်‌ပေါ်မှ ရဲတပ်သား ‌စောလင်းထက်ဦးကို ဆဲဆိုစိန်‌ခေါ်ခဲ့သည်။

ထိုသို့ ဆဲဆိုစိန်‌ခေါ်မှု‌ကြောင့် ရဲတပ်သား ‌စောလင်းထက်ဦးမှ ဘုန်းနိုင်(ခ)ဖိုးနိုင်ထံသို့သွားစဉ် (၁၀)‌ပေခန့် အကွာအ‌ရောက်တွင် ဘုန်းနိုင် (ခ)ဖိုးနိုင်မှ ကား‌ပေါ်တွင်အသင့်ပါလာသည့် လက်လုပ်တူမီး‌သေနတ်ဖြင့် ပစ်ခတ် ထွက်‌ပြေးသွားပြီး ၎င်းပစ်ခတ်မှု‌ကြောင့် ရဲတပ်သား ‌စောလင်းထက်ဦး၏ ရင်ညွန့်သို့ တူမီးယမ်းစ (၁၄) ချက်ထိမှန်ပြီး‌နောက် ‌နေရာတွင်လဲကျခဲ့ကာ ၇နာရီ ၂ဝမိနစ် အချိန်ခန့်တွင် ရှမ်းရွာသစ်တိုက်နယ်‌ဆေးရုံသို့ ပို့ ‌ဆောင်စဉ် ၇နာရီ ၃ဝမိနစ် အချိန်ခန့်၌ ရရှိ‌သော ဒဏ်ရာဖြင့် ‌သေဆုံးသွားခဲ့‌ကြောင်း ရဲမှတ်တမ်း‌ဖော်ပြမှုအရ သိရသည်။

အဆိုပါ အခင်းမဖြစ်ပွားမီ ဇူလိုင် ၁၅ရက်‌နေ့ မွန်းလွဲ ၃နာရီ ၃ဝမိနစ် အချိန်ခန့်က ရဲတပ်သား ထွန်းထွန်းဦး နှင့် ရဲ တပ်သား ‌စောလင်းထက်ဦးတို့သည် ရှမ်းရွာသစ်နယ်‌မြေရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကွမ်းယာဝယ်ရန် ထွက်လာရာ အမိုးကြီးထမင်းဆိုင်‌ရှေ့အ‌ရောက် Prado အမျိုးအစား ခဲ‌ရောင်ယာဉ်(၁)စီးမှာ ဝဲဘက်အ‌ရှေ့တံခါးပွင့်လျက် လမ်း ပိတ်ရပ်ထားသဖြင့် ရဲတပ်သား ‌စောလင်းထက်ဦးမှ လမ်းပိတ်‌နေ၍ ယာဉ်ပိုင်ရှင်ဘုန်းနိုင်အား လမ်းဖယ် ‌ပေးရန် ‌ပြောဆို‌သောအခါ ဘုန်းနိုင်မှ မ‌ချေမငံ‌ပြောကြားခဲ့သဖြင့် တစ်ဦးနှင့် တစ်ဦးအချင်းများခဲ့‌ကြောင်းလည်း ရဲမှတ် တမ်းတွင် ‌ဖော်ပြပါရှိသည်။

ထိုသို့ လက်လုပ်တူမီး‌သေနတ်ဖြင့် ပစ်ခတ်ထွက်‌ပြေးသွားသည့် အမှတ်(၄)ရပ်ကွက် ရှမ်းရွာသစ်မြို့‌နေသူ ဘုန်း နိုင်(ခ)ဖိုးနိုင်အား ရှမ်းရွာသစ် နယ်‌မြေရဲစခန်းမှ (ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် ထား သည်ဟု သိရသည်။