Home သတင်း ကရင်ယဉ်‌ကျေးမှု အနုပညာအစည်းအရုံး ဥက္ကဌအဖြစ် အဆို‌တော် ‌စော‌အေစီကို ‌ရွေးချယ်တင်‌မြောက်

ကရင်ယဉ်‌ကျေးမှု အနုပညာအစည်းအရုံး ဥက္ကဌအဖြစ် အဆို‌တော် ‌စော‌အေစီကို ‌ရွေးချယ်တင်‌မြောက်

1896

ဇူလိုင် ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်တွင် အ‌ခြေစိုက်သည့် ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး-KCO၏ ၄ ကြိမ်‌မြောက် ‌ရွေး‌ကောက်ပွဲကို ယ‌နေ့ (ဇူလိုင်လ ၁၄ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပိုးကရင်နာမည်ကြီး အဆို‌တော် တစ်ဦးဖြစ်သူ ‌စော‌အေစီအား ဥက္ကဌအဖြစ် ‌ရွေးချယ်တင်‌မြောက်လိုက်သည်ဟု သိရသည်။

‌ရွေး‌ကောက်ပွဲကို ဖားအံမြို့နယ် ၊ ခ‌လောက်နို့‌ကျေးရွာ အုန်းတပင် ‌ကျောင်းတိုက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်‌ရောက်လာသည့် ရိုးရာယဉ်‌ကျေးမှု၊ သဘင်၊ ဂီတ၊ ရုပ်ရှင်ဗွီဒီယို စသည့် ကရင်အနုပညာနယ်ပယ် အသီးသီးမှ KCO အဖွဲ့ဝင် နှစ်ရာနီးပါးမှ မဲစနစ်ဖြင့် ယခုလို‌ရွေးချယ်တင် ‌မြောက်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့‌ရွေး‌ကောက်တင်‌မြောက်ရာတွင် ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး-KCO၏ ဥက္ကဌအဖြစ် ‌စော ‌အေစီကို ‌ရွေးချယ်တင်‌မြောက်ခဲ့ကြပြီး၊ ဒုဥက္ကဌ ‌စောမြင့်သူ၊ အတွင်း‌ရေးမှူး ‌စောရှား‌ဖောင်၊ အတွင်း‌ရေးမှူး -၁ ‌စောထီ့လ‌မောင်နှင့် အတွင်း‌ရေးမှူး -၂ ‌စော‌လေး‌လေးတို့ကို အသီးသီး‌ရွေးချယ်တင်‌မြောက်ခဲ့ကြသည်။

လက်ရှိ KCO အစည်းအရုံးအ‌နေဖြင့် ကရင်နှင့်ပတ်သက်သည့် ရိုးရာယဉ်‌ကျေးမှု၊ ဇာတ်သဘင်၊ ‌တေးဂီတ၊ ရုပ်ရှင်နှင့်ဗွီဒီယို၊ ဘာသာ‌ပေါင်းစုံစသည့် ‌ကော်မတီများဖွဲ့စည်းထားရှိကာ လှုပ်ရှား‌ဆောင်ရွက်‌နေပြီး ယင်း‌ကော်မတီအလိုက် တာဝန်ခံများကို ထပ်မံ‌ရွေးချယ်သွားမည်ဟုလည်း သိရသည်။

ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး-KCO ၏ အလုပ်အမှု‌ဆောင်‌ရွေးချယ်မှုများကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဥက္ကဌအဖြစ် ဦး‌စောနန္ဒ‌ကျော်၊ အတွင်း‌ရေးမှူး ‌စောလိုက်သိမ့်တို့ဖြစ် သည်။
၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် KCO ‌ရွေး‌ကောက်ပွဲများတွင် ယခင်ဥက္ကဌ‌ဟောင်း ‌စော‌မောင်ညဏ်မှ ၂ နှစ်ဆက်တိုက် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး‌နောက် ယခု ၂၀၁၉ ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ဥက္ကဌသစ်အဖြစ် ‌စော‌အေစီအား ‌ရွေးချယ်တင်‌မြောက်ခဲ့ကြခြင်းလည်း ဖြစ်သည်။