Home သတင်း လူငယ်များ ချိတ်ဆက်မှုပိုမို‌ကောင်းမွန်ရန် ဘီးလင်းမြို့နယ် ကရင်လူငယ်များကွန်ယက်ဖွဲ့စည်း

လူငယ်များ ချိတ်ဆက်မှုပိုမို‌ကောင်းမွန်ရန် ဘီးလင်းမြို့နယ် ကရင်လူငယ်များကွန်ယက်ဖွဲ့စည်း

2145

‌ဖေ‌ဖော်ဝါရီ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားလူငယ်များအ‌နေဖြင့် ကရင်အ‌ရေးအရာ လုပ်‌ဆောင် သည့်‌နေရာတွင် ချိတ်ဆက်မှုပိုမို‌ကောင်းမွန်‌စေရန်အတွက် ဘီးလင်းမြို့နယ် ကရင်လူငယ်များကွန်ယက် တစ်ခု ကို ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဆိုပါ ကွန်ယက်ကို ဘီးလင်းမြို့ ၊ ဗိုလ်‌တေဇရပ်ကွက်ရှိ စစ်ကိုင်းပရိယတ္တိစာသင်တိုက်၌ ‌ဖေ‌ဖော်ဝါရီလ ၁၇ ရက်‌နေ့က ပြုလုပ်သည့် ပထမဆုံးအကြိမ် ဘီးလင်းမြို့နယ် လူငယ်များ‌တွေ့ဆုံပွဲတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ် သည်ဟု ယင်းမြို့နယ်၏ လူငယ်ချိတ်ဆက်မှုတာဝန်ခံ ‌နော်နှင်းသဇင်မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဘီးလင်းမြို့နယ် ကရင်လူငယ် အချင်းချင်း ရင်းနှီးမှုရရှိ‌စေဖို့၊ ကရင်စာ‌ပေယဉ်‌ကျေးမှု ထိန်းသိမ်းနိုင်ဖို့အပြင် က ရင်ဖွံ့ဖြိုး‌ရေးလုပ်ငန်း လုပ်‌ဆောင်ရာမှာ ပူး‌ပေါင်းပါဝင်သွားဖို့စတဲ့ ရည်ရွယ်ချက်များနဲ့ ‌တွေ့ဆုံပွဲကို ပြုလုပ်ပြီး‌တော့ ကွန်ယက်တစ်ခုဖွဲ့လိုက်တာဖြစ်ပါတယ်။”ဟု ၎င်းက ယ‌နေ့ ‌ပြောသည်။

အဆိုပါ ဖွဲ့စည်းလိုက်‌သော ဘီးလင်းမြို့နယ် လူငယ်ကွန်ယက်၏ ချိတ်ဆက်မှုတာဝန်ခံများ၊ ‌ရှေ့ဆက်လုပ် ‌ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်လုပ်‌ဆောင်သွားရမည်ဟုလည်း ‌နော်နှင်းသဇင်မြင့် က ဆက်‌ပြောသည်။

တစ်ရက်တာ ပြုလုပ်ခဲ့သည့် ၎င်းလူငယ်များ‌တွေ့ဆုံပွဲသို့ KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် ကိုယ် စားလှယ်များ၊ ဘီးလင်းမြို့နယ် အစိုးရ ဌာနဆိုင်ရာ အုပ်ချုပ်‌ရေးမှူး၊ သံဃာ‌တော်များ၊ မွန်ပြည်နယ်ရှိ ကရင် လူ ငယ်အစည်းအရုံး-KYO၊ ကရင်လူငယ်များကွန်ယက်-KYN တို့ ကိုယ်စားလှယ်များ၊ ဘီးလင်းမြို့နယ်လုံးဆိုင်ရာ ‌ကျေးရွာအသီးသီးမှ ကရင်လူငယ်များအပါအဝင် ၂၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်း‌တွေ့ဆုံမှုတွင် တက်‌ရောက်လာသည့် ကရင်လူငယ်များမှ ကရင့်အ‌ရေးလုပ်‌ဆောင်ရာတွင် ပိုမိုထိ‌ရောက်ရန် အချင်းချင်းဆက်သွယ်ချိတ်ဆက်ကာ လုပ်‌ဆောင်နိုင်မည့်နည်းလမ်းများကို ‌ဆွေး‌နွေးခဲ့ကြသည့်အပြင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ကရင်လူငယ်များဘက်မှ ပါဝင်လုပ်‌ဆောင်နိုင်မည့် အခန်းကဏ္ဍများကို ‌ဆွေး‌နွေး ခဲ့ကြသည်။

၎င်းအပြင် ကရင်လူငယ်အဖွဲ့များဖြစ်ကြသည့် KYO နှင့် KYN တို့မှ ၎င်းတို့သက်ဆိုင်ရာအဖွဲ့အစည်းလိုက် လုပ်‌ဆောင်ချက်များ၊ လက်ရှိငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များအတွင်း ပူး‌ပေါင်းပါဝင်မှု အ‌ခြေအ‌နေများ ကို တင်ပြရှင်းလင်းခဲ့ကြသည်ဟု သိရသည်။

ဘီးလင်းမြို့နယ် ‌တောင်က‌လေး‌ကျေးရွာမှ ‌စောမိုး‌ကျော်စွာထွန်းက “အခုက ကျ‌နော်တို့ ကရင်လူမျိုး တိုး တက်ရာ၊ တိုးတက်‌ကြောင်းအတွက် အခုလူငယ်‌တွေ့ဆုံပွဲကို လူငယ်တစ်‌ယောက်အ‌နေနဲ့ တက်‌ရောက်တာဖြစ် တယ်။ တိုးတက်ဖို့အတွက် ကျ‌နော်တို့ ကရင်လူမျိုး‌တွေ ကိုယ့်ရဲ့စိတ်‌တွေကိုလည်းပြင်သင့်တာ‌တွေကို ပြင်ရမယ်။ ကရင်လူငယ်‌တွေလည်း အားလုံးပါဝင်သင့်တယ်လို့ မြင်ပါတယ်” ဟု ‌ပြောသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း သထုံ၊ ကျိုက်ထိုမြို့နယ်များတွင် ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်လူငယ် ကွန်ယက် -KYN စသည့် ကရင်လူငယ်အဖွဲ့အစည်းများရှိ‌သော်လည်း ဘီးလင်းမြို့နယ်တွင် ယခုမှသာ စတင်အ ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခြင်း ဖြစ်သည်။