Home သတင်း မြန်မာတွင် ‌မြေမြုပ်မိုင်း အသုံးပြု‌နေဆဲဟု မိုင်းနှင့် ‌ပေါက်ကွဲလက်နက် ‌စောင့်ကြည့်‌ရေးအဖွဲ့ အစီရင်ခံစာထုတ်

မြန်မာတွင် ‌မြေမြုပ်မိုင်း အသုံးပြု‌နေဆဲဟု မိုင်းနှင့် ‌ပေါက်ကွဲလက်နက် ‌စောင့်ကြည့်‌ရေးအဖွဲ့ အစီရင်ခံစာထုတ်

2179

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ ‌စောထွန်းလင်း

မြန်မာနိုင်ငံတွင် တပ်မ‌တော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ‌မြေမြုပ်မိုင်း အသုံးပြု‌နေဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ ‌မြေမြုပ်မိုင်းနှင့် ထပ်ဆင့် ‌ပေါက်ကွဲ‌စေ‌သော လက်နက်ပစ္စည်းများ ‌စောင့်ကြည့်‌လေ့လာ‌ရေးအဖွဲ့၏ ၂၀၁၈ခုနှစ်အ တွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ခြင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ‌ရွှေဂုံတိုင်လမ်းမ‌ပေါ်ရှိ ‌တော်ဝင်နှင်းဆီခန်းမ၌ ဒီဇင်ဘာလ ၁၉ ရက်‌နေ့ နံနက် ၁ဝနာရီခွဲတွင်ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ဦး‌ဆောင်ပြုစုသူ သု‌တေသီ ယက်စ်ဟူဝါ မိုဆာ-ပူအန်စူဝမ် (Yeshua Moser – Puangsuwan)က အခန်းအနားတွင် ယခုလို ‌ပြောသည်။

၎င်းက “မြန်မာနိုင်ငံ ‌မြေမြုပ်မိုင်း အသုံးပြုမှု အစီရင်ခံစာကို ‌ယေဘုယျ သုံးသပ်ရမယ်ဆိုရင် ‌ပျော်‌ပျော်ရွှင်ရွှင် မဖတ်နိုင်‌သေးတာ ‌တွေ့ရမယ်။ မြန်မာနိုင်ငံမှာ တပ်မ‌တော်က အသုံးပြု‌နေတယ်ဆိုတာ ထင်ရှားတယ်။ တပ်မ‌တော်ကပဲ သုံးတာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့‌တွေလည်း သုံးပါတယ်။ မြန်မာမှာ တပ်မ‌တော်‌ကော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေပါ သုံး‌နေ တယ်။”ဟု ‌ပြောသည်။

အစီရင်ခံစာ ပြုစု‌ရေးအတွက် (Landmine & Cluster Munitions Monitor) အဖွဲ့က တပ်မ‌တော်အရာရှိကြီးများနှင့် ၂၀၁၈ ဩ ဂုတ်လတွင် ‌တွေ့ဆုံ အင်တာဗျူးခဲ့ပြီး တပ်မ‌တော်အ‌နေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် မိုင်းအသုံးပြုမှုကို ‌မြေပုံညွှန်းနှင့်တကွ အသုံးပြုခဲ့သည်ဟု တုံ့ပြန်‌ပြောဆိုခဲ့‌ကြောင်း ၎င်းက ရှင်းပြ‌ပြောဆိုသည်။

ထိုအစီရင်ခံစာ ‌ရေးသားသည့်အချိန်တွင် KIA၊ ကိုးကန့်တပ်၊ ရခိုင်တပ်နှင့် တအာင်းအမျိုးသား လွတ်‌မြောက်‌ရေးတပ်တို့ပါဝင် သည့် ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တပ်မ‌တော်နှင့် တိုက်ပွဲများအတွင်း မိုင်းအသုံးပြုမှုရှိသည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြထား သလို ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)က ၂၀၁၆ခုနှစ်တွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွာသူကြီးတစ်ဦး အစည်းအ‌ဝေးသွားစဉ် လမ်း၌ DKBA ခွဲထွက်အဖွဲ့ ‌ထောင်ထားသည့် မိုင်းနင်းမိကာ ‌သေဆုံးခဲ့သည်ကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ‌ပြောသည်။

၂၀၁၈ခုနှစ်၊ မတ်-ဧပြီလများတွင် ဖာပွန်‌ဒေသတွင်း တပ်မ‌တော်လှုပ်ရှားမှု များလာသည့်‌နေရာ၌ အိမ်‌မွေးတိရိစာ္ဆန်များ ‌ပျောက် ဆုံး‌နေခြင်း၊ ‌ခေးပူနှင့် လယ်မူပ‌လောရွာများအနီး KNLA တပ်ဖွဲ့ဝင်များက ‌မြေမြုပ်မိုင်း‌ထောင်ခြင်းများ ပြုလုပ်‌နေသည်ဟု NGO တစ်ခု၏အဆိုကို အစီရင်ခံစာက ထပ်ဆင့် ‌ဖော်ပြထားသည်။

အဆိုပါ (Landmine & Cluster Munitions Monitor) ၂၀၁၈ အစီရင်ခံစာအရ ၂၀၁၇ခုနှစ်အတွင်း စုစု‌ပေါင်း ၂၀၂ဦး မိုင်းထိမှန် သဖြင့် ၄၈ဦး‌သေဆုံးကာ ၁၅၄ဦး ဒဏ်ရာရခဲ့သည်ဟု အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များကို ကိုးကားပြီး ခန့်မှန်း‌ဖော်ပြ ထားသည်။ ယင်းတို့ထဲတွင် လူထိမိုင်း ၁၆၁လုံး၊ ကားမိုင်း ၁လုံး၊ စစ်ကြွင်းကျန် ‌ပေါက်ကွဲ‌စေသည့် ပစ္စည်းများ ၃လုံးနှင့် မှတ်တမ်း မတင်နိုင်သည့် ‌ပေါက်ကွဲပစ္စည်း ၃၇လုံးတို့ဖြစ်သည်။

မိုင်း‌ကြောင့် ထိခိုက်သူများကို ‌ဆေးဘက်ဆိုင်ရာ ‌စောင့်‌ရှောက်မှုနှင့် ပြန်လည်ပြုစုပျိုး‌ထောင်ခြင်းလုပ်ငန်းများအဖြစ် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လက်‌အောက်ခံ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)က ‌ဆေးသင်တန်း‌ပေးခဲ့သ လို ၎င်းတို့၏ ထိန်းချုပ်နယ်‌မြေများတွင် ကျန်းမာ‌ရေးဝန်ထမ်းများ ပိုမို လိုအပ်‌နေသည်ဟု ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကရင်နှင့် ကယား(ကရင်နီ)ပြည်နယ်မှ မြို့နယ်များ အပါအဝင် မိုင်းအန္တရာယ်ရှိသည့် မြို့နယ်‌ပေါင်း ၇၈ မြို့နယ်ရှိကာ ၂၀၁၇ခုနှစ်အတွင်း HALO၊ MAG တို့ ပူး‌ပေါင်းကာ ကရင်ပြည်နယ် ဖားအံမြို့ အနီးတဝိုက်ရှိ ‌ကျေးရွာ ၃၇ရွာနှင့် ကျုံ‌ထော်‌ရေတံခွန်အနီးတွင် မိုင်းရှင်းလင်း‌ရေးလုပ်‌ဆောင်ရန် အာဏာပိုင်များနှင့် ‌ဆွေး‌နွေးခဲ့ရာ လူမှုဝန်ထမ်းဌာနက ခွင့်ပြုခဲ့ ‌သော်လည်း စစ်တပ်အာဏာပိုင်များက လုံခြုံ‌ရေးအ‌ကြောင်းပြချက်ဖြင့် ခွင့်ပြုမှု ရပ်ဆိုင်းထားသည့်အ‌ပေါ် မိုင်းရှင်းလင်း‌ရေးလုပ် ငန်းများ တရားဝင် လုပ်‌ဆောင်နိုင်ရန် ‌မျှော်လင့်လျှက်ရှိ‌ကြောင်းလည်း အစီရင်ခံစာပြုစုသူက ‌ပြောသည်။

Landmine & Cluster Munitions Monitor အဖွဲ့အ‌နေဖြင့် မြန်မာနိုင်ငံတွင် ‌မြေမြုပ်မိုင်း အသုံးပြုမှု‌စောင့်ကြည့်ခြင်းကို ၁၉၉၉ခု နှစ်မှ စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်အထိ ရရှိသည့် အချက်အလက်များအရ ‌မြေမြုပ်မိုင်း‌ကြောင့် ၅၃၇ဦး ‌သေဆုံး ကာ ၃၅၃၈ဦး ဒဏ်ရာရရှိခဲ့ပြီး ‌သေဆုံး-ဒဏ်ရာရမှု အ‌ခြေအ‌နေမသိရသူ ၁၁၈ဦးအထိရှိ‌ကြောင်း အစီရင်ခံတွင်‌ဖော်ပြထားသည်။