Home သတင်း မတရားမှုများနှင့် ပြစ်ဒဏ်ကင်းလွတ်‌နေခြင်းများကို သတ္တိရှိစွာ ထုတ်‌ဖော်‌ပြောဆိုရန် KWO တုိုက်တွန်း

မတရားမှုများနှင့် ပြစ်ဒဏ်ကင်းလွတ်‌နေခြင်းများကို သတ္တိရှိစွာ ထုတ်‌ဖော်‌ပြောဆိုရန် KWO တုိုက်တွန်း

2259

မတ်လ ၈ ရက်၊ ၂ဝ၁၉ ခုုနှစ်။ ‌စောသိန်းမြင့်

အမျိုးသမီးများအ‌နေဖြင့် မတရားမှုများနှင့် ပြစ်ဒဏ်ကင်းလွတ်‌နေခြင်းများအတွက် သတ္တိရှိစွာ ထုတ်‌ဖော်‌ပြောဆုိုရန် ယ‌နေ့ ကျ‌ရောက်သည့် ၁ဝ၈ နှစ်‌မြောက် အပြည်ပြည်ဆုိုင်ရာ အမျိုးသမီးများ‌နေ့တွင် ကရင်အမျိုးသမီးအစည်းအရုုံး-KWO က သ‌ဘောထား ထုုတ်ပြန်ကာ တုိုက်တွန်း‌ပြောဆုိုလုိုက်သည်။

KWO တွဲဖက်အတွင်း‌ရေးမှူး – ၁ ‌နော်တာမလာ‌စောက “ကျမတုို့‌တွေ အ‌ပြောင်းအလဲတစ်ခုုကိုု လုိုလားတယ်ဆုိုရင် ဒီလုိုပဲ ‌နေလုို့မရဘူး။ အ‌ပြောင်းအလဲ ရှိလာဖုို့အတွက် ကျမတုို့ တစ်ခုုခုုကိုု လုုပ်ရမယ်။ တစ်ခုုခုုကိုု လုုပ်‌တော့မယ်ဆိုရင်လည်း ရဲရင့် တဲ့စိတ်ဓာတ်ရှိဖုို့လုိုအပ်တယ်။ အဲဒါ‌ကြောင့် ထုုတ်‌ဖော်ရဲတဲ့ သတ္တိရှိဖုို့လုိုတယ်။ ‌ဖော်ထုုတ်ရဲတဲ့သတ္တိမရှိဘူးဆုိုရင် အပြစ်ကျူး လွန်တဲ့သူ‌တွေက အပြစ်‌ပေးခံရခြင်းက ကင်းလွှတ်လိမ့်မယ်။ ခံရသူ အမျိုးသမီးဘက်ကလည်း တရားမျှတမှုဆုိုတာ မရရှိကြ ဘူး။”ဟုု ‌ကေအုိုင်စီသုို့ ‌ပြောသည်။

ထို့အပြင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစား‌နေရသူများ ၏ ရဲဝံ့စွာ ထုတ်‌ဖော်‌ပြောဆိုခြင်းများမရှိဘဲ ပြစ်ဒဏ်မှကင်း လွတ်‌နေသည့်လုပ်ရပ်များကို ဟန့်တားနိုင်ခြင်းနှင့် တရားမျှတမှုရရှိ‌အောင် ‌ဆောင်ရွက်ခြင်းများကိုု အမျိုးသမီးများအ‌နေဖြင့် မတရားမှုများအတွက် ‌နေရာတိုင်းတွင် ရဲဝံ့စွာ ထုတ်‌ဖော်‌ပြောဆိုနိုင်ရန်မှာ အလွန်ပင် အ‌ရေးပါလှသည်ဟုုလည်း KWO က ‌ပြောသည်။

KWO ၏ သ‌ဘောထားထုုတ်ပြန်ချက်တွင် မြန်မာစစ်တပ် ၏ ရက်စက်ယုတ်မာမှုများ ကို ကျူးလွန်ရန် အခွင့်အလမ်း‌ပေး‌နေ‌သော ပြစ်ဒဏ်ကင်းလွတ်‌နေခြင်းများ အဆုံးသတ်‌ရေးကို အား‌ပေး‌ထောက်ခံသလုို နိုင်ငံ‌ရေး၊ စီးပွား‌ရေးနှင့် လူမှု‌ရေးကဏ္ဍများတွင် မြန်မာစစ်တပ်၏ ကြီးမား‌သော အာဏာလွှမ်းမိုးမှုချုပ်ကိုင်မှုများ‌ကြောင့် ပြည်သူများသည် ‌ကြောက်စိတ်များဖြင့် ကြီးပြင်းရှင်သန် ‌နေရသည်ဟု ‌ဖော်ပြထားသည်။ ယင်း‌ကြောက်စိတ်များကို ဖယ်ရှားကာ အမျိုးသမီးများသည် လူမှုပတ်ဝန်းကျင် ‌ခေါင်း‌ဆောင်မှု၊ နိုင်ငံ‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်မှုဆိုင်ရာ ကဏ္ဍများတွင် မိမိတို့၏ ညီမျှစွာ ဦး‌ဆောင်ပါဝင်နိုင်ရန် ‌တောင်းဆိုရဲသည့် သတ္တိရှိရမည်ဖြစ်သည်ဟုုလည်း ‌ဖော်ပြထားသည်။

ယ‌နေ့ ကျ‌ရောက်သည့် အပြည်ပြည်ဆုိုင်ရာ အမျိုးသမီးများ‌နေ့ကိုု KWO မှဦး‌ဆောင်ပြီး “သတိ္တရှိစွာ ထုတ်‌ဖော်‌ပြောဆိုနိုင်‌ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်‌နေခြင်းများ ချက်ချင်းအဆုံးသတ်‌ရေး” ‌ဆောင်ပုုဒ်ဖြင့် ထုိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ကျင်းပခဲ့ကြရာ နယ်စပ်ရှိ ကရင်လူထုုအ‌ခြေပြုအဖွဲ့အစည်းမှ ကိုုယ်စားလှယ် ၁ဝ၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး နုိုင်ငံတကာ အမျိုးသမီးများ‌နေ့ ဖြစ်‌ပေါ်လာပုုံ၊ KWO၏ သ‌ဘောထားထုုတ်ပြန်ချက်ကုို ဖတ်ကြားခြင်း၊ လူ့အခွင့်အ‌ရေးဆုိုင်ရာ တရားမျှတမှုအတွက် လှုပ်ရှား‌ဆောင်ရွက်မှုများကိုု လည်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)မှ ‌ဝေမျှဖလှယ်‌ပေးခြင်းတုို့ကို ပြုလုုပ်ခဲ့ကြသည်။

KHRG Program ဒါရုိုက်တာ ‌နော်ထူးထူးက “အမျိုးသမီး‌တွေ အကြမ်းဖက်ခံရမှုက အခုုထိ ရှိ‌နေတုုန်းပါပဲ။ သူတုို့‌တွေအတွက် ကာကွယ်‌ပေးနုိုင်တဲ့ အခွင့်အ‌ရေးက အတိအကျ မရှိ‌သေးဘူး။ အဲဒါ‌ကြောင့် ကျမတုို့နုိုင်ငံမှာ အမျိုးသမီး‌တွေရဲ့ ရင်ဆုိုင်ကြုံ‌တွေ့ ‌နေရတဲ့ အခက်အခဲ စိန်‌ခေါ်မှု‌တွေဟာ အခုုထိ ဆက်ရှိ‌နေတုုန်းပါပဲ။ အဲဒါ‌ကြောင့် ဒီ‌နေ့ ကျမတက် ‌ရောက်လာတာက အမျိုးသမီး အတွက် အခက်အခဲ၊ စိန်‌ခေါ်မှု‌တွေကိုု ‌ပြောပြချင်တာဖြစ်ပါတယ်။”ဟုု ‌ပြောသည်။

အပြည်ပြည်ဆုိုင်ရာ အမျိုးသမီးများ‌နေ့(International Women Day) ကိုု ၁၉ဝ၈ခုနှစ်၊ မတ်လ ၈ရက်‌နေ့တွင် အ‌မေရိကန်ပြည်‌ထောင်စုု နယူး‌ယော့ခ်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများက အလုပ်ချိန်များ ‌လျှော့‌ပေး‌ရေး၊ လစာတိုး‌ပေး‌ရေးနှင့် မဲ‌ပေးခွင့်ရရှိရန်အ တွက်ဆန္ဒပြ‌တောင်းဆုိုသည့်‌နေ့ကိုု အစွဲပြု၍ သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ် အပြည်ပြည်ဆုိုင်ရာ အမျိုးသမီးများ‌နေ့အတွက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ၏ ‌ဆောင်ပုဒ်မှာ “တရားမျှတမှု လက်လှမ်း မှီ ရရှိနိုင်‌စေ‌ရေးနှင့် ပြစ်ဒဏ်ကင်း လွတ်‌နေခြင်းများ အဆုံးသတ်‌ရေး”ဖြစ်ပြီး နိုုင်ငံတကာ‌ဆောင်ပုဒ်မှာ “လူမှုဘဝလှပဖို့ ဟန်ချက် ညီညီလုပ်‌ဆောင်စို့”ဟူ၍ ဖြစ်သည်။

၁ဝ၈နှစ်‌မြောက် အပြည်ပြည်ဆုိုင်ရာ အမျိုးသမီးများ‌နေ့ကိုု မြန်မာနုိုင်ငံ အပါအဝင် ကမ္ဘာ့နုိုင်ငံ အသီးသီးတွင် ကျင်းပခဲ့ကြသလုို KWO ကရင်အမျိုးသမီးအစည်းအရုုံးက ဦး‌ဆောင်၍ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုုံး၏ ခရုိုင် ၇ခုုအပြင် ထုိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင်လည်း ကျင်းပခဲ့ကြသည်ဟုု သိရသည်။