Home သတင်း ကရင်ပြည်နယ်‌ရေးရာ ‌ဒေသဆိုင်ရာ သင်ရိုးညွန်းတမ်း မိတ်ဆက်

ကရင်ပြည်နယ်‌ရေးရာ ‌ဒေသဆိုင်ရာ သင်ရိုးညွန်းတမ်း မိတ်ဆက်

3112

မတ်လ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ဘာသာရပ်တစ်ခုအ‌နေဖြင့် သင်ကြားနိုင်ရန် ရည်ရွယ်ပြီး ‌ရေးဆွဲထားပြီဖြစ်သည့် ကရင်ပြည်နယ်‌ရေးရာ‌လေ့လာစရာ သင်ရိုးညွှန်းတမ်းကို အများသူငှာသိရှိရန် ယ‌နေ့ (‌မေလ ၂၅ရက်) ဇွဲကပင်ခန်းမ၌ အခမ်းအနားပြုလုပ်ကာ စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။

‌ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းတွင် တစ်ခုပါဝင်သည့် ကရင်ပြည်နယ်‌ရေးရာ သင်ရိုးညွှန်းတမ်းတွင် ကရင်ပြည် နယ်အတွင်း ရှိ အ‌ခြေခံ မူလတန်းအဆင့်‌ကျောင်းသူ၊ ‌ကျောင်းသားများအတွက် ကရင်ပြည်နယ်အ‌ကြောင်းအရာများကို သိရှိမှတ်သား ရန် ရည်ရွယ်ပြီး သင်ကြား‌ပေးမည့် ဘာသာရပ်တစ်ခုလည်း ဖြစ်သည်။

ကရင်ပြည်နယ်ပညာ‌ရေးမှူးရုံး ဒုတိယညွှန်ကြား‌ရေးမှူး ဦးသက်လွင်ဦးက“ ဒါက ‌ကျောင်းချိန်အတွင်းမှာ သင်ယူဖို့ ဝင်‌နေတဲ့ ဘာသာရပ်တစ်ခုပဲ။ ဒီမှာချပြပြီးရင် ပြည်နယ်အစိုးရကို တင်မယ်။ သ‌ဘောတူရင် မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်း ‌ကော်မတီ ကို ပြန်တင်မယ်။ အဲဒီက‌နေတစ်ဆင့် သ‌ဘောတူရင် ပြည်‌ထောင်စုအစိုးရက အတည်ပြုဖို့ပဲကျန်တယ်။ အတည်ပြုပြီးရင် ပုံနှိပ်ထုတ်လို့ရပြီး လာမယ့် ပညာသင်နှစ်မှာ မဖြစ်မ‌နေ သင်လို့ရ‌အောင် အခုချပြတာဖြစ်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ကရင်ပြည်နယ်‌ရေးရာ ဘာသာရပ်သင်ရိုးတွင် ကရင်ပြည်နယ်ရှိ သမိုင်းဝင် အထင်ကရ‌နေရာအ‌ကြောင်း၊ ပြည်နယ်အတွင်း ‌နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအ‌ကြောင်း၊ ၎င်းတို့၏ရိုးရာယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်းနှင့် ‌နေထိုင်မှုပုံစံများ၊ ‌ဒေသ ဆိုင်ရာ သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်အ‌ကြောင်းအရာများအပြင် ‌ဒေသစီးပွား‌ရေးအ‌ကြောင်းများကိုပါ အ‌ခြေခံပြီး ထည့်သွင်း‌ရေးဆွဲထားသည့် ဘာသာတစ်ရပ်ဖြစ်သည်။

၎င်းအပြင် ကရင်ပြည်နယ်‌ရေးရာ ‌လေ့လာစရာ သင်ရိုးကို မြန်မာဘာသာစကားဖြင့် Grade-1၊ Grade-2၊ Grade-3 အထိ ‌ရေးဆွဲပြီးစီးပြီဖြစ်‌သော်လည်း ‌ရှေးဦးစွာ ကရင်ပြည်နယ်တွင် Grade-1 တစ်ခုကိုသာ ဦးစွာမိတ်ဆက်သင်ကြား ‌ပေးမည်ဖြစ် သည်ဟု ‌ဒေသသင်ရိုးညွှန်းတမ်း‌ရေးဆွဲ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

အ‌ခြေခံပညာ‌ကျောင်းများတွင် မဖြစ်မ‌နေသင်ရယူရမည့်ဘာသာရပ်တစ်ခုဖြစ်လာမည့် အဆိုပါ ‌ဒေသသင်ရိုးညွှန်းတမ်းမူ ကြမ်းများကို ၂၀၁၈ ခုနှစ်မှစတင်ကာ ‌ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ်အပါအဝင် ကချင်၊ ကယား၊ ချင်း၊ နှင့်မွန်ပြည်နယ်ရှိ ပြည်နယ် ၅ ခုမှ ‌ရေးဆွဲပြီးစီး‌နေပြီဟု သိရသည်။

‌ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း‌ရေးဆွဲရာတွင် ချိတ်ဆက်တာဝန်ခံတစ်ဦးဖြစ်သည့် ပိုးကရင်စာ သင်ရိုးပြု စု‌ရေးအဖွဲ့မှ နန်းမြင့်တင်က “‌ဒေသဆိုင်ရာသင်ရိုးမှာ တိုင်းရင်းသား ဘာသာစကားသင်ရိုးနဲ့ ‌ဒေသဆိုင်ရာသင်ရိုးဆိုပြီး နှစ်ပိုင်းပါတယ်။ တိုင်းရင်းသားဘာသာစကားဆိုင်ရာမှာဆိုရင် ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးက သူတို့သက်ဆိုင်ရာ ဘာ သာစကား တစ်ခုချင်းစီကို ‌ရေးဆွဲထားတဲ့သင်ရိုး တစ်ပိုင်းရယ်၊ ‌ဒေသဆိုင်ရာ သင်ရိုးမှာဆိုရင် ကရင်ပြည်နယ်မှာရှိတဲ့ ရိုးရာ၊ ယဉ်‌ကျေးမှု ပထဝီအ‌နေအထားကို အ‌ခြေခံပြီး မြန်မာလို‌ရေးဆွဲတာဖြစ်တယ်”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ကရင်ပြည်နယ် ‌ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း(မူကြမ်း) မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် အပါအဝင် ဌာနဆိုင်ရာဝန်ကြီးများ၊ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးများ၊ ‌ကျောင်း ဆရာ ဆရာမများ၊ အရပ်ဖက်အဖွဲ့များနှင့် တိုင်းရင်းသား စာ‌ပေယဉ်‌ကျေးမှုအဖွဲ့များ တက်‌ရောက်ခဲ့ကြသည်။