Home သတင်း ကရင်ပြည်နယ်တွင်း H1N1 သံသယရှိ လူနာ မရှိ‌သေး

ကရင်ပြည်နယ်တွင်း H1N1 သံသယရှိ လူနာ မရှိ‌သေး

3928

ဇွန်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်တွင် ယခုနှစ် ဇွန်လ ၂ဝ ရက်‌နေ့အထိ ပြင်းထန် အဆုတ်‌ရောင်‌ရောဂါ H1N1 သံသယရှိ လူနာမ ရှိ‌သေး‌ကြောင်း ဖားအံပြည်သူ‌ဆေးရုံကြီးမှ က‌လေးအထူးကု ဆရာဝန်ကြီး ‌ဒေါက်တာ‌ဒေါ်‌ဌေး‌ဌေးဝင်းက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။

“၂၀၁၇ ခုနှစ်တုန်းက‌တော့ ‌တော်‌တော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာ‌တွေရှိခဲ့တယ်။ ဒီနှစ်‌တော့ ဖားအံ‌ဆေးရုံမှာ အလွန်ပြင်းထန်တဲ့ H1N1 လို့ ထင်ရ‌လောက်တဲ့လူနာမ‌တွေ့ရ‌သေးပါဘူး” ဟု ‌ဒေါက်တာ ‌ဒေါ်‌ဌေး‌ဌေးဝင်းက ယမန်‌နေ့ ( ဇွန် ၂ဝ ရက်) တွင် ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ကရင်ပြည်နယ်အတွင်း ပြင်းထန်အဆုတ်‌ရောင် ‌ရောဂါ H1N1 ဖြစ်ပွားမှုရှိခဲ့ပြီး ‌ရောဂါ သံသယရှိသူ ၁၂ ဦးနှင့် H1N1 ‌ရောဂါ အတည်ပြုလူနာ ၂ ဦးရှိခဲ့ရာ ထိုအထဲမှ လူနာမိန်းက‌လေးတစ်ဦး ‌သေဆုံး ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်များရှိခဲ့ခြင်း‌ကြောင့် ယခု ဖားအံပြည်သူ့ ‌ဆေးရုံကြီးတွင် ‌ရောဂါနှင့်ပတ်သက်သည့် အသိ‌ပေးနှိုး ‌ဆော်မှုများအပြင် ကုသနိုင်သည့် ‌ဆေးဝါးများကိုလည်း လုံ‌လောက်သည့် အ‌နေအထားအထိ ပြင်ဆင်ထား ‌ကြောင်း ‌ဒေါက်တာ ‌ဒေါ်‌ဌေး‌ဌေးဝင်းက ‌ပြောသည်။

H1N1 မှာ အသက်ရှူလမ်း‌ကြောင်းမှတစ်ဆင့် ကူးစက်တတ်‌သော‌ရောဂါဖြစ်ပြီး ကိုယ်အပူချိန် ၃၈ ံC အ ထက်ရှိခြင်း၊ နှာရည်ယို၊ နှာ‌ချေခြင်း၊ ‌ချောင်း‌ခြောက်ဆိုးခြင်း၊ လည်‌ချောင်းနာခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း၊ နုံး‌ခွေခြင်းစသည့် လက္ခဏာများဖြစ်‌ပေါ်သည်ဟု သိရသည်။

အဆိုပါ လက္ခဏာများဖြစ်‌ပေါ်ပါက နီးစပ်ရာကျန်းမာ‌ရေးဌာန၊ ‌ဆေးရုံ၊ ‌ဆေးခန်းများတွင် သတင်းပို့ပြီး တက် ‌ရောက် ‌ဆေးကုသမှုခံယူရန် လိုအပ်‌ကြောင်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်း နှိုး‌ဆော် ထားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ပြင်းထန်အဆုတ်‌ရောင်‌ရောဂါ A H1N1 သံသ ယရှိလူနာများအပြင် ယင်း‌ရောဂါဖြင့် လူ‌သေဆုံးသည်အထိ ဖြစ်ပွားမှုများရှိခဲ့သည်။