Home သတင်း ဖမ်းမိ ဘိန်းစာရွက်အပါအဝင် မူးယစ်‌ဆေးဝါးများကို KNU မီးရှို့ဖျက်ဆီး

ဖမ်းမိ ဘိန်းစာရွက်အပါအဝင် မူးယစ်‌ဆေးဝါးများကို KNU မီးရှို့ဖျက်ဆီး

4770

မတ်လ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောရှား

မူးယစ်‌ဆေးဝါးနှိမ်နင်းမှုတစ်ခုအဖြစ် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)မှ ဦး‌ဆောင်၍ ဖမ်းဆီးရမိထားသည့် ဘိန်း စာရွက်များ အပါအဝင်စိတ်ကြွရူးသွပ်‌ဆေးပြားများကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်၊ ဝင်း‌ရေးမြို့နယ်ရုံး(ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ)၌ ယ‌နေ့( မတ်လ ၂၂ ရက်) မီးရှို့ ဖျက်ဆီးမှု များပြုလုပ်ခဲ့ကြသည်။

မတ်လအတွင်း ၎င်းမြို့နယ်အတွင်းရှိ မူးယစ်‌ဆေးဝါးလက်ဝယ်ထားရှိသူများထံမှ ဖမ်းဆီးရမိထားသည့် ဘိန်းစာ ရွက်‌ပေါင်း ‌လေး‌ထောင်‌ခြောက်ရာ(၄,၆ဝဝ)‌ကျော်(ကာလ‌ပေါက်‌ဈေး ၅ သိန်း‌ကျော်)နှင့် ‌ဆေးပြား (မြင်း‌ဆေး) အလုံး ၂၈ဝ ‌ကျော်တို့ကို ယခုလို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်ဟု KNPF ဝင်း‌ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ဗိုလ် ‌စောငြိမ်းချမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ကျ‌နော်တို့ ဝင်း‌ရေးမြို့နယ်မှာ မူးယစ်‌ဆေးဝါး ဟန့်တား‌ရေးအစီအစဉ်ရှိပါတယ်။ ဘိန်းစာရွက်ဟာလည်း မူးယစ်‌ဆေးဝါးဖြစ်လို့ ကျ‌နော်တို့လက်ခံလို့မရပါဘူး။ ဒါ‌ကြောင့် ပြည်သူ‌တွေကို အသိပညာ‌ပေး၊ မူးယစ်‌ဆေးဝါး ‌တွေကို လိုက်လံရှင်းလင်း ခုတ်ထွင်၊ သယ်‌ဆောင်တာသိရင် အ‌ရေးယူတာတို့ လုပ်ပါတယ်”ဟု ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်အတွင်းရှိ မူးယစ်‌ဆေးဝါးသုံးစွဲသူများ၊ ‌ရောင်းချသူများကို ကနဦး အသိပညာ‌ပေးခြင်းများ ပြုလုပ် ပြီး‌နောက် ဥပ‌ဒေအရ အ‌ရေးယူခြင်းများ ပြုလုပ်‌ကြောင်းနှင့် လူငယ်များအ‌နေဖြင့် မူးယစ်‌ကျေးကျွန် မဖြစ်ပါမှ မိမိတို့ အမျိုးသား‌ရေး၊ စီးပွား‌ရေးများ ပြုလုပ်ရန် အ‌ခြေအ‌နေ‌ကောင်းလာမည်ဖြစ်‌သော‌ကြောင့် မူးယစ်‌ဆေးဝါး များကို ‌ရှောင်ရှားကြပါရန် ဗိုလ်‌စောငြိမ်းချမ်းက တိုက်တွန်း‌ပြောဆိုလိုက်သည်။

မူးယစ်‌ဆေးဝါးတစ်ခုအဖြစ် လွှဲမှားစွာအသုံးပြု‌နေကြသည့် အဆိုပါဘိန်းစာရွက်များကို ဝမ်းကိုက်၊ ဝမ်းနာ၊ ‌ညောင်းညာကိုက်ခဲမှုများအတွက် ‌ဒေသခံအချို့မှအိမ်သုံး‌ဆေးအဖြစ် အသုံးပြုမှုများ ရှိ‌နေသလို ယင်းဘိန်းစာ ပင်များကို ဝင်း‌ရေးမြို့နယ်အတွင်းမှာပင် အနည်းငယ် စိုက်ပျိုးမှုများရှိ‌နေ‌ကြောင်းလည်း KNPF တာဝန်ရှိသူထံ မှ သိရသည်။

အမည်မ‌ဖော်လိုသူ ဝင်း‌ရော်‌ဒေသခံတစ်ဦးက “တစ်ချို့တစ်‌လေ‌တော့ ရှိပါတယ်။ မူးယစ်‌ဆေးကို အမှန်တကယ် ‌ခြေဖျက်ချင်တာ။ အများစုက‌တော့ အနုတ်လက္ခဏာ ပြတာချည်းပဲ။ အဖွဲ့အစည်း ‌ခေါင်းကြီးပိုင်း‌တွေကိုက မူးယစ်‌ဆေး၊ သစ်‌တော အဲဒါ‌တွေနဲ့ လုပ်ပိုင်ခွင့်‌တွေကိုင်ထားပြီး‌တော့ ချမ်းသာ‌နေကြတာ‌လေ။ ကျ‌နော့် အမြင်‌ပေါ့ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ မူးယစ်‌ဆေး မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေ အပါအဝင် တာဝန်ရှိသူများနှင့် ‌ဒေသခံများ တက်‌ရောက်ခဲ့ပြီး KNU ဝင်း‌ရေးမြို့နယ်အ‌နေဖြင့် မူးယစ်‌ဆေးဝါးများ ဖမ်းဆီး အ‌ရေးယူပြီး အများပြည်သူ‌ရှေ့ ယခုလိုအခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးမှုမှာ ၄ ကြိမ်ရှိပြီဟု သိရသည်။