Home သတင်း ငါးရစ်(ငါးသား‌ပေါက်)ရာသီတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်အမိန့်ထုတ်

ငါးရစ်(ငါးသား‌ပေါက်)ရာသီတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်အမိန့်ထုတ်

2833

‌မေလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KNU-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ တစ်ခုဖြစ်သည့် ဖားအံခရိုင်အတွင်း ‌မေလ ၁၅ မှစ၍ ဇူလိုင် လကုန် အထိ ၂ လခွဲတာကာလအတွင်း မြစ်‌ချောင်း၊ အင်းအိုင်များတွင် ငါးဖမ်းဆီးခြင်း မပြုလုပ်ရန်နှင့် တားမြစ် ချက် ‌ဖောက်ဖျက်ပါက ထိ‌ရောက်စွာ အ‌ရေးယူမည်ဖြစ်‌ကြောင်း KNUက ထုတ်ပြန်လိုက်သည်။

အဆိုပါ ၂ လခွဲကာလတွင် ငါးဥ၊ ငါးရစ်(ငါးသား‌ပေါက်ရာသီ) ကာလဖြစ်‌သော‌ကြောင့် ငါးမျိုးစိတ်များ မ‌ပျောက် ပျက်ရန်၊ ငါးများရှင်သန်‌ပေါက်ဖွားနိုင်ရန်အပြင် ‌ကျေးလက်‌နေပြည်သူလူထုများ၏ စားနပ်ရိက္ခာ ဖူလုံ‌စေ‌ရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုထုတ်ပြန်ထားခြင်းဖြစ်‌ကြောင်း KNU ဖားအံခရိုင်‌မွေးမြူ‌ရေးနှင့် ‌ရေလုပ် ငန်းဦးစီးဌာန ဌာနမှူး ပဒို‌စောအယ်ထီး‌ကော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “လွန်ခဲ့တဲ့နှစ်‌တွေမှာ အဓိက ပညာ‌ပေးလုပ်‌ပေးတယ်။ တားမြစ်ထားချိန်ငါဖမ်းတဲ့လူကို ဖမ်းမိရင်လည်း သူတို့ကိုအဲဒါနဲ့ပတ်သက်ပြီး အသိပညာ‌ပေးလုပ်တယ်။ အခုက လူဦး‌ရေက ပိုပြီးတိုးပွားလာပြီး စားနပ်ရိက္ခာ ‌တွေက တဖြည်းဖြည်းနည်း လာတယ် ။ မညီမျှ‌တော့ဘူး ။ အဲဒါကို သူတို့သိ‌အောင် ပညာ‌ပေးပြုလုပ်တယ်။ အခု‌တော့ ဒီရာသီမှာ ငါဖမ်းလို့မရဘူးဆိုတာ့ တချို့ကသိလာပြီး တချို့က စည်းကမ်မလိုက်နာတာရှိ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တားမြစ်သည့်ကာလတွင် စည်းကမ်းမလိုက်နာဘဲ နည်းလမ်းအမျိုးမျိုးဖြင့် ငါးဖမ်းဆီးမှုများ‌တွေ့ရှိပါက KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာနမှ ချမှတ်ပြဌာန်းထား‌သော စည်းမျဉ်း ဥပ‌ဒေများအတိုင်း ထိ‌ရောက်စွာ အ ‌ရေးယူမည်ဖြစ်‌ကြောင်း ၎င်းကဆက်‌ပြောသည်။

KNUမှ ‌မေလ ၁၅ ရက်‌နေ့မှစတင်ကာ ဇူလိုင်လ ၃ဝ ရက်‌နေ့ အထိ ငါးဖမ်းခြင်းမပြုရန် သတ်မှတ်ထားပြီး သတ် မှတ်ထားသည့် ၂ လ‌ကျော်ကာလပြည့်ပါက ငါးဖမ်းခွင့် ပြန်လည် ခွင့်ပြုမည်ဖြစ်‌သော်လည်း အဆိပ်ခတ်ပြီး ဖမ်း ဆီးခြင်း၊ ဗုံးခွဲဖမ်းဆီးခြင်း၊ လျှပ်စစ်ဓာတ်အား သို့မဟုတ် ဝါယာ‌ရှော့ခ်တိုက်၍ငါးဖမ်းဆီးခြင်းများကို ပြင်းထန်စွာ ဆက်လက်ပိတ်ပင်မည်ဖြစ်ကာ စည်းကမ်း‌ဖောက်ဖျက်ပါက ဒဏ်‌ငွေ (ကျပ် ၅‌သောင်း)အပြင် ‌ထောင်ဒဏ် ၃လ ချမည်ဖြစ်ဟု လည်း ထုတ်ပြန်ထားသည်။

KNU ‌မွေးမြူ‌ရေးနှင့်‌ရေးလုပ်ငန်းဌာနမှ ယခုကဲ့သို့ ငါးဥ၊ ငါးရစ်(ငါးသား‌ပေါက်)ရာ သီတွင် ငါးဖမ်းဆီးခြင်း တား မြစ်ပိတ်ပင်ရန် စီစဉ်မှုများရှိခဲ့‌သော်လည်း နိုင်ငံ‌ရေးအ‌ခြေအ‌နေ အ‌ကြောင်းများ‌ကြောင့် အပစ်ခတ်ရပ်စဲပြီး ၂၀၁၂ ‌နောက်ပိုင်းမှ စာနှင့်တကွ စနစ်တကျတားမြစ် ထုတ်ပြန်မှုများ ပြုလုပ်လာနိုင်ခြင်းဖြစ်သည်။