Home သတင်း ‌မြေလွတ်၊ ‌မြေလပ် ၊ ‌မြေရိုင်း ဥပ‌ဒေကို ပယ်ဖျက်‌ပေးရန် ‌ကေအဲန်ယူ ‌တောင်းဆို

‌မြေလွတ်၊ ‌မြေလပ် ၊ ‌မြေရိုင်း ဥပ‌ဒေကို ပယ်ဖျက်‌ပေးရန် ‌ကေအဲန်ယူ ‌တောင်းဆို

4218

ဒီဇင်ဘာ ၁၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

ပြည်‌ထောင်စု လွှတ်‌တော်တွင် မကြာ‌သေးခင်က အတည်ပြုပြဌာန်းလိုက်သည့် ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း စီမံခန့်ခွဲ‌ရေး ဥပ‌ဒေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (အဲန်စီ‌အေ)ပါ သ ‌ဘောတူညီချက်များကို ချိုး‌ဖောက်‌နေသည့်အတွက် ယင်းဥပ‌ဒေကို ပယ်ဖျက်‌ပေးရန် ‌ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးက ယ‌နေ့ (ဒီဇင်ဘာ ၁၅ ရက်) သ‌ဘောထားထုတ်ပြန်၍ ‌တောင်းဆိုလိုက်သည်။

‌ကေအဲန်ယူ၏ သ‌ဘောထားထုတ်ပြန်ချက်အရ ပြည်‌ထောင်စုလွှတ်‌တော်က ပြင်ဆင်ခဲ့သည့် ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း စီမံခန့်ခွဲ‌ရေး ဥပ‌ဒေသည် (အဲန်စီ‌အေ) အခန်း (၃) အပိုဒ် ၉ ပါ အရပ်သားများကို ကာကွယ် ‌စောင့်‌ရှောက်ခြင်းဆိုင်ရာ အချက်များနှင့် အခန်း (၆) အပိုဒ် ၂၅-က (၁)တို့ကို ချိုး‌ဖောက်‌သော‌ကြောင့် ပယ် ဖျက်‌ပေးရန်အပြင် အခြား‌မြေယာ ဥပ‌ဒေများကိုလည်း အနာဂတ်ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် စံချိန်၊ စံနှုန်းများ ကို အ‌ခြေခံပြီး ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်‌ရေးဆွဲခြင်းများကို ပြုလုပ်ရန် တိုက်တွန်းသည်ဟု ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ ဗဟို လယ်ယာနှင့် စိုက်ပျိုး‌ရေး ဌာနမှူး တာဝန်ခံ ပဒို‌စော‌နေသဘ‌လေးက “ဒီ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းက ဟိုတုန်းက မရှိဘူး။ ဒီ ၂ဝ၁၂‌နောက်ပိုင်း ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ရဲ့အတွင်းထဲမှာပဲ ဖြစ်လာတဲ့ ကိစ္စဖြစ် တယ်။ ဒါက ‌ပြောရမယ်ဆိုရင် ရည်ရွယ်ချက် ရှိရှိနဲ့ပဲ‌လေ။ တိုင်းရင်းသားနယ်‌မြေ‌တွေကို ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းသတ်မှတ်မယ်။ သတ်မှတ်ချိန်အတိုင်း မှတ်ပုံမတင်ရင် သူတို့က ဥပ‌ဒေအရ အ‌ရေးယူမယ်။ NCA သ ‌ဘောတူညီမှုနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ဒီဥပ‌ဒေကို မပယ်ဖျက်ရင် တဖက်နဲ့ တဖက်က ယုံကြည်မှု ထိခိုက် မယ်။ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကိုလည်း ထိခိုက်နိုင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစိုးရက အငြင်းပွားဖွယ်ရာ ‌မြေယာဥပ‌ဒေ ပြဌာန်းမှုသည် အဲန်စီ‌အေအရ ဒီမိုက‌ရေစီနှင့် ဖက် ဒရယ်စနစ်ကို အ‌ခြေခံသည့် နိုင်ငံတည်‌ဆောက်‌ရေးကို ‌ရှေးရှု‌သော ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ကောင် အ ထည်‌ဖော်မှုအတွက် ဝိဒါဒ ကွဲပြားမှုများဖြစ်‌ပေါ်‌စေ‌သော‌ကြောင့် ဥပ‌ဒေပြုလွှတ်‌တော်များအ‌နေဖြင့် အန်စီ ‌အေကို အ‌ခြေခံသည့် နိုင်ငံပြန်လည်တည်‌ဆောက်‌ရေးဆိုင်ရာ အ‌ခြေခံသည့် ဥပ‌ဒေများကို ပြဌာန်းရန် ‌တောင်းဆိုသည်ဟု ‌ကေအဲန်ယူ၏ သ‌ဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း၊ အစိုးရ၊ တပ်မ‌တော်တို့ကြား ၂ဝ၁၅ ခုနှစ်၊ ‌အောက် တိုဘာလ ၁၅ ရက်‌နေ့က သ‌ဘောတူ လက်မှတ်ထိုးထားသည့် အဲန်စီ‌အေ စာချုပ်၏ အခန်း ၃ အပိုဒ် (၉) ပါ အရပ်သား ကာကွယ်‌ပေးခြင်း (စ)အရ ‌ဒေသခံများ၏ ‌မြေယာများကို အဓမ္မသိမ်းပိုက်ခြင်းနှင့် လွှဲ‌ပြောင်းခြင်း များ မပြုလုပ်ရ ‌ဖော်ပြထားသည်။

ထို့အတူ အခန်း (၆) အပိုဒ် ၂၅ (က)တွင် စာချုပ်တွင် လက်မှတ်‌ရေးထိုးကြ‌သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများသည် မိမိတို့နှင့် သက်ဆိုင်ရာ အပစ်ရပ်နယ်‌မြေများအတွင်း ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် လုံခြုံ ‌ရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့အဖွဲ့အစည်း၏ အတိုင်းအတာအရ တာဝန်ယူ‌နေကြ‌သော အဖွဲ့အစည်း များဖြစ်ကြသည့် အား‌လျော်စွာ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ ကျင်းပအ‌ကောင် အ ထည်‌ဖော်‌နေသည့်ကာလအတွင်း ၎င်းနယ်‌မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး ‌ဆောင်ရွက်ရန် သ‌ဘောတူ သည်ဟု ‌ဖော်ပြထားသည်။

၎င်း‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း စီမံခန့်ခွဲမှု ဥပ‌ဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်‌နေ့တွင် ပြည်‌ထောင်စုလွှတ်‌တော်က အတည်ပြု ပြဌာန်းလိုက်ခြင်းဖြစ်ပြီး ဥပ‌ဒေ ပြဌာန်းပြီး ၆ လအတွင်း ယင်း‌မြေ ‌ပေါ်ရှိ စိုက်ပျိုးလုပ်ကိုင်သူများအ‌နေဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲ‌ရေး ‌ကော်မတီထံ ‌လျှောက်ထားရန် ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းစီမံခန့်ခွဲ‌ရေး ဗဟို‌ကော်မတီမှ ထုတ်ပြန်ထားမှုများလည်း ရှိသည်။

အဆိုပါ ဥပ‌ဒေအရ ထိုသို့‌လျှောက်ထား‌ဆောင်ရွက်ခြင်းမရှိပါက သို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲ‌ရေး‌ကော်မတီများထံမှ ခွင့်ပြုမိန့်မရရှိပါက ယင်း‌မြေလွတ်၊ ‌မြေလပ်နှင့်‌မြေရိုင်းများ ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်ဖြစ်‌ကြောင်း သိရှိရသည်။

“‌ခြောက်လအတွင်း လုပ်ရမယ်ဆို‌တော့ အဲဒါက တကယ့်ကို ကြပ်တဲ့ စည်းမျဉ်းစည်းကမ်း Law တစ်ခုဖြစ် တယ်‌ပေါ့‌နော်။ လုပ်လည်း မလုပ်သင့်ဘူး။ မှတ်ပုံတင် မလုပ်နိုင်ရင်အ‌ရေးယူခံရမယ်။ ‌ထောင်ချခံရနိုင်တယ်။ ဖယ်ရှားခံရနိုင်တယ်။ ဒါက အဓမ္မပုံစံမျိုးဖြစ်သွားတယ်။ ‌မြေလွတ်၊ ‌မြေလပ် ၊ ‌မြေရိုင်းသည် မြန်မာနိုင်ငံမှာ ရှင်းရှင်းလင်းလင်း ‌ပြောရရင် တိုင်းရင်းသားနယ်‌မြေမှာပဲ ရှိတယ်။ အဲဒါ‌ကြောင့် မလုပ်သင့်ဘူး‌ပေါ့‌လေ။”ဟု ပဒို‌စော‌နေသဘ‌လေးက မှတ်ချက်ပြုသည်။

၎င်းအပြင် ‌ကေအဲန်ယူသည် လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် တရားဝင် ‌ဆွေး‌နွေးပွဲများအတွင်း ပါဝင် မှုကို ရပ်ဆိုင်းထား‌သော်လည်း လတ်တ‌လော ပြဌာန်းလိုက်သည့် ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း စီမံခန့်ခွဲမှု ဥပ‌ဒေကို ပယ်ဖျက်နိုင်‌ရေးနှင့် ကရင်တစ်မျိုးသားလုံးလိုလားသည့် ‌မြေယာစီမံခန့်ခွဲမှု ဥပ‌ဒေတစ်ရပ်ထွက် ‌ပေါ်လာရန် မိမိတို့ချမှတ်ထား‌သော မူဝါဒနှင့်အညီ အဲန်စီ‌အေ လမ်း‌ကြောင်းအတိုင်း ဆက်လက် ညှိနှိုင်းအ‌ဖြေရှာသွားမည်ဟုလည်း ပဒို‌စော‌နေသ‌ဘေးက ဆက်‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် NCA လက်မှတ်ထိုးထားသည်။ ‌ကေအဲန်ယူ၏ ‌မြေယာ‌ပေါ်လစီတွင် ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းစီမံခန့်ခွဲမှုဟူ၍ မရှိဘဲ တစ်ဦးတစ်‌ယောက်ပိုင် ‌မြေ၊ ဘိုဘွားပိုင်‌မြေ၊ မိရိုးဖလာဓ‌လေ့ထုံးတမ်း ပိုင်‌မြေနှင့် အများပိုင်‌မြေ စီမံခန့်ခွဲမှု ဥပ‌ဒေသာရှိပြီး ယင်းဥပ‌ဒေကို ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဖြင့် သက်ဆိုင်ရာဌာနများမှ အ‌ကောင် အထည်‌ဖော် စီမံခန့်ခွဲအုပ်ချုပ်လျက်ရှိသည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။