Home သတင်း အရပ်သား ၈ဦးပစ်သတ်မှု ကျူးလွန်ခဲ့သူ တပ်မ‌တော်သားနှစ်ဦးကို ဖမ်းဆီးအ‌ရေးယူထား

အရပ်သား ၈ဦးပစ်သတ်မှု ကျူးလွန်ခဲ့သူ တပ်မ‌တော်သားနှစ်ဦးကို ဖမ်းဆီးအ‌ရေးယူထား

4348
Photo_KNLA တပ်ရင်း ၁၆

ဧပြီလ ၆ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာတွင် ယမန်‌နေ့ (ဧပြီ ၅ရက်) နံနက် ၃နာရီခွဲ အချိန်ခန့်က က‌လေးငယ်သုံးဦး အပါအဝင် အရပ်သား ၈ဦးကို ပစ်သတ်ခဲ့‌သော တပ်မ‌တော်သားနှစ်ဦးအား ဖမ်းဆီးအ‌ရေးယူထား ပြီဖြစ်‌ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ယ‌နေ့ အတည်ပြု‌ပြောဆိုသည်။

လူသတ်မှုတွင် ပါဝင်‌သော အနန်းကွင်းဗျူဟာ၌ တာဝန်ကျသည့် ခမရ-၃၃၉မှ တပ်သား ‌မောင်မြင့်‌ဝေအား ကရင်အမျိုး သားအစည်းအရုံး၊ လက်‌အောက်ခံ KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့က ဧပြီ ၅ရက် နံနက် ၆နာရီခန့်တွင် လွတ်ရှမ်းလုံ ခြုံ‌ရေးဂိတ်၌ ဆိုင်ကယ်တစ်စီးဖြင့် ဖမ်းမိပြီး ည‌နေ ၆နာရီအချိန်တွင် တပ်မ‌တော်ထံ လွှဲ‌ပြောင်း‌ပေးခဲ့သည်ဟု သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၏ ‌ပြောခွင့်ရသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး‌မောင်‌မောင် လတ်ထံ ‌ကေအိုင်စီက ယ‌နေ့(ဧပြီ ၆ရက်)တွင် ဆက်သွယ်‌မေးမြန်းရာ “ဘယ်လိုအ‌ရေးယူ ‌ဆောင်ရွက်သွားမလဲဆို ‌တော့ လုပ်ထုံးလုပ်နည်းပဲ‌ပေါ့။ ဒါကို ပြန်လည် စိစစ်‌နေဆဲပဲ ဖြစ်ပါတယ်။”ဟု ‌ဖြေကြား‌ပြောဆိုခဲ့သည်။

ကျူးလွန်သူနှစ်ဦးအနက် ထွက်‌ပြေးလွတ်‌မြောက်သွားသည့် ခမရ-၂၇၅ မှ တပ်သား ‌မောင်ငြိမ်းချမ်း တည်ရှိသည့်‌နေရာ ကို လွတ်ရှမ်းလုံခြုံ‌ရေးဂိတ်မှ KNPF တာဝန်ရှိသူများက သိရှိပြီး အနန်းကွင်းဗျူဟာသို့ သတင်း‌ပေးပို့မှု‌ကြောင့် ဧပြီလ ၆ ရက်၊ ယ‌နေ့နံနက် ၁၁နာရီခွဲခန့်တွင် တပ်မ‌တော်က သွား‌ရောက်ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။

‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ̏ ဒီကိစ္စ‌ပေါ်မှာ အပြန်အလှန် နားလည်မှု၊ ပူး‌ပေါင်း‌ဆောင်ရွက် မှု၊ ‌လေးစားမှု‌တွေနဲ့ ‌ဆောင်ရွက်ရင် ပိုပြီး ယုံကြည်မှု ခိုင်မာလာမယ်။ NCA အရ အရပ်သား ထိခိုက်တယ်ဆိုရင် JMC (ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ)လိုင်းနဲ့ ‌ဆောင်ရွက်လို့ရတယ်။ သို့‌သော် တစ်‌ယောက်နဲ့ တစ် ‌ယောက် အားနည်းချက်ရှာပြီး ကန့်ကွက်တာမျိုးဆိုရင် ယုံကြည်မှုကို ‌လျော့ပါး‌စေတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါတပ်မ‌တော်သားနှစ်ဦးသည် ဧပြီလ ၅ရက်‌နေ့ မနက်ပိုင်းက အနန်းကွင်း‌ကျေးရွာရှိ ကမ္ဘာရှား ဆိုင်ကယ်ပြင်ဆိုင် ၏ အိမ်ရှင်များထံ ဆိုင်ကယ်‌တောင်းစီးရာမှ မ‌ပေးသဖြင့် အချင်းဖြစ်ပွားခဲ့ပြီး အိမ်‌ထောင်စုနှစ်စုမှ အမျိုးသား ၄ဦး၊ အမျိုးသမီး ၄ဦး စုုစု‌ပေါင်း မိသားစုဝင် ၈ဦးကို ပစ်သတ်ခဲ့ရာ ၇ဦး‌သေဆုံးပြီး အသက် ၃၆နှစ်အရွယ် မမိပို (ခ) သင်ဇာ လွင်မှာ ရရှိထားသည့်ဒဏ်ရာဖြင့် ‌ဆေးကုသမှု ခံယူ‌နေရ‌ကြောင်း ဖမ်းဆီးခဲ့သည့် နှစ်ဖက်အဖွဲ့အစည်းများက အတည် ပြု‌ပြောဆိုခဲ့သည်။

ပစ်သတ်ခံရခြင်း‌ကြောင့် ‌သေဆုံးသွားသူများမှာ မယွန်းသန္တာ‌မောင် (၁နှစ်ခွဲ)၊ မဖြူဇင်‌မောင် (၃နှစ်)၊ ‌မောင်‌ကောင်း ခန့်ကို (၉နှစ်)၊ ‌မောင်မျိုး‌နောင်(၃၇နှစ်)၊ ‌ဒေါ်နွယ်နီမြင့် (၃၉နှစ်)၊ ‌မောင်ပုကယ်(၄ဝနှစ်)နှင့် ဦးအ‌နောင် (၄၃နှစ်) ကျား ၄ဦး၊ မ ၃ဦး စုစု‌ပေါင်း ၇ဦးဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်ရုံး၏ မှတ်တမ်းထဲတွင် ‌ဖော်ပြထားသည်။

‌သေဆုံးသူ ဦးအ‌နောင်၏ ဖခင်ဖြစ်သူ ဦးရင်နွတ်က ̏ ပစ်သွားတဲ့ တပ်မ‌တော်သား‌တွေနဲ့ ရန်ငြိုးရန်စလည်း မရှိပါဘူး။ အဆက်အသွယ်၊ အဆက်အစပ်လည်း မရှိဘူး။ သုံးသပ်ရမယ်ဆိုရင်‌တော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်သွားတယ်။ ဘာရည် ရွယ်ချက်လဲ‌တော့ ကျ‌နော်တို့ မသိဘူး။ နာ‌ရေးကိစ္စကိုလည်း ဘယ်သူမှ ကူညီတာမရှိ‌သေးပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧပြီလ ၅ ရက်‌နေ့တွင် ဘုရားသုံးဆူနယ်‌မြေရဲစခန်းတွင်(ပ)၁၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂ /၃၉၄ တို့ဖြင့် အမှုဖွင့်ထား‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းအရ သိရသည်။