Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးအသံပါဝင်နိုင်ရန် ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များနှင့် KNDCC ‌တွေ့ဆုံ‌ဆွေး‌နွေး

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးအသံပါဝင်နိုင်ရန် ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များနှင့် KNDCC ‌တွေ့ဆုံ‌ဆွေး‌နွေး

2639

ဒီဇင်ဘာ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ကရင်အမျိုးသမီးများ၏ အသံ၊ သ‌ဘောထားများကို မူဝါဒအကြံပြုချက်များတွင် ပါဝင်လာ‌စေရန် ရည်ရွယ်ပြီး ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များနှင့် ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီ- KNDCC တို့ ‌တွေ့ဆုံပွဲကို ယမန်‌နေ့ (ဒီဇင်ဘာ ၃ရက်)က ဖားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ‌တွေ့ဆုံပွဲ အခမ်းအနားကို ကရင့်‌ရေးရာ‌ကော်မတီ -KAC မှ ဦး‌ဆောင်ကာ ကရင်ပြည်နယ်အပါအဝင် ကယားပြည် နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် အထက်မြန်မာပြည် တစ်ဝှမ်းရှိ ကရင်အမျိုးသမီး ‌ခေါင်း‌ဆောင်များနှင့် KNDCC ကိုယ်စားလှယ်များ တက်‌ရောက်‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ကရင်အမျိုးသား ၊ အမျိုးသမီးများ နိုင်ငံ‌ရေးအသိ အမြင်များ တိုးပွားလာဖို့နဲ့ နိုင်ငံ‌တော် တည်‌ထောင်ရာမှာ ကရင်အမျိုးသား၊ အမျိုးသမီး‌တွေ ပါဝင်လာ‌စေဖို့ဖြစ်တယ်။ ဒီလိုလုပ်‌ဆောင်မှ လည်း ကရင်အမျိုးသမီး‌တွေရဲ့ နိုင်ငံ‌ရေးအသိအမြင် စွမ်း‌ဆောင်ရည်‌တွေကို ဒီထက်မက ပိုမိုမြှင့်တင်‌ပေးနိုင်မယ့်အပြင် ကရင်အမျိုးသမီးအချင်းချင်း ကွန်ယက်တည်‌ဆောက်မှု ပိုပြီး ခိုင်မာလာမှာဖြစ်တယ်”ဟု ‌ကေအိုင်စီက ‌ပြောသည်။

ယခုကဲ့သို့ ကရင်အမျိုးသမီးများ၏ ဖက်ဒရယ်ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဆိုင်ရာမူဝါဒ အကြံပြုချက် ‌ဖော်ထုတ်ရခြင်းမှာ လက်ရှိဖြစ်‌ပေါ်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏အသံ၊ လူငယ့်အသံများ ပါဝင်လာပါက ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဦး‌ဆောင်‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် ကရင်အမျိုးသားထု တစ်ရပ်လုံး အတွက် ပိုမိုလွှမ်းခြုံမည်ဖြစ်‌ကြောင်း ‌စော‌ကျော်စွာက ဆက်လက်‌ပြောကြားသည်။

လက်ရှိငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များတွင် အမျိုးသမီးများအ‌နေဖြင့် ကဏ္ဍတိုင်းတွင် ၃ဝ ရာခိုင်နှုန်းအထက် ပါဝင်လာနိုင်ရန်နှင့် အမျိုးသမီးစွမ်း‌ဆောင်ရည်မြင့်မားလာ‌စေရန် ကြိုးပမ်းလုပ်‌ဆောင်မှုများရှိ‌နေ‌သော်လည်း လက်‌တွေ့တွင် အမျိုးသမီးများပါဝင်မှု အားနည်း‌နေ‌သေး‌ကြောင်း ‌ပြောဆိုသုံးသပ်မှုများလည်း ရှိ‌နေသည်။

KNDCC ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ‌နော်ဘလူးမင်းနိုက်ဇန်က“‌ဆွေး‌နွေးပွဲ လုပ်ခြင်းအားဖြင့် အမျိုးသမီး‌တွေရဲ့ ပါဝင်မှု ၊ ‌ဆွေး‌နွေးမှု ၊ စိတ်ဓာတ် တက်ကြွမှု အား‌ကောင်းလာမယ်။ အမျိုးသား‌တွေပါတဲ့အတွက် သူတို့ ဆီက‌နေလည်း အများကြီးသင်ယူနိုင်မယ်။ အမျိုးသမီး‌တွေ ပါဝင်လာမှု အား‌ကောင်းလာ‌အောင် အမျိုးသား‌တွေ အ‌နေနဲ့လည်း ပံ့ပိုး‌ပေးနိုင်တာ‌တွေ အများကြီးရှိပါတယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များနှင့် KNDCC ‌တွေ့ဆုံပွဲတွင် အမျိုးသမီးများ စုစည်းထား‌သော မူဝါဒအကြံပြုချက် များကို KNDCC ထံ ဖတ်ကြားတင်သွင်းခြင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ်‌ပေါ်‌နေ‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး KNDCC ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကရင်အမျိုးသမီးများ အပြန်အလှန်‌ဆွေး‌နွေးခြင်းများ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍ မြှင့်တင်ခြင်းဆိုင်ရာ ‌ဆွေး‌နွေးအကြံပြုခြင်းများကို ထည့်သွင်း ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရှိ‌သော အမျိုးသမီး‌ခေါင်း‌ဆောင်များအား ကိုယ်စားပြုနိုင်ရန် ကရင်ပြည်နယ် ဖားအံမြို့၊ သံ ‌တောင်ကြီးမြို့ နှင့် ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်မြို့နယ်များတွင် အမျိုးသမီး‌ခေါင်း‌ဆောင်မှု စွမ်းရည်မြှင့်သင်တန်းများ စုစု‌ပေါင်း ၆ကြိမ် ပြုလုပ်ခဲ့ကာ ယင်းသင်တန်းများမှရရှိလာသည့် အကြံပြုချက်များကို ဖားအံမြို့တွင် နိုဝင်ဘာလ ၁၈၊ ၁၉ ရက်‌နေ့များက ဖက်ဒရယ်နိုင်ငံ‌ရေးဆိုင်ရာမူဝါဒ အကြံပြုချက်များအဖြစ် ‌ဆွေး‌နွေးရယူခဲ့ကြပြီး‌နောက် ၎င်းမူဝါဒ အကြံပြု ချက်များကို ယခု KNDCC ထံ ဖတ်ကြားတင်သွင်းခြင်းလည်း ဖြစ်သည်။