Home သတင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်များအတွက် ‌ကောင်းမွန်သည့် အစီအမံများ ‌ဖော်‌ဆောင်‌ပေးရန် KHRG တိုက်တွန်း

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်များအတွက် ‌ကောင်းမွန်သည့် အစီအမံများ ‌ဖော်‌ဆောင်‌ပေးရန် KHRG တိုက်တွန်း

2412

‌မေလ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင် စခန်း ၂ ခုတွင် နှစ်နှစ်‌ကျော်ကြာ ‌နေရပ်မပြန်နိုင်‌သေးဘဲ ခိုလှုံ‌နေရဆဲဖြစ်သည့် စစ် ‌ဘေး‌ရှောင် ၅,၀၀ဝ ‌ကျော်အတွက် ‌ကောင်းမွန်သည့် အစီအမံများ‌ဖော်‌ဆောင်‌ပေးရန် အစိုးရနှင့် သက်ဆိုင် ရာတာဝန်ရှိသူများအား ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ -KHRG က ယမန်‌နေ့ ( ‌မေလ ၂၂ရက်) အစီရင်ခံစာ တစ်‌စောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။

၎င်းထုတ်ပြန်လိုက်သည့် စာမျက်နှာ ၆၀‌ကျော်ပါ အစီရင်ခံစာမှာ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်များနှင့် စစ်‌ဘေး ‌ရှောင်စခန်း အ‌ခြေအ‌နေမှန်များကို ထင်ဟပ်‌စေသည့် အ‌ကြောင်းအရာများကို ကွင်းဆင်း ‌မေးမြန်းပြီး ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ -KHRGမှ သီးသန့် ပြုစုထုတ်‌ဝေလိုက်သည့် အစီရင်ခံစာလည်း ဖြစ်သည်။

KHRG မှ Program Director ‌နော်ထူးထူးက “သူတို့‌နေရပ်ပြန်ဖို့က သူတို့ရပ်ရွာမှာ လက်နက်ကိုင်အဖွဲ့ ‌တွေရှိ ‌နေ‌သေးတယ်။ ‌နောက်တစ်ခု‌နေရပ်ပြန်ဖို့ အဓိကအခက်ခဲဖြစ်တဲ့ ‌မြေမြှုပ်မိုင်းကိစ္စကို အစိုးရနဲ့ သက်ဆိုင်ရာတာ ဝန်ရှိသူ‌တွေ ‌ဆွေး‌နွေးညှိနှိုင်း‌စေချင်တယ်။ တကယ်လို့ မပြန်ရ‌သေးဘူးဆိုရင်လည်း သူတို့အတွက် ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး၊ အသက်‌မွေးဝမ်း‌ကျောင်းပိုင်း‌တွေမှာ အပြည့်အဝ ကူညီ‌ထောက်ပံ့မှု‌တွေ၊ စီစဉ်‌ဆောင်ရွက် ‌ပေးနိုင်ဖို့ ဒီလိုတိုက်တွန်းရတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းမှ စစ်‌ဘေး‌ရှောင်များ ကြုံ‌တွေ့‌နေရတဲ့အခက်အခဲများကို လူအများ ပိုမိုသိရှိနားလည်နိုင်‌စေရန် ရည်ရွယ်သည့်အပြင် မြိုင်ကြီးငူစခန်းကို အ‌ခြေအ‌နေ တစ်ခုအ‌နေဖြင့် မီး‌မောင်းထိုးပြချင်သည့်အတွက် KHRG မှ ယခုလိုအစီရင်ခံစာကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း ‌နော်ထူး ထူးက ‌ပြောသည်။

လက်ရှိ မြိုင်ကြီးငူ‌ဒေသစစ်‌ဘေး‌ရှောင် စခန်း ၂ ခုတွင် စစ်‌ဘေး‌ရှောင် ၅,၆၁ဝ ဦးခိုလှုံ‌နေရဆဲဖြစ်ပြီး ၎င်းတို့အ တွက် စားနပ်ရိက္ခာအခက်အခဲများ၊ အဟာရ၊ ‌ဆေးဝါးနှင့် အခြား‌ဆေးဝါး အကူအညီများ၊ ကျန်းမာ‌ရေး‌စောင့် ‌ရှောက်မှုများ၊ အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းများအပြင် လုံခြုံစိတ်ချရပြီး သိက္ခာရှိသည့် လူ‌နေမှုအဆင့်အ တန်းတစ်ရပ်ကို အစိုးရတာဝန်ရှိသူများအ‌နေဖြင့် ဖန်တီး‌ပေးရန် KHRGက အကြုံပြုတိုက်တွန်းထားသည်။

စစ်‌ဘေး‌ရှောင်များအတွက် စားနပ်ရိက္ခာဖြန့်‌ဝေခြင်းအစီအစဉ်များနှင့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာလုပ်ငန်း များအတွက် ‌ထောက်ပံ့နိုင်ရန် ကြိုးပမ်း‌ဆောင်ရွက်မှုများရှိ‌နေ‌သော်လည်း ၎င်းတို့‌နေရပ်‌ဒေသသို့ ပြန်လည် အ ‌ခြေချ‌နေထိုင်နိုင်‌ရေးအတွက်တွင်မူ အဓိကအားဖြင့် နယ်‌မြေ‌ဒေသ မတည်ငြိမ်‌သေးသည့် အခက်အခဲစိုး ရိမ်မှု များ‌ကြောင့်ဖြစ်‌ကြောင်းလည်း သက်ဆိုင်ရာပြည်နယ် အစိုးရတာဝန်ရှိသူများက ‌ပြောဆိုထားသည်။

ယခုထုတ်ပြန်လိုက်သည့် “အိမ်ပြန်ချိန်ကို တမ်းတရင်း ငြိမ်းချမ်း‌ရေးကို ‌မျှော်လင့်ခြင်း” ‌ခေါင်းစဉ်‌ပေးထားသည့် အစီရင်ခံစာကို ယမန်‌နေ့ (‌မေလ ၂၂ ရက်)က ရန်ကုန်မြို့ရှိ ဒိုင်းမွန်းကွန်ဒိုတွင် မိတ်ဆက်ခြင်း အခမ်းအနား ပြု လုပ်ခဲ့ပြီး နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီ‌ပေး‌ရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစု‌ပေါင်း ၅ဝ ဦးခန့် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့သည့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ -KHRGသည် မြန်မာပြည် အ‌ရှေ့‌တောင် ပိုင်း‌ဒေသအတွင်းရှိ လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေများကို မျက်‌ခြေမပြတ်‌လေ့လာ‌စောင့်ကြည့်ပြီး အစီရင်ခံစာ ထုတ်ပြန်‌ပေးသည့် အဖွဲ့အစည်းလည်းဖြစ်သည်။