Home သတင်း ကျပ် ၅၆၉ သိန်းတန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ မီးရှို့ဖျက်ဆီး

ကျပ် ၅၆၉ သိန်းတန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ မီးရှို့ဖျက်ဆီး

3877

ဇွန်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)သည် ယ‌နေ့ (ဇွန်လ၂၆ ရက်) ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ်အဖြစ် စုစု‌ပေါင်းကာလတန်ဖိုး ကျပ်သိန်း‌ပေါင်း ၅၆၉ သိန်းရှိ မူးယစ်‌ဆေးဝါးများအား ၎င်းတို့ဗဟိုဌာနချုပ်ရှိရာ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး (‌နော်တယာ)တွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ ထိန်းချုပ်နယ်‌မြေအတွင်းမှ တစ်နှစ်တာ သိမ်းဆည်းရမိသည့် WY ‌ခေါ် စိတ်ကြွမူးယစ်‌ဆေးဝါး (၂၂၀,၇၅၂)ပြား နှင့် မူးယစ်‌ဆေးဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ‌ကောင်စီ၏ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ‌ပြောသည်။

၎င်းက “ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ စတင်‌ပေါ်‌ပေါက်လာတဲ့ ၂၀၀၇ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ မူထဲမှာ မူးယစ်‌ဆေး လုပ်ငန်း‌တွေကို ပြတ်ပြတ်သားသားဆန့်ကျင်မယ်ဆိုတာ အတိအလင်းပါပါတယ်။ ဒီမူးယစ်‌ဆေးတိုက်ဖျက်‌ရေး‌နေ့ကို ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်”ဟု သတင်း‌ထောက်များကို ‌ပြောသည်။

ယ‌နေ့ ပြုလုပ်‌သောအခမ်းအနားသို့ KNU/KNLA(PC) မှတာဝန်ရှိသူ တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ခြား‌စောင့် တပ်(BGF) နှင့် အစိုးရတပ်မ‌တော်မှ တာဝန်ရှိသူများ၊ ‌ဒေသခံ ရပ်မိရပ်ဖ၊ ‌ကျောင်းသား‌ကျောင်းသူများ စုစု‌ပေါင်း ၁၅ဝ ဦး‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်လာသည့် ကရင်ပြည် နယ်ခြား‌စောင့်တပ်(BGF)၊ တပ်နယ်(၂)မှ ဗိုလ်မှူး‌စော‌ရွှေလှူက “အမှန်က ကျ‌နော်တို့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းကိုယ်တိုင်က မူးယစ်‌ဆေးကို ဦး‌ဆောင်တိုက်ဖျက်ရမှာ။ ခု ကရင့်လက်နက်ကိုင် တချို့ ကိုယ်တိုင်ကိုက ဒီမူးယစ်‌ဆေးဝါးကို လုပ်‌နေကြတယ်။ ကိုယ့်အမျိုးကို ကိုယ်တကယ်ချစ်တယ်ဆိုရင် လူမျိုးအညွန့်တုံး ‌စေမယ့် မူးယစ်‌ဆေးဝါးကို မ‌ရောင်းကြနဲ့။ မသုံးစွဲကြပါနဲ့လို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ၂၀၁၇ ခုနှစ်ကတည်းက တရားမဝင် ‌လောင်းကစားခြင်းများနှင့် မူးယစ်‌ဆေးဝါး များကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ၎င်းတို့မူဝါဒတွင် ထည့်သွင်းထားပြီး အ‌ကောင်အထည် ‌ဖော် လုပ်‌ဆောင်‌နေ ‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောဆိုသည်။

၎င်းအပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)တွင် ပါရှိသည့် ကြားကာလတွင် ‌ဆောင်ရွက် ရမည့်အချက်များဖြစ်သည့် အရပ်သားများအား ‌စောင့်‌ရှောက်ခြင်း၊ ‌ဒေသဖွံ့ဖြိုးခြင်းများအပြင် အချက်နံပါတ် ၆ တွင် မူးယစ် ‌ဆေးဝါးတားဆီး‌ရေးကိစ္စများကို သက်ဆိုင်ရာ နိုင်ငံ‌တော်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းပြီး မူးယစ်‌ဆေးနှိမ်နင်းခြင်း လုပ်ငန်းများကို ‌ဆောင်ရွက်ရန် အချက်များလည်း ပါဝင်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် မူးယစ်‌ဆေးဝါး တားဆီး‌ရေးလုပ်ငန်းများကို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ၂၀၁၆ ခုနှစ် တွင် စစ်ဘက်ဆိုင်ရာ ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ပြီး စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ အပြင် မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးလုပ်ငန်းကိုပါ ထည့်သွင်း ‌ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။
(KNU/KNLA-PC) ဌာနချုပ်တွင် ၂၀၁၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေး‌နေ့တွင် ၎င်းတို့ဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းမှာ တတိယအကြိမ်‌မြောက်ရှိခဲ့ပြီဟု သိရသည်။