Home ဆောင်းပါး အမည်ခံ တန်းတူ‌ရေးမျိုး‌တော့ လုံးဝ မဖြစ်သင့်ပါ

အမည်ခံ တန်းတူ‌ရေးမျိုး‌တော့ လုံးဝ မဖြစ်သင့်ပါ

3244

‌မောင်‌ကျော်စွာ
(၂၀၁၉ခုနှစ်၊ မတ်လ ၁ဝရက်)

ယ‌နေ့အထိ တည်ဆဲဥပ‌ဒေတစ်ခုဖြစ်‌သော မြန်မာနိုင်ငံ “ရာဇသတ်ကြီး” (The PENAL CODE) အခန်း (၂) “အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ”၌ “လိင်၊ ‌ယောက်ျား၊ မိန်းမ” တို့နှင့်ပတ်သက်၍ ယခုလို ဖွင့်ဆိုထားပါတယ်။
– “လိင်”= ဝိဘတ်နှင့်တွဲသည်ဖြစ်‌စေ၊ မတွဲသည်ဖြစ်‌စေ “သူ” ဆိုသည့် နာမ်စားကို ‌ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးအတွက် သုံးစွဲ သည်။
– “‌ယောက်ျား၊ မိန်းမ ”= ‌ယောက်ျားဆိုသည်မှာ၊ အသက်အရွယ်ကြီးသည်ဖြစ်‌စေ၊ ငယ်သည်ဖြစ်‌စေ၊ လူ‌ယောက်ျားကို ဆိုလိုသည်။ မိန်းမ ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်‌စေ၊ ငယ်သည်ဖြစ်‌စေ လူမိန်းမကို ဆိုလိုသည်။ — တဲ့။

‌ဖော်ပြပါ ဖွင့်ဆိုချက်များအတိုင်း‌ပြောရရင် အဂင်္လိပ် ကိုလိုနီနယ်ချဲ့သမားရဲ့ နှိပ်ကွပ်‌ရေးအမြင်၌မူ “လိင်၊ ‌ယောက်ျား၊ မိန်းမ”တို့ ကို မခွဲခြားဘဲ တစ်တန်းထဲထားတဲ့အချက်ကို ပကတိအတိုင်းမြင်ရတယ် မဟုတ်ပါလား။ ဤသည်မှာ အဂင်္လိပ်ကိုလိုနီ နယ်ချဲ့ သမားက သူကျွန်ပြုထားရာ ကိုလိုနီနယ်ပယ်ရှိ အကျိုးစီးပွားအရပ်ရပ်ကို ထိပါးလာရင် မည်သူ့ကိုမျှ ချမ်းသာ‌ပေးမှာ မဟုတ်ဘူး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပြဋ္ဌာန်းထားချက်ဖြစ်ပါတယ်။

ထို “ရာဇသတ်ကြီး” (The PENAL CODE) ဟာ ၁၈၆၁ခုနှစ်၊ ‌မေလ ၁ရက်မှာ စတင်အာဏာတည်ခဲ့ပြီး ယ‌နေ့အချိန်ထိ အိန္ဒိယ နိုင်ငံမှာ‌ရော မြန်မာနိုင်ငံမှာပါ တည်ဆဲဥပ‌ဒေတစ်ရပ်အဖြစ် (အချို့အပိုင်းများကို ပြင်ဆင် – အစားထိုး – ပယ်ဖျက်ခဲ့သည်များ ရှိခဲ့‌သော်လည်း) ဆက်လက် ကျင့်သုံး‌နေဆဲဖြစ်ပါတယ်။ လာမယ့် ‌မေလမှာ ထို “ရာဇသတ်ကြီး” ၁၅၈နှစ်ပင် ပြည့်ပါ‌တော့မယ်။

ကိုလိုနီနယ်ချဲ့သမားက သူကျွန်ပြုထားရာ ကိုလိုနီနယ်ပယ်ရှိ အကျိုးစီးပွားအရပ်ရပ်ကို ထိန်းသိမ်းကာကွယ်‌ရေးနဲ့ ထိပါးလာတာ မှန်သမျှကို နှိပ်ကွပ်‌ရေးဆိုတဲ့ ဦးတည်ချက်နဲ့ ပြဋ္ဌာန်းခဲ့‌သော ထို“ရာဇသတ်ကြီး”ကို မြန်မာအုပ်စိုးသူ အစိုးရအဆက်ဆက်က လည်း မြိန်မြိန်ယှက်ယှက် ဆက်ခံကျင့်သုံး‌နေဆဲဖြစ်ပါတယ်။ “ကိုလိုနီအ‌မွေဆိုး၊ နယ်ချဲ့လက်သစ်၊ ပြည်ပအားကိုး ပုဆိန်ရိုး” စသဖြင့် အာ‌ပေါင် အာရင်းသန်သန်ဖြင့် သူတို့‌ပြော‌နေတာ‌တွေ ဆက်စပ်ကြည့်လိုက် သူတို့အ‌ပြောနဲ့ သူတို့လက်‌တွေ့လုပ်ရပ်‌တွေ ဟာ ‌ရှေ့‌နောက်မညီ ရယ်စရာပင် ‌ကောင်း‌နေပါ‌တော့တယ်။

နှိပ်ကွပ်‌ရေးအမြင်၌ “လိင်၊ ကျား၊ မ” မခွဲခြား‌သော်လည်း အခြား‌သောကဏ္ဍများ၌မူ ခွဲခြားကျင့်သုံးမှု‌တွေ ဒုနဲ့‌ဒေး ရှိ‌နေဆဲဖြစ်ပါ တယ်။ အထူးသဖြင့် ဘာသာ‌ရေး အပါအဝင် ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးစံဆိုးများ၊ အစွဲအလန်း‌ဟောင်းများက အမျိုးသမီးများကို ခွဲခြားဖိနှိပ်ထားဆဲဖြစ်ပါတယ်။ ထိုအစဉ်အလာဓ‌လေ့ဆိုးများကို အမျိုးသမီးအများစုကိုယ်၌က မပယ်ရှားအပ်‌သော မိရိုးဖလာသ ဖွယ် လက်ခံ‌နေကြဆဲဖြစ်တာကိုလည်း ‌တွေ့ရပါတယ်။ အထင်အရှားဆုံးအစွဲမှာ “‌ယောက်ျားက မိန်းမထက် မြင့်မြတ်တယ်” ဆို‌သော အစဉ်အလာ အစွဲအလန်းဆိုးပင်။ ထိုအစွဲအလန်းဆိုးဟာ ဘာသာ‌ရေးနဲ့ ယဉ်‌ကျေးမှုဓ‌လေ့ထုံးစံဆိုတဲ့ ကြိုးနှစ်‌ချောင်းနဲ့ အမျိုးသမီးအများစုရဲ့ ‌တွေး‌ခေါ်စဉ်းစားမှုကို ရစ်ပတ် တုတ်‌နှောင်ထားပါတယ်။

ဟိုးတ‌လောက နိုင်ငံတကာ မီဒီယာသတင်း‌တွေထဲမှာ အမျိုးသမီး မဝင်ရ တားမြစ်ထားတဲ့ အိန္ဒိယက ဘာသာ‌ရေးဝတ်‌ကျောင်း တစ်ခုထဲ အမျိုးသမီး‌တွေ ဝင်‌ရောက်သွားတဲ့ သတင်း၊ နီ‌ပေါမှာ ဓမ္မတာလာ‌နေစဉ် အမျိုးသမီး‌တွေ အိမ်ပြင်မှာ ထွက်‌နေရတဲ့ အစဉ်အလာ ဓ‌လေ့ဆိုးအရ အိမ်ပြင်ထွက်‌နေရင်း မီးခိုးမွှန်ကာ ‌သေဆုံးသွားရတဲ့ သတင်း‌တွေ ကြားလိုက်ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီး‌တွေ မဝင်ရ – မသွားအပ်လို့ ပိတ်ပင်တားမြစ်ထားတဲ့ ‌နေရာ‌တွေရှိ‌နေတာကို အားလုံးအသိပင် မဟုတ်ပါလား။ ယင်းသို့‌သော တားမြစ်ချက်‌တွေနဲ့ ပတ်သက်လာရင် လိင်နဲ့ကျားမတန်းတူ‌ရေး အလွန်ထက်သန်စွာ‌ပြော‌သော အမျိုးသမီးတချို့ပင် အလိုလို ကိုယ်ရှိန်သပ်သွားကြတာကိုလည်း ‌တွေ့ရပါလိမ့်မယ်။

ဤအချက်ကို‌ဖော်ပြချင်တာရဲ့ ရည်ရွယ်ချက်က အစဉ်အလာ အစွဲအလန်း‌ဟောင်းရဲ့ အရိပ်မဲထုထည်ဟာ ကြီးမား‌နေဆဲဖြစ် တယ် ဆိုတဲ့အချက်ပါပဲ။

တကယ့်လက်‌တွေ့ ဘဝနယ်ပယ်ဖြစ်တဲ့ စီးပွား‌ရေး၊ ပညာ‌ရေးနဲ့ အနုပညာနယ်ပယ်‌တွေမှာ‌တော့ အမျိုးသမီး‌တွေရဲ့ အ‌နေအထား ဟာ ကျန်နယ်ပယ်‌တွေထက် အ‌ရေအတွက်အရ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ‌နေရာယူလာ‌နေတာကို ‌တွေ့ရပါတယ်။ အထူးသဖြင့် အထည်ချုပ် အလုပ်သမား‌တွေ၊ ‌ကျောင်းဆရာမ‌တွေဟာ ထင်ရှားတဲ့ ကိန်းဂဏန်းနဲ့ တိုးများလာ‌နေပါတယ်။

ဒါ‌ပေမယ့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၂၄၈ – “မည်သည့်နို်င်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်‌ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အ‌ကြောင်းပြု၍ ခွဲခြားမှုမရှိ‌စေရ”

ပုဒ်မ ၃၅၂မှာ “မည်သည့်နို်င်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးတို့ကို အ‌ကြောင်း ပြုလျက် ရာထူး‌ရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှု မပြုရ”လို့ ဆိုထား‌သော်လည်း ဒီချုပ်ပါတီ အပါအဝင် အခြားနိုင်ငံ‌ရေးပါတီ ‌တွေဟာ အစ္စလာမ်ဘာသာဝင် နိုင်ငံသားအမျိုးသား၊ အမျိုးသမီးများကို မိမိတို့နိုင်ငံ‌ရေးပါတီများမှာ ပါတီဝင်အဖြစ်‌သော်လည်း ‌ကောင်း၊ လွှတ်‌တော်ကိုယ်စားလှယ်အဖြစ်‌သော်လည်း‌ကောင်း ပါဝင်အ‌ရွေးခံ‌စေခြင်းရှိပါသလား။ ဒါဟာ ဘယ်လိုပဲ အ‌ကြောင်း ပြ‌နေပါ‌စေ ရှက်လိလိ ခွဲခြားထားတဲ့ ကိစ္စကြီးပါ။

“အစ္စလာမ်ဘာသာသာသနာ”ဟာ ပုဒ်မ ၃၆၂အရ “နိုင်ငံ‌တော်တွင်ရှိ‌နေ‌သော ကိုးကွယ်ရာ ဘာသာများအဖြစ် တရားဝင် အသိ အမှတ်ပြု”ထားတဲ့ ဘာသာသာသနာတစ်ခုပဲ မဟုတ်ပါလား။ အခု‌တော့ အ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုပြီး ချိုး‌ဖောက်‌နေကြပါတယ်။

ဒါ့အပြင် ဘာသာ‌ရေးကို ခုတုံးလုပ်ပြီး အခြားဘာသာ သာသနာကို ပုံစံမျိုးစုံနဲ့ ထိပါး‌စော်ကား‌နေတဲ့ လုပ်ရပ်‌တွေကို ထိ‌ရောက် ပီပြင်စွာ အ‌ရေးယူခြင်း မပြုနိုင်‌သေးတာကိုလည်း အထင်အရှား ‌တွေ့‌နေရပါတယ်။

“တန်းတူ‌ရေး”ကို လက်‌တွေ့‌ပြောဆိုကျင့်သုံးတဲ့အခါ တစ်ဝက်တစ်ပျက် တန်းတူ‌ရေးမျိုး၊ အမည်ခံ တန်းတူ‌ရေးမျိုး‌တော့ လုံးဝ မဖြစ်သင့်ပါဘူး။ ဒါဟာ လိမ်ညာလှည့်စားမှုသာ ဖြစ်ပါလိမ့်မယ်။ ဒါ‌ကြောင့် မည်သည့်နို်င်ငံသားကိုမျှ “လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ သာသနာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်‌ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ” လုပ်ငန်း တူရင် လုပ်ခလစာ အခွင့်အလမ်း တူညီရမယ်ဆိုတဲ့ မူအတိုင်း အားလုံး အခွင့်အလမ်းနဲ့ အဆင့်အတန်းဟာ တန်းတူရည်တူရှိဖို့ လိုအပ်ပါတယ်။

“လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီး” စသဖြင့် အ‌ကြောင်းပြချက် တမျိုးမျိုးနဲ့ ဖိနှိပ်ခွဲခြား‌နေ တာကို ကိုယ်နဲ့မဆိုင်‌လေဟန် မသိဟန်‌ဆောင်‌နေတာ၊ လျစ်လျူရှု‌နေတာဟာ မိုက်မဲသိမ်ဖျင်းတဲ့လုပ်ရပ်‌တွေကို သွယ်ဝိုက် အား‌ပေးသလိုဖြစ်‌နေပြီး ဒီလုပ်ရပ်ဟာ ကျင့်ဝတ်‌ဖောက်ဖျက်တဲ့၊ တာဝန်ဝတ္တရားပျက်ကွက်တဲ့၊ ဥပ‌ဒေချိုး‌ဖောက်တဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ ဒီ‌နေ့ မ‌တော်မတရားမှုကို သင် လျစ်လျူရှု‌နေရင် အဲဒီ မ‌တော်မတရားမှုဟာ မနက်ဖန်မနက်မှာ သင့်အိမ်တံခါးကို လာပြီး ချိုးဖျက်‌တော့မှာ ‌သေချာပါတယ်။ စစ်မှန်တဲ့ ဒီမိုက‌ရေစီနဲ့ တန်းတူ‌ရေးကို တကယ်တမ်း ရပ်တည်ကိုင်စွဲထားသူမှန်ရင် ဒီလို မ‌တော်မတရားမှု‌တွေကို ပြတ်သားတည်ကြည်စွာ ကန့်ကွက်ဆန့်ကျင်တိုက်ဖျက်သွားဖို့ ကျင့်ဝတ်အရ၊ တာဝန်အရ၊ ဥပ‌ဒေ အရ သင့်မှာ တာဝန်ရှိပါတယ်။

ပြီး‌တော့ ဥပ‌ဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် အများကို ဆန့်ကျင်ချိုး‌ဖောက်လျှင် သို့တည်းမဟုတ် ပြဋ္ဌာန်းချက်များအ တိုင်း မပြုလုပ်ဘဲ ပျက်ကွက်လျှင် ဒါဟာ ဥပ‌ဒေချိုး‌ဖောက်မှုပင်ဖြစ်တယ်လို့ ဆိုထားတယ်မဟုတ်ပါလား။ အခြားတဖက်မှာလည်း မတရားတဲ့ အမိန့်အာဏာ၊ ဥပ‌ဒေ၊ ပုဒ်မ မှန်သမျှကိုလည်း တာဝန်အရ တိုက်ဖျက်ကြရမယ် မဟုတ်ပါလား။